Header Ads

ပြီးပြည့်စုံတဲ့ ချစ်သူ ဆိုတာ


သူက ပြီးပြည့်စုံတဲ့သူ မဟုတ်ဘူး သလို မင်းလည်း ပြီးပြည့်စုံ တဲ့သူ မဟုတ်ပါဘူး ။
ဟုတ်တယ် မင်းတို့ နှစ်ယောက်စလုံးက အရာရာတိုင်း ပြီးပြည့်စုံတဲ့ သူတွေ မဟုတ်ဘူး ။

ဒါပေမဲ့ ..... သူက မင်းကို တကြိမ် တခါထက် ရယ်မောစေ ခဲ့တာက မင်းကို နောက်ထပ် တကြိမ် စဉ်းစားရ စေခဲ့ရင် ..... သူဟာလည်း လူသား တယောက်သာမို့ အမှားတွေ လုပ်မိပါတယ် လို့ မင်းကို ဝန်ခံခဲ့ရင် ..... မင်း သူ့ကို ပွေ့ဖက်ထားပြီး မင်းရဲ့ အကောင်းဆုံး ဆိုတာတွေကို ပေးလိုက်ပါ ။

သူက မင်းအတွက် ကဗျာတွေ အမြဲ ရေးပေးနေမှာတော့ မဟုတ်ဘူး ၊ သူက မင်းအကြောင်းတွေပဲ အချိန်တိုင်း တွေးနေမှာလည်း မဟုတ်ဘူး ၊ ဒါပေမဲ့ ..... မင်း လွှတ်ချလိုက်ရင် ကွဲကြေနေရမယ့် သူ့ရဲ့ ဘဝအပိုင်းလေး တခုကို မင်းကို ပေးလိမ့်မယ် ။

သူ့ကို မနာကျင် ပါစေနဲ့ ၊ သူ့ကို မပြောင်းလဲပါနဲ့ ၊ သူ မင်းကို ပေးနိုင်တာထက် လည်း ပို မမျှော်လင့်မိ ပါစေနဲ့ ။ သူ့ရဲ့ အားနည်းချက်တွေကို မသုံးသပ် ပါနဲ့ ၊ သူ့ကြောင့် မင်း ပျော်ရွှင်ရတဲ့ အခါ ပြုံးပါ ၊ သူ့ကြောင့် မင်း စိတ်ဆိုးရတဲ့အခါ အော်ဟစ်လိုက်ပါ ၊ အနားမှာ သူ မရှိတဲ့ အခါ သူ့ကို လွမ်းပါ ။

အချစ်တွေ ရှိနေတုန်း အချိန်မှာ နှလုံးသား တခုလုံးနဲ့ ချစ်ပါ ။ ဘာလို့လဲ ဆိုတော့ ပြီးပြည့်စုံတဲ့သူ ဆိုတာ ဒီကမ္ဘာမှာ မရှိပါဘူး ။ ဒါပေမဲ့လည်း ..... မင်းအတွက် ပြီးပြည့်စုံတဲ့ လူတယောက် အဖြစ်နဲ့ သူက အမြဲ ရှိနေမှာပါ ။

Min Maung

No comments

Powered by Blogger.