ရော်နယ်ဒိုကို ဘာ့ကြောင့် အရမ်းကြိုက်ရတာလဲ ...
လူတော်တော် များများ ကတော့ သူ့ကို မကြိုက်ကြဘူး ။ သူ့ကို မကြိုက်တဲ့ အကြောင်းအရင်း ကလည်း များများ စားစားတော့ မရှိပါဘူး ။ အဓိက က မက်ဆီနဲ့ ခေတ်တူမွေးဖွားလာလို့ မကြိုက်တာ အဲဒီ မကြိုက်တာကနေ ဂုဏ်မောက်တယ်၊ အကျင့် မကောင်းဘူး ဘာညာ ပုံကြီးချဲ့ထွင်ပြီးတော့ကို မကြိုက်ကြဘူး ဖြစ်ကုန်ရော ။
ကျနော် ကတော့ သူ့ကို မက်ဆီထက် ပိုကြိုက်တယ် ။ မက်ဆီက ဘုရားပေးတဲ့ ခြေထောက် ပိုင်ရှင် ၊ ပါရမီရှင် ၊ နဂိုကတည်းက talent အခံ ရှိပြီးသား ကစားသမား ။ ရော်နယ်ဒိုကတော့ အဲ့လိုမဟုတ်ဘူး ။ သူက အမြဲကြိုးစားနေတဲ့သူ၊ လေ့ကျင့်သူ ၊ perfect ဖြစ်အောင် ကျင့်ကြံသူ ။
သူ့ကိုယ်သူ အကောင်းဆုံးဖြစ်အောင် တည်ဆောက်ပြီး အတားအဆီးဖြစ်စေမယ့် အရာမှန်သမျှ ရှောင်ရှားတဲ့သူ ။ ဆေးလိပ်နဲ့ အရက်တောင် မသောက်ဘူးဆိုဘဲ ။ တကယ်တော့ ကျနော်တို့ ခင်ဗျားတို့ဟာ မက်ဆီလို ဖြစ်လာဖို့ မျှော်လင့်နေရင်တော့ ဒါ မဖြစ်နိုင်တာကို မျှော်လင့်ခြင်း သက်သက်ပဲ ။ ခြေတစ်ချောင်းထဲ ရှိသူက ခြေနှစ်ချောင်း ရှိသူကို တုပပြီး ပြိုင်ပြေးချင်တဲ့ စိတ်ကူးလိုဘဲ ။
ဒါပေမယ့် ရော်နယ်ဒိုလို ကတော့ ခြေလက်အင်္ဂါ စုံတဲ့ လူသားတိုင်း ဖြစ်နိုင်တယ် ။ ဖြစ်ခွင့်လည်း ရှိတယ် ။ ဇွဲနဲ့ ဝီရိယသာ ရှိရင် ရတယ် ။ ဒါပေမယ့် ဘယ်သူမှ သူ့လောက် အားမထုတ်လို့ မရောက်တာပဲ ရှိတာ ။ ကိုယ့်ကိုယ်ကို motivate လုပ်ရင် မက်ဆီကိုကြည့် motivate လုပ်တာထက် ရော်နယ်ဒို ကြည့်ပြီး motivate လုပ်တာက အမှန်နဲ့ ပိုနီးစပ်တယ်လေ ။
ဒါကြောင့်လည်း ကျနော်က ရော်နယ်ဒိုကို ပိုကြိုက်တယ် ( မက်ဆီကို မကြိုက်ဘူး မဆိုလိုဘူးနော် ) ။ မနေ့ကဆို အသက်က ၃၀ ကျော်နေပေမယ့် သူက လွဲပြီး ကျန်ကစားသမားတွေ သာမှန် ခြေလောက်ပဲ ရှိတဲ့ ပေါ်တူဂီ အသင်းကို ရအောင် ဦးဆောင်တယ် ။ ကျနော်သာ သူဖြစ်လို့ကတော့ အဲ့လောက် ညံ့ဖျင်းတဲ့ ပေါ်တူဂီ ဖြစ်ချင်တာ ဖြစ်ဆိုပြီး အနားယူရင် ယူလိုက်မှာ ။
သူ့ရဲ့ အသက်က ၃၃ ။ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်နေသူ အနေနဲ့ ဒီလို အသင်းအတွက် ဆက်ကန်နေလည်း နာမယ် ပျက်ယုံဘဲလေ ။ ဒါပေမယ့် ရော်နယ်ဒိုကတော့ ရအောင် ဦးဆောင်တယ် ။ ဟိုလူ ညံ့တယ် ဒီလူ ညံ့တယ် လုပ်မနေဘဲ ကိုယ်လုပ်စရာ ရှိတာကို လုပ်တယ် ။ ရလာဒ် ကတော့ စပိန်ဖက်က ၃ ဂိုး သွင်းပေမယ့် သူတယောက်ထဲ ၃ ဂိုး လိုက်သွင်းပြီး သူ့မိခင်နိုင်ငံ အသင်း ကို မရမက ကယ်တင်လိုက် နိုင်တယ် ။
ရီးရဲလ်မက်ဒရစ်လို ပြီးပြည့်စုံတဲ့ ကလပ်အသင်းနဲ့ မတူတဲ့ အားနည်းချက် များစွာ ရှိတဲ့ နိုင်ငံအသင်းကို ပုခုံးပေါ် တင်ပြီး စပိန် ဘီလူး ဆီက အမှတ် ဗလာနဲ့ မရှုံးရအောင် ၃၃ နှစ်သားကြီးက ရှိသမျှ အားကုန်ထုတ်သုံးပြီး ရုန်းသွားတာ လေးစားစရာပါ ။
ဒါပေမဲ့ အားလုံးက မဖြစ်နိုင်ဘူး လို့ ထင်လေလေ သူကတော့ ပိုကြိုးစားပြ လေလေ ပါပဲ ။ ဖိအားအောက် ရောက်လေလေ အကောင်းဆုံး ဖောက်ထွက်ပြလေလေဘဲ ။ ပြသနာတိုင်းကို ကြိုးစားမှုနဲ့ဘဲ ဖြေရှင်းတယ် ကြိုးစားမှုနဲ့ တော်လှန်တယ် ။ ဒါကြောင့် ရော်နယ်ဒိုကို ကြိုက်တာ ။ သူ့ဘာသာ မန်ယူကပဲ လာလာ ရီးရဲလ်ကပဲ လာလာ အရှုံးမပေးတဲ့ စိတ်ဓာတ်ကြောင့်ကို ကြိုက်တာ ။ သူက ဘောလုံးသမားတွေ အတွက်တင် မကဘူး လူသား အားလုံးအတွက် ပြယုဂ်တခု ပါ ။
Chan Myae Aung
Post a Comment