မိန်းခလေးတွေရဲ့ အသက်အရွယ် အလိုက် စိတ်နေစိတ်ထား
မိန်းမ တွေဆိုတာ .....
အသက် 18 နဲ့ 22 ကြားမှာ အာဖရိကလို ပဲ ။
ကြမ်းတမ်းမှု တဝက် ၊ ဆန်းပြားမှုက တဝက်။
အရိုင်းပန်း ဆန်တယ် ။
ဒါပေမဲ့ သဘာဝ အလှတရား တွေလည်း ရှိတယ် ။
အသက် 23 နဲ့ 30 ကြားကတော့ ဥရောပနဲ့ တူတယ်။
အသိအမြင် ထွန်းကားပြီ ။ ပွင့်လင်းပြီ ။
တကယ့် တန်ဖိုးစစ် ဆိုတာကို ပိုင်ဆိုင် ကြပြီ ။
ဒါပေမဲ့ သိပ်တော့ မလတ်ဆတ် တော့ဘူး ။
လေကောင်း လေသန့်တွေ နည်းလာတယ် ။
အသက် 31 နဲ့ 35 ကြားက စပိန် နဲ့ တူတယ်။
အရမ်း ပူတယ် ။
ဒါပေမဲ့ အပန်းဖြေလို့ ကောင်းတယ်။
ကိုယ်ပိုင် အလှတရားတွေ ရှိတယ်။
အသက် 36 နဲ့ 40 ကြားက ဂရိ ။
ရွှေထီး ဆောင်းခဲ့တာ တွေကို ပြန်တမ်းတနေ ရပြီ ။
လက်ရှိ ဘဝ နဲ့ လက်ရှိ အလှကို လက်မခံချင်ကြ တော့ဘူး ။
အသက် 41 နဲ့ 55 ကြားက ဗြိတိန် ။
ကျက်သရေ ရှိတယ် ။
ရဲရင့်မှုတွေ နေရာမှာ တည်ငြိမ်မှုက
အစားထိုး ဝင်ရောက် လာပြီ ။
အသက် 56 နဲ့ 65 ကြားက အစ္စရေး လိုပဲ ။
အသက်ရှည်ရေး အတွက် သတိ တချက် မပြတ် ထားနေ ရတယ် ။
နှစ်ခါ အမှား မခံဘူး ။ ကြွေသွားမယ် ။ ဝေသွားမယ် ။
အသက် 65 နဲ့ အထက် ကတော့ တိဗက်လို ဖြစ်သွားပါပြီ ။
ရှင်သန်မှုဟာ နေဝင်ချိန် လိုပဲ ။
ဘယ်သူ့ကို မှလည်း မဆက်ဆံချင် တော့ဘူး ။
ဘယ်သူကမှ လည်း မိတ်ဆွေ လာမဖွဲ့ တော့ဘူး ။
ယောက်ျား ဆိုတာမျိုး ကတော့ .....
အသက် 1 နှစ် ကနေ 80 အထိ အီရန်ပဲ ။
တဇွတ်ထိုး ၊ တဇောက်ကန်း မူဝါဒ ။
Han Lin Khit
Post a Comment