ဒီလိုလူ နှစ်မျိုး
ဒီလိုလူနှစ်မျိုး ကို ကျနော် အလွန် လေးစားမိ ပါတယ် ။
အစဉ် မပြေစဉ် အခါက ယောကျာ်းနဲ့ အတူတူ ဒုက္ခခံ ပေါင်းသင်းနေတဲ့ ဇနီး နဲ့ ချမ်းသာလာတဲ့ အခါ ဇနီးကို သစ္စာရှိရှိနဲ့ ချစ်မြဲ ချစ်နေတဲ့ ခင်ပွန်း ဖြစ်ပါတယ် ။
ဒီလိုလူနှစ်မျိုး ကို ကျနော် ဝေးဝေးက ရှောင်ရှားလို ပါတယ် ။
အခွင့်အရေး ရရင် ရသလို လက်ဖြန့် တောင်းရမ်း တတ်တဲ့ သူ နဲ့ အခက်အခဲ ကြုံရင် အဝေးကို ရှောင်ပုန်းတတ်တဲ့ လူစားတွေ ဖြစ်ပါတယ် ။
ဒီလိုလူနှစ်မျိုး ကို ကျနော်က အပြည့်အ၀ လုံးဝ တာဝန် ယူ ပါတယ် ။
သူတို့ကတော့ ကျနော့ကို မွေးဖွား ခဲ့တဲ့သူ နဲ့ ကျနော့ကြောင့် မွေးဖွားလာ တဲ့သူ ဖြစ်ပါတယ် ။
ဒီလိုလူနှစ်မျိုး ကို ကျနော် လုံးဝ မဆက်ဆံလို ပါဘူး ။
သစ္စာတရား လုံးဝ မရှိတဲ့သူ နဲ့ အလုပ်လုပ်ရင် မရိုးသားတဲ့သူ ဖြစ်ပါတယ်။
ဒီလိုလူနှစ်မျိုးကို ကျနော် တန်ဖိုး ထားတယ်။
ကျနော့ကို ပိုက်ဆံ ချေးရဲတဲ့သူ နဲ့ ကျနော့ကို အမှန်အကန် သတိရတဲ့သူ ဖြစ်တယ်။
ဒီလိုလူနှစ်မျိုး ကို ကျနော်က အမြဲတမ်း သတိရနေမှာ ဖြစ်တယ် ။
တသက် မကွဲ ရွှေလက်တွဲမဲ့ ဘ၀ကြင်ဖေါ်နဲ့ အရေးကြုံတိုင်း ရှေ့ထွက် ကာကွယ်ပေးတဲ့ သူငယ်ချင်းများ ဖြစ်ကြတယ် ။
Aung Ko Latt
Post a Comment