သမီးလေး ဖတ်ဖို့စာ
သမီးလေးရေ .....
သမီးလေး ကိုယ့်ကိုယ်ကို ငါတော်တယ် ငါ တတ်တယ် ဆိုပြီးလည်း သူများ တဖက်သားကို အရမ်းကြီး အထင်မသေး လိုက်ပါနဲ့ ။
တချို့တတွေက အဆန် ပြည့်သူတွေမို့ ဘာမှ တုန့်ပြန်မှာ မဟုတ်ဘူး ။
ဝတ်တာ စားတာက စုတ်ပြတ်သတ် နေလို့လဲ သူဆင်းရဲ ဆိုပြီး မထင်လိုက်နဲ့ ။
တစ်ချို့က ပကာသန ဟန်ဆောင်မှု ကင်းကင်း ပကာသန ရှင်းရှင်း နေတတ် ကြတယ် ။
နားဝင် ချိုသာတဲ့ ပြောစကားတွေ နဲ့ နှစ်လိုဖွယ် အပြုံးတွေ အပေါ် ကြည့်ပြီးတော့လည်း ခင်မင်စရာ သိပ်ကောင်းတယ် သိပ်သဘော ကောင်းတယ် လို့လဲ တပ်အပ် ဆွဲမယူ လိုက်နဲ့ ။ လူ့အကြောင်း ဆိုတာ ပေါင်းကြည့်မှမှ သိတာ မို့ပါ ။
သမီးရဲ့ ဘဝတလျှောက်မှာ လူအမျိုးမျိုးနဲ့ တွေ့ရလိမ့်မယ် ။ သေချာတာ တခု ကတော့ အတ္တ သမားတွေ များတာမို့ သူ့အလို မလိုက်ရင် သမီးကို ရှောင်ဖယ် သွားကြမယ် ။
သမီးကို အပုပ်ချ မကောင်းပြောကြလိမ့် မယ် ။ အစစ အရာရာကို သတိထားပါ သမီး ။ ဘယ်သူ့ကိုမှ ပုံပြီး မယုံ လိုက်ပါနဲ့ ။
သမီးရဲ့ ချစ်သော ဒယ်ဒီ
Dr Shwe Tun
Post a Comment