ဒီလိုမျိုး ချစ်သူပဲ လိုချင်ပါတယ်
1) ကိုယ့်ရဲ့ ဖိနပ် ပျက်သွားလို့ ဖိနပ်တရံ အမြန် ပြေးဝယ်ပေးတာ ထက် သူ့ဖိနပ်ကို ပေးစီးပြီး အတူတူ ဖိနပ်သွားဝယ်မယ့် လူမျိုး
2) ကိုယ့်ကို အမြဲတမ်း သတိရနေတယ် ဆိုတာထက် သူ့ရဲ့ စိတ်က အမြဲတမ်း ကိုယ့်အနားမှာ ရှိနေမယ့် လူမျိုး
3) ကိုယ်နဲ့ တနေ့ ဖုန်းမပြောရရင် မနေနိုင်တဲ့ လူမျိုး
4) ကိုယ်က အဝေး တနေရာ ရောက်နေပေမဲ့လည်း ကိုယ့်အပေါ် သစ္စာစောင့် သိပြီး ပြန်လာချိန်ကို ဆီးကြိုမဲ့ လူမျိုး
5) ကိုယ်က အမှားတခု လုပ်မိတိုင်း နင့်အမှားလို့ မပြောပဲ ဒီအမှားကို နောင်မဖြစ်အောင် ပြုပြင်ပေးနိုမဲ့ လူမျိုး
6) ဒေါသဖြစ်တဲ့အခါ ရိုင်းစိုင်းတဲ့ စကားလုံးတွေ မပြောပဲ ငါ့ချစ်သူ စိတ်မကောင်း ဖြစ်မလားလို့ စိုးရိမ်တတ်တဲ့ ချစ်သူမျိုး
7) ကိုယ် မကြိုက်တဲ့ အရာတွေကို ရှောင်ကျဉ် နေထိုင်တတ်တဲ့ လူမျိုး
8) ကိုယ် ပြောသမျှ နားထောင် ပေးပြီး ကိုယ့်ကို မျက်စိအောက်က အပျောက်မခံအောင် ချစ်တဲ့ သူမျိုး
9) ကိုယ် စိတ်ညစ်တဲ့ အခါ အနားမှာ အားပေးတတ်တဲ့ ချစ်သူမျိုး
10) အမှားတခု လုပ် ထားပြီး သူများပေါ် ပုံမချ တတ်တဲ့ ချစ်သူမျိုး
11) ဘယ်နေရာသွားသွား ကိုယ့်လက်ကို တွဲပြီး အများရှေ့မှာ ရဲရဲဝံ့ဝံ့ ချစ်ပြနိုင်တဲ့ ချစ်သူမျိုး
12) ကိုယ့်မျက်နှာကို တချက် အညိုးမခံပဲ ဘာဖြစ်လဲ ဘာလိုလဲ သိတဲ့ ချစ်သူမျိုး
13) ချစ်သူကို လိမ်မပြောတဲ့ သူမျိုး
အဲ့လို ချစ်သူမျိုး ဒီကမ္ဘာမှာ မရှိပါဘူး ။ ရှိရင်လည်း သေလောက်ပြီ ။ အဲ့လိုလူကို မျှော်ရင်း ကျမလည်း အဘွားကြီးဖြစ် နေပါပြီ ။
ပန်းရောင်ယုန်မလေး
Post a Comment