သင့်ကို မွေးဖွားခဲ့တဲ့သူ နှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားရင်
တနေ့နေ့ တချိန်တချိန် မင်းကို မွေးဖွားပေး ခဲ့တဲ့ လူနှစ်ယောက်ဟာ လောကကြီးထဲကနေ ထွက်ခွာသွားပြီ ဆိုရင် ...
(1) ဒီလောကကြီးထဲမှာ မင်းနဲ့  သွေးချင်း အရင်းနှီးဆုံး လူနှစ်ယောက် မရှိတော့ဘူး လို့ နားလည်ပါ ။ ဒါကြောင့် မိဘတွ ရှိတုန်းမှာ ကောင်းကောင်း မွန်မွန် ဆက်ဆံပါ ။ မင်းရဲ့ မိဘတွေကို မင်းအတွက် စိတ်မပူပါစေနဲ့ ။ မိဘတွေ လိုချင်တာက သားသမီးတွေ ဆီက ပိုက်ဆံ ထက် သားသမီးတွေရဲ့ အဖော်ပြုပေး မှု ပါပဲ ။ဘာကြောင့်လဲ ဆိုတော့ သားသမီးတွေ ဆိုတာ မိဘ တွေရဲ့ နှလုံးသည်းပွတ် ဖြစ်နေလို့ ပါပဲ ။
(2) ဒီလောကကြီးမှာ မင်းကို စိတ်ရင်း စေတနာ ၊ နွေးထွေးတဲ့ အကြင်နာ နဲ့ ယုယစွာ ချစ်မဲ့သူ နှစ်ယောက် ဆုံးရှုံးသွားပြီလို့ နားလည်ပါ ။ ဘယ်အဖေအမေ ကမှ သူတို့ရဲ့ အုတ်ဂူရှေ့မှာ ကိုယ့်သားသမီးတွေ လာ ပူဆွေးနေတာကို ကြည့်ရက်မှာ မဟုတ်ပါဘူး ။ ဒါကြောင့် အချိန်ရပြီ ဆိုတာနဲ့ အိမ်ကို ပြန်ပြီး မိဘတွေနဲ့ တွေ့ပါ ။ ကိုယ့်အိမ် မဟုတ်တဲ့ စားသောက်ဆိုင်တွေ ဘားတွေ ပျော်ပွဲစား ရုံတွေမှာ အချိန်ကုန်နေမဲ့ အစား မိဘရဲ့ အရိပ် ၊ မိဘရဲ့ ရင်ခွင်မှာ ပျော်ရွှင်ပါ ။ ဘာကြောင့်လဲ ဆိုတော့ မိဘတွေ ဆိုတာ သားသမီးတွေ ပြန်လာမှာကို မျှော်လင့်နေတတ် လို့ ပါပဲ ။
(3) ဒီလောကကြီးမှာ မင်း ထမင်း မစားချင်တဲ့ အခါ ဂရုတစိုက် ကျွေးမွေးမဲ့သူ နှစ်ယောက် မရှိတော့ဘူး လို့ နားလည်ပါ ။ ဒါကြောင့် အပြင်မှာ ဘယ်လောက် အလုပ်များနေနေ အိမ်ပြန်ပီး မိဘတွေနဲ့ အတူတူ ထမင်းလက်ဆုံ စားပါ ။ ဘာကြောင့်လဲ ဆိုတော့ မိဘတွေ မရှိတော့မှ သူတို့နဲ့ အတူတူ ထမင်းစားချင်လို့ မရနိုင်တော့လို့ ပါ ။
(4) ဒီလောကကြီးထဲမှာ မင်းကို နေရေကောင်းရဲ့လား ၊ အလုပ်အကိုင် အဆင်ပြေရဲ့လား ၊ ပိန်သွားလား ၊ ၀ နေလား ဆိုပြီး ဂရုစိုက်မဲ့သူ နှစ်ယောက် မရှိနိုင်တော့ဘူးလို့ နားလည်ပါ ။ တကယ်တော့ လူတယောက်ကို ဂရုစိုက်ရတယ် ဆိုတာ အပင်ပန်းဆုံး အလုပ်တခု ပါပဲ ။ တော်ရုံလူက မင်းကို အမြဲ ဂရုစိုက်နေဖို့ ဆိုတာ မလွယ်ပါဘူး ။ ဒါကြောင့် မိဘတွေ နေမကောင်းတဲ့အခါ သူတို့ကို အထူး ဂရုစိုက်ပါ ။ အဝေးကို ရောက်နေခဲ့ရင်လည်း မိဘတွေနဲ့ အမြဲ ဖုန်းဆက်သွယ်ပါ ။ ကိုယ့်ရဲ့ အခြေအနေကို ပြောပြသလို မိဘတွေရဲ့ ကျန်းမာရေးကိုလည်း အလေးထားပါ ။ ဘာလို့လဲ ဆိုတော့ သူတို့ နာမကျန်းတဲ့အခါ အတမ်းတဆုံးက မင်းဆီက မေတ္တာဖြစ်နေလို့ ပါပဲ ။
(5) ဒီလောကကြီးမှာ မင်းကို အဆုံးအစ မရှိ မေတ္တာ အနန္တနဲ့ ချစ်နိုင်မဲ့ သူနှစ်ယောက် ဆုံးရှုံးသွားပီလို့ နားလည်ပါ ။ ဒါကြောင့် မိဘတွေကို စိတ်မထိခိုက်ပါစေနဲ့ ။ မိဘတွေ ရှိတုန်းမှာ ပျော်ရွှင်မှု များများပေးပါ ။ မင်းမှာ အချိန်မရှိဘူးလို့ စောဒက မတက်ပါနဲ့ ။ အလုပ် အရမ်းများတယ်လို့ ။ မညည်းတွားပါနဲ့ ။ ကိုယ့်ရဲ့ အချိန်တွေကို တခြားသူတွေ ဆီမှာ အချည်းနှီး အချိန်မကုန်ပါစေနဲ့ ။ မိဘတွေရဲ့ ရင်ထဲမှာ သင့်တစ်ယောက်ပဲ ရှိတယ်ဆိုတာ မှတ်ထားပေးပါ ။ သူငယ်ချင်း ဆုံးရှုံးသွားရင် ပြန်ရှာလို့ ရတယ် ။ အလုပ်မရှိတော့ရင် အလုပ် အသစ်ရှာလို့ရတယ် ။ ယုတ်စွ အဆုံး နှလုံးသား တခု ဆုံးရှုံးသွားရင်တောင် ပြန်အစားထိုးလို့ ရပါတယ် ။ ဒါပေမဲ့ မိဘတွေ မရှိတော့ဘူးဆိုရင်တော့ ဘယ်အရာနဲ့ မှ အစားထိုး လို့ရမှာ မဟုတ်တော့ ပါဘူး ။
မိဘကျေးဇူး မြင့်မိုရ်ဦး
Post a Comment