ခွင့်လွှတ်နိုင်ဖို့ထက် စွန့်လွှတ်ဖို့ ကြိုးစားပါ
မိန်းမ တယောက်ဟာ တည်ငြိမ် ရင့်ကျက်ခြင်း ဆိုတာကို ရဖို့ အတွက် ဘယ်လောက်တောင် ရင်းနှီး ပေးဆပ် ခဲ့ရတယ် ထင်သလဲ ။ နာကျင်မှုတွေနဲ့ အထီးကျန်မှုတွေ စတဲ့ ခံစားမှုပေါင်း မြောက်များစွာ ပေးဆပ်ခဲ့ ရတယ် ။
တည်ငြိမ် ရင့်ကျက် သွားတဲ့ မိန်းမတွေရဲ့ နောက်ကွယ်မှာ သင်ခန်းစာ ပေးသွားတဲ့ ယောက်ျားဆိုးတွေ ရှိတတ်ကြတယ် ။
မိန်းမတွေက သည်းခံနိုင်ကြတယ် ၊ ခွင့်လွှတ် ပေးတတ်ကြ ပါတယ် ။ ဒါပေမယ့် သူတို့လည်း လူပဲလေ ။ အသက်မဲ့နေတဲ့ ကျောက်တုံးတောင်မှ တွန်းတိုက်ပါများရင် ရွေ့သွားတတ်တာပဲ ။
ခွင့်လွတ်နိုင်တဲ့ အတိုင်းတာထက် ကျော်လွန်လာ ရင်တော့ စိတ်နာသွားတတ် ကြတယ် ။ အဲ့လို မိန်းခလေးတွေက စိတ်နာသွားရင် တချက်တောင် ပြန်လှည့် မကြည့်ပဲ သေသွားပြီ လို့သာ သက်မှတ်တတ်ကြတဲ့ မိန်းမးမျိုးပေါ့ ။
အရှက်သိက္ခာ ရှိကြတဲ့ မိန်းမတိုင်းက ဘယ်ယောက်ျား ကိုမှ မလှည့်စားတတ်ဘူး ။ သူ့ရဲ့ ချစ်သူအပေါ် အပြည့်အ၀ ယုံကြည်သလို နားလည်မှု ပေးတတ်ကြတာလည်း အဲ့လို မိန်းမတွေ ပါပဲ ။
အဲ့လိုပဲ သိက္ခာ ရှိတဲ့ယောက်ျားတိုင်းကလည်း ဘယ်မိန်းမသားကိုမှ လိမ်ညာ လှည့်စားမှာ မဟုတ်ပါဘူး ။ ဒါကြောင့်မို့ လိမ်ညာနေတဲ့ လူတယောက်ကို အမြဲတမ်း ခွင့်လွှတ်ဖို့ပဲ တွေးမနေ ပါနဲ့တော့ ။
စွန့်လွှတ်ဖို့လည်း ကြိုးစားကြည့်လိုက်ပါ ။ ဒီလိုဆိုရင် ကိုယ့်ဘဝထဲကို ပျော်ရွှင်ခြင်းတွေ အလု အယက် ဝင်လာလိမ့်မယ် ။ ကိုယ့်ဘက်က ပြတ်သားမှု မရှိရင်တော့ ကိုယ်ပဲ နာကျင်ရ လိမ့်မယ် ။
တကယ်တမ်းတော့ တယောက်ထဲ နေရတယ် ဆိုတာ အထီးကျန် ဆန်တာက လွဲလို့ အရာ အားလုံးက အပူအပင် ကင်းစွာနဲ့ အေးချမ်းပြီး အဆင်ပြေနေ ပါတယ် ။
မကောင်းတဲ့ သူတွေနဲ့ အတူ နေရတာထက် စာရင်တော့ တယောက်ထဲ နေရတာက ပိုပြီးတော့ အေးချမ်းပါတယ် ။
MayHsu
Post a Comment