Header Ads

သင့်ရဲ့ ချစ်သူ ဒါမှမဟုတ် သင့်ရဲ့ အိမ်ထောင်ဖက်မှာ နောက်တယောက် ရှိနေရင် သင် ဘာလုပ်မလဲ


ကျမကို ခဏတိုင်း လာလာမေးနေတဲ့ သူငယ်ချင်းတွေ အတွက် ကျမရဲ့ အဖြေ ကတော့ သူ့မှာ ကိုယ့်အပြင် တခြားတယောက် ရှိနေခဲ့ရင် ကျမ သူ့ကို ပါးလည်း မရိုက်ပါဘူး။ လက်သီးနဲ့လည်း မထိုးပါဘူး။ ဓါးနဲ့လည်း မထိုးပါဘူး ။ အလျော်လည်း မတောင်းပါဘူး ။ အရှက်လည်း လိုက်ပြီး မခွဲပါဘူး ။

လူတွေမှာရှိတဲ့ စိတ် ဆိုတဲ့ အရာဟာ ပြောင်းလဲမှု ဆိုတဲ့ သဘောတရား ရှိနိုင်ပါတယ် ။ ကိုယ်နဲ့ အရင် ချစ်ကြိုက်ခဲ့ ပေမဲ့ သူက နောက်တယောက်နဲ့ တယောက်ကို တယောက် အပြန်အလှန် တကယ်ချစ်ရင် ကျမဖက်က ကြည်ကြည်ဖြူဖြူ လမ်းခွဲပေး မှာပါ ။ မချစ်လို့ မဟုတ်ဘူးနော် ။ ကိုယ်ချစ်တဲ့ သူနဲ့ လက်တွဲချင် သလို ကိုယ့်ကိုတကယ် ချစ်တဲ့သူ နဲ့ပဲ လက်တွဲချင် လို့ပါ။

ဒေါသတော့ ထွက်ကြမှာပဲလေ ။ ဒါပေမဲ့ ဒေါသ ထွက်ပေမဲ့ မပေါက်ကွဲဘူး ။ စိတ်ရှည်ရှည်နဲ့ ရှင်းလင်းရမယ်လေ ။ အမှား လုပ်တဲ့ သူကို ပထမ အကြိမ် ခွင့်လွှတ်သင့်တယ်လို့ ယူဆတယ် ။ မှားတတ်တာ လူ့ သဘာဝမို့ပါ ။ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့ သူ့ကိုလည်း အချိန် ပေးမယ် ။ ကိုယ်က စပြီး မဖြတ်ဘူး ။ ဒါသူ့အတွက် နောက်ဆုံး အခွင့်အရေး ပေးခြင်းပေါ့ ။

သူ ကိုယ့်ကို ရွေးချယ်ခဲ့ရင်တော့ နောက်တခါ ထပ်မှားဖို့တော့ ကိုယ့်နှလုံးသားက လက်ခံမှာ မဟုတ်ဘူး။ အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ လူသားမို့ ကိုယ်လည်း ခံစားရ ပါတယ်။ အမှားတွေ အတွက် အကြိမ်ကြိမ် ရွေးချယ်ခွင့် ပေးရအောင် ကိုယ်က မရူးမိုက်ဘူးလေ ။

တခြားသူကို ရွေးချယ်ခဲ့ ရင်လည်း ကိုယ်က ကြည်ကြည်ဖြူဖြူပဲ လမ်းခွဲပေး လိုက်မယ် ။ ခွင့်လွှတ်သင့်ရင် ခွင့်လွှတ်မယ် ။ စွန့်လွှတ်သင့်ရင် စွန့်လွှတ်လိုက် ပါမယ် ။ အကြောင်းကတော့ ကိုယ်က ကိုယ်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တဲ့ မိန်းမသား တယောက်မို့ပါ။ ကိုယ်ချစ်တဲ့သူ ကိုယ့်ကိုချစ်တဲ့သူနဲ့ လက်တွဲဖို့ ထိုက်တန်တဲ့ သူ တယောက်လို့ ယုံကြည်လို့ ပါပဲ ။

Wai Thazin ( MDY )

No comments

Powered by Blogger.