မိန်းမ နှစ်မျိုး ရှိပါတယ်
တချို့ မိန်းမတွေက စိတ်ထားလှဖို့ အတွက် စာဖတ်နေတယ်
တချို့ မိန်းမတွေက ယောက်ျားတွေရဲ့ အကြည့် ခံပြီး အလှပြနေ ချိန်မှာ
တချို့ မိန်းမတွေက ယောက်ျားတွေနဲ့ ရင်ဘောင် တန်းပြီး အလုပ် လုပ်ပြနေတယ်
တချို့ မိန်းမတွေက မဖော်ပြသင့်တဲ့ အရာတွေကို မိုက်မဲစွာ လှစ်ဟပြနေ ချိန်မှာ
တချို့ မိန်းမတွေက ဖော်ပြသင့်တဲ့ ပညာရပ်တွေကို သတ္တိရှိစွာ ဖွင့်ဟ ပြနေတယ်
တချို့ မိန်းမတွေက မိဘကို မီးလို အပူပေးနေ ပေမယ့်
တချို့ မိန်းမတွေက မိဘကို ထီးလို အရိပ် မိုးပေးနေတယ်
တချို့ မိန်းမတွေက လောကီ စည်းစိမ် ဥစ္စာတွေကိုသာ စုဆောင်း တတ်ကြ ပေမယ့်
တချို့ မိန်းမတွေက လောကီ ၊ လောကုတ္တရာ နှစ်ဖြာသော စည်းစိမ်ဥစ္စာ တို့ကို လိမ္မာပါးနပ်စွာ စုဆောင်းတတ်ကြတယ်
ဤသို့ဖြင့်
တချို့ မိန်းမတွေက အသက် ကြီးလာတာနဲ့ အမျှ စိတ်ဆင်းရဲမှုတွေ ကြီးမားလာခဲ့ကြပြီး
တချို့ မိန်းမတွေက အသက် ကြီးလာတာနဲ့ အမျှ စိတ်ချမ်းသာမှုတွေ ကြီးမား လာခဲ့ကြ တော့သည် ... ။
U Toe Aung
Post a Comment