Header Ads

ချစ်သူက ဖုန်းဆက်သောအခါ ...


" မောင် ကိုင်လေ မြန်မြန်ကိုင်လေ "

သူမက ကိုင်ခိုင်းလို့သာ ကျနော် ကိုင်လိုက်ရတယ်

" ရပီ မောင် "

" ဟင် "

နှစ်ယောက်သား အနီးကပ် ထိုင်နေကာ ဖုန်းခေါ်ပီး ကိုင်ခိုင်းနေသောကြောင့် ခန့်မင်းညို ဇဝေဝါဖြင့် ကိုင်လိုက် ရသည် ။ အခုချိန်ထိ ဒင်းရဲ့ အကြံကို မရိပ်မိသေး ။ ဒင်းရဲ့ လက်ထဲမှာလည်း stopwatch တလုံး

" ဒါ မောင် ရဲ့ ဖုန်းကိုင်တဲ့ စံချိန် "

" ဟင် "

" မ စံချိန်ယူထား လိုက်ပီနော် "

" ဟင် ၅ စက္ကန့် "

" ဟုတ်တယ်လေ မောင်ရဲ့
နောက်ဆို မ ဖုန်းဆက်ရင် ဖုန်းကိုင်တာကို အဲဒီအချိန်ထက် မနောက်ကျစေနဲ့ "

" ငှယ် အချိန်က မနည်းလွန်း ဘူးလား မ ရယ် "

" ဒါဆို ၅ စက္ကန့် အပိုပေးမယ် "

" ဟယ် ၅ စက္ကန့်ကြီး များတောင် "

" ဘာလဲ မလိုချင်ရင်လည်း မပေးတော့ဘူးနော် "

" လိုချင်ပါတယ် လိုချင်ပါတယ် မ ရယ် " ဟုသာ ကမန်းကတန်းဖြေ လိုက်ရသည်

တော်ကြာနေ ဒင်း စိတ်ပြောင်း သွားလို့ ၅ စက္ကန့်နဲ့ နှစ်ပါးသွားရရင် ဒုက္ခ

နောက်တနေ့
အိမ်မှာ ဧည့်သည်တွေ ရောက်လို့ အမေက ကြေးအိုး ဝယ်ခိုင်း လိုက်တာ.. ကျနော့ ဖုန်းကလည်း အမြဲတမ်း silence လုပ်ထားနေကျလေ

ကြေးအိုးဆိုင်က အပြန် လက်နှစ်ဖက်လုံးလည်း အိတ်ဆွဲနေရလို့ မအား

" ဗြည်း ...... ဗြည်း ...... "

" ဟင် ဒုက္ခ "

ကျနော့ဆီ ဖုန်းလာစရာ ဆိုလို့ မ ပဲ ရှိတာလေ

အာ့နဲ့

ရှေ့တည့်တည့်က လူတယောက် အလာ

" ဟေ့လူ ဟေ့လူ "

" ဘာလဲဗျ "

" ကျူပ် ဘောင်းဘီထဲကဟာ ထုတ်ပြီး ကိုင်ပေးစမ်းဘာ "

" ဟျောင့် မင်းငါ့ကို ဘာကောင် ထင်လို့ လဲ "

" မြန်မြန်လေးသာ ထုတ်ပီး ကိုင်ပေးစမ်း ဘာဗျာ "

" ဟေ့ကောင် ငါတင်းလာပီနော် "

" နောက်မှ တင်းပါဗျာ ခင်ဗျား ကိုင်ပေးမှ ကျော့ ကိစ္စက ပီးမှာ မလို့ပါ "

" ငါ one way ကွ "

" အေးပါဗျာ ကျော် လည်း one way ပါ.. အခုတော့ မြန်မြန်နှိုက်ပီး ကိုင်ပေးစမ်းဘာ " ဆိုပီး ဘောင်းဘီကို ရှေ့ကော့ပေး လိုက်တယ်

" ထှီ မင်းက ဒီ one way လား "

" ဟာာာာာာ ခင်ဗျား လုပ်တာနဲ့ ဖုန်းက ကျသွားပီဗျ "

" အစောထဲက ဖုန်းလို့ ပြောလိုက် ပါလားဟ "

" ၅ စက္ကန့်ကို တွေးပီး မေ့နေလို့ "

ဟိုလူကလည်း အူကြောင်ကြောင်ဖြင့် ဖုန်းထုတ်ပေး ရှာသည်

" ထွီ ထွီ " အသံနှင့် အတူ message နှစ်စောင် ဝင်လာတယ်

လက်ထဲက အိတ်တွေကို ဟိုလူ့ ခဏ ကိုင်ခိုင်းပြီး ဖတ်ကြည့် လိုက်တော့

ပထမ တစောင်က

( မ နဲ့ မောင် ၂၄ နာရီ ပြတ်ပီ )

ငင့် ဖုန်းမကိုင်မိတော့ တရက် ပြတ်တယ် ဆိုပဲ

နောက် တစောင်က

( ပြတ်လို့ ပျော်မနေနဲ့ )

" ဟယ် "

( မဟုတ်တာတွေ လုပ်ဖို့လည်း မစဉ်းစားနဲ့ )

" ဗျာ "

( entrance ၅ ခေါက် ဖြေရမယ် )

" ငင့် "

( ဖုန်း ၅ ခါ ကို ကြိုက်တဲ့ အချိန် ခေါ်မယ် မကိုင်မိရင် တစ်သက်လုံး ပြတ်ပီမှတ် )

" ဟင် "

ကျနော်လည်း ကြွပ်ကြွပ်အိတ် ဆွဲပြီး အိမ်ကို အမြန်ပြေး ဖုန်းစောင့်ရတယ် ။ ညဘက်တွေလည်း အိပ်ပျော်မှာ စိုးလို့ ဆိုပီး ရပ်ကွက်ကင်းကို ရပ်ကွက် ဥက္ကဌထံ တောင်းပီး စောင့်ဖြစ် လိုက်တယ် ။

ခန့်မင်းညို
PyeThant

No comments

Powered by Blogger.