Header Ads

Aငြိမ်းဖြူရဲ့ လမ်းခွဲလိုက်ပီ ဆိုတဲ့ပို့စ်ကို တုန့်ပြန်လိုက်တဲ့ ရဲရင့်အောင်


သရုပ်ဆောင်တဲ့ အပိုင်းမှာရော အကပိုင်းမှာပါ ထူးချွန်သူလေး တစ်ဦးဖြစ်တဲ့ အေငြိမ်းဖြူကတော့ အသံဇာတ်လမ်းတွဲ လေးတွေနဲ့ ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိခဲ့သူလေးပဲ ဖြစ်ပါတယ်။ အဘက်ဘက်က ပီးပြည့်စုံတဲ့ မင်းသမီးချောလေး အေငြိမ်းဖြူကတော့ အချစ်ရေးမှာလည်း ချစ်သူရဲ့ သဲသဲလှုပ်ချစ်ခြင်းကိုခံထားရတဲ့ ကံကောင်းသူလေးတစ်ဦးပါ။



ဒါပေမယ့် သူမရဲ့ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာ အေငြိမ်းဖြူက “ We Broke Up ” ဆိုပြီး  ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ အားလုံးက စိုးရိမ်နေကြပေမယ့် ရဲရင့်အောင်ကတော့ ချစ်သူလေးရဲ့ ပိုစ့်အောက်မှာ “ ကစားချင်ရင် အရုပ်ဝယ်ထား အချိန် လာမဖြုန်းနဲ့ ” ဆိုပြီး ပြန်လည် ပြောဆိုထားတာကို တွေ့ရတာကြောင့် သူတို့ရဲ့ အချစ်ရေးက ပြေလည်နေဆဲလား ဆိုတာ ဝေခွဲမရဖြစ်လို့ နေပါတယ်နော်။




ရဲရင့်အောင် ​က​တော့ ချစ်​ရသူ​လေးကို My Queen ဆိုပြီး အမြဲလိုလို တင်​စားပြီး တယုတယနဲ့ ချစ်​တတ်​သူတစ်​ဦးပဲ ဖြစ်​ပါတယ်​။ လိုက်​ဖက်​ညီတဲ့ ချစ်​စရာ စုံတွဲ​လေး အမြဲလိုလို စိတ်​​ကောက်​ တတ်​​ပေမယ့်​လည်း တစ်​ဦးနဲ့တစ်​ဦး စစ်​မှန်​တဲ့ ချစ်​ခြင်း​မေတ္တာ​ကြောင့် အချိန်တို​လေး​ တစ်​ခုအတွင်း ​ပြေလည်​သွား​လေ့ ရှိပါတယ်​​။




ချစ်တဲ့ ​ပရိသတ်​​တွေလည်း ရဲရင့်အောင်​နဲ့ ​အေငြိမ်းဖြူတို့ ချစ်​သူနှစ်​ဦး အချစ်​​ရေး သာယာပြီး ထာဝရ ​ပျော်​ရွှင်​စွာ ​လက်​တွဲသွားနိုင်​ပါ​စေ လို့ ဆု​တောင်း​ပေးလိုက်​ပါဦး​နော်​။



Myint Myat
Source - A Nyein Phyu’s Fb

No comments

Powered by Blogger.