Header Ads

တနဂၤေႏြ သားသမီးမ်ားအတြက္ ဒီတစ္ပတ္ ေဆာင္ရန္ ေရွာင္ရန္ (July 22 မွ 28 ထိ)


(For Zawgyi)

ဒီတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ တနလၤာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္ရြက္ပါ။ ယခု ရက္ပိုင္းအတြင္း ျပႆနာေတြ မ်ားေနတတ္လို႔ သင္စိတ္ရႈပ္ရတဲ့ အခ်ိန္အခါပါ။

ဒီရက္ပိုင္း ေျပာတဲ့စကား အရာမေရာက္ ျဖစ္တတ္သလို ျပႆနာေဟာင္းေတြ၊ ေရာဂါေဟာင္းေတြ ျပန္ေပၚတတ္ပါတယ္။ ဒါေပမယ့္ ဆံုးရံႈးခဲ့တဲ့ အခြင့္အေရးေတြ၊ ေငြေတြ ျပန္ရမယ့္ အခ်ိန္ ျဖစ္ပါတယ္။

ဒီကာလမွာ ေရႊအထည္ ေငြထည္ အေဟာင္းေတြ ဝင္လာတတ္လို႔ ဝင္လာရင္ သင့္အတြက္ ကံမေကာင္းေစတဲ့အတြက္ လက္မခံသင့္ပါဘူး။ ထြက္သြားတဲ့ ေငြေတြ ျပန္ဝင္လာဖို႔ ရွိေနပါတယ္။ ခရီးကံ ေကာင္းေနလုိ႔ သြားဖို႔ စီစဥ္ထားသမွ် ျဖစ္လာမွာ ျဖစ္သလုိ မေမွ်ာ္လင့္ထားတဲ့ ဘာသာေရး ခရီးေတြလည္း သြားရတတ္ပါတယ္။

ဒီကာလမွာ အိမ္ျခံေျမ သမားေတြ၊ ေဆာက္လုပ္ေရး သမားေတြ၊ ခရီးသြား လုပ္ငန္းရွင္ေတြအတြက္ အဆင္ေျပမယ့္ အခ်ိန္ကာလ ေရာက္ေနသလုိ ေရထြက္ကုန္ လုပ္ကုိင္သူေတြ လုပ္ငန္းေကာင္းမယ့္ အခ်ိန္ ျဖစ္ေနပါတယ္။ စပ္တူကိစၥေတြ၊ စာခ်ဳပ္နဲ႔ လုပ္ရတဲ့ လုပ္ငန္းေတြ ေရွာင္ပါဦး။

က်န္းမာေရး ကေတာ့ အစားစားခ်ိန္ မမွန္တာကို အထူး ဂရုစိုက္ သင့္ပါတယ္။ ပညာေရးကံကေတာ့ ဒီကာလမွာ ေကာင္းေနၿပီး လုပ္ငန္းခြင္အတြင္း ရာထူးတုိး စာေမးပြဲ ေျဖထားသူေတြ ကံ့ေကာ္ပန္း တစ္ပြင့္ေလာက္ အၿမဲ ေဆာင္ထားသင့္ပါတယ္။

အိမ္ေထာင္ရွင္မ်ား ဒီရက္ပုိင္းမွာ သတင္းေကာင္းေတြနဲ႔ စီးပြားေရး၊ လူမႈေရးမွာ ထင္သေလာက္ ခရီးလမ္း ေပါက္ေနေပမယ့္ ခ်စ္သူေတြကေတာ့ ဘာလုပ္လုပ္ အဆင္မေျပ ျဖစ္တတ္ပါတယ္။

ေငြေၾကး အက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ေနအိမ္ရွိ ဘုရားအား ယခု ရက္သတၱပတ္ တစ္ခုလံုး ကံ့ေကာ္ပန္းျဖင့္ ပူေဇာ္ကာ လိုရာ ဆုေတာင္းပါ။

ျပည္ပ ထြက္ခြာလိုသူမ်ား ။ ။ ရပ္ကြက္ထဲရွိ ေခြးေလေခြးလြင့္မ်ား အိပ္တတ္သည့္ ေနရာတြင္ အခင္း တစ္ခုခု ခ်ထားေပးပါ။

အလုပ္ရရွိရန္ အခက္အခဲ ျဖစ္ေနသူမ်ား ။ ။ ေနအိမ္ရွိ ဘုရားတြင္ ကံ့ေကာ္ညႊန္႔ႏွင့္ ေအာင္သေျပညႊန္႔ကုိ ၉ ညႊန္႔စီ ပန္းအုိးတစ္ခုျဖင့္ ကပ္လွဴကာ ေလွ်ာက္ထားသည့္ အလုပ္ကုိ အာရံုျပဳ ဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ ႏွလံုးသားေရး အဆင္မေျပသူမ်ား ။ ။ နံနက္မိုးလင္းႏွင့္ ညအိပ္ရာ၀င္တုိင္း အိမ္ေထာင္ဘက္/ ခ်စ္သူကုိ စိတ္ညႊတ္ကာ ေမတၱာသုတ္ ရြတ္ဆိုေပးပါ။

လူမႈေရး အတိုက္အခံ မ်ားသူမ်ား ။ ။ ေန႔စဥ္ ေနအိမ္မွ မထြက္မီ မိမိ ခႏၶာကုိယ္ကုိ အ၀န္း၀ုိင္းအာရုံျပဳ၍ စည္းတားကာ အရဟံဂုဏ္ေတာ္ ၉ ေခါက္ ရြတ္ဆိုၿပီးမွ ထြက္ပါ။

က်န္းမာေရး မေကာင္းသူမ်ား ။ ။ ဘုရားတြင္ ေရႊသကၤန္း (သုိ႔မဟုတ္) ထံုးသကၤန္း ကပ္လွဴေပးပါ။

ထီ ကံေကာင္းလိုသူမ်ား ။ ။ သြားရင္းလာရင္း ေတြ႕သည့္ ထီဆိုင္တြင္ ၁/ ၂ ဂဏန္းမ်ား ပါသည့္ ထီလက္မွတ္ကို ထိုးပါ။

(For Unicode)

ဒီတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် တနင်္လာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ ယခု ရက်ပိုင်းအတွင်း ပြဿနာတွေ များနေတတ်လို့ သင်စိတ်ရှုပ်ရတဲ့ အချိန်အခါပါ။

ဒီရက်ပိုင်း ပြောတဲ့စကား အရာမရောက် ဖြစ်တတ်သလို ပြဿနာဟောင်းတွေ၊ ရောဂါဟောင်းတွေ ပြန်ပေါ်တတ်ပါတယ်။ ဒါပေမယ့် ဆုံးရှုံးခဲ့တဲ့ အခွင့်အရေးတွေ၊ ငွေတွေ ပြန်ရမယ့် အချိန် ဖြစ်ပါတယ်။

ဒီကာလမှာ ရွှေအထည် ငွေထည် အဟောင်းတွေ ဝင်လာတတ်လို့ ဝင်လာရင် သင့်အတွက် ကံမကောင်းစေတဲ့အတွက် လက်မခံသင့်ပါဘူး။ ထွက်သွားတဲ့ ငွေတွေ ပြန်ဝင်လာဖို့ ရှိနေပါတယ်။ ခရီးကံ ကောင်းနေလို့ သွားဖို့ စီစဉ်ထားသမျှ ဖြစ်လာမှာ ဖြစ်သလို မမျှော်လင့်ထားတဲ့ ဘာသာရေး ခရီးတွေလည်း သွားရတတ်ပါတယ်။

ဒီကာလမှာ အိမ်ခြံမြေ သမားတွေ၊ ဆောက်လုပ်ရေး သမားတွေ၊ ခရီးသွား လုပ်ငန်းရှင်တွေအတွက် အဆင်ပြေမယ့် အချိန်ကာလ ရောက်နေသလို ရေထွက်ကုန် လုပ်ကိုင်သူတွေ လုပ်ငန်းကောင်းမယ့် အချိန် ဖြစ်နေပါတယ်။ စပ်တူကိစ္စတွေ၊ စာချုပ်နဲ့ လုပ်ရတဲ့ လုပ်ငန်းတွေ ရှောင်ပါဦး။

ကျန်းမာရေး ကတော့ အစားစားချိန် မမှန်တာကို အထူး ဂရုစိုက် သင့်ပါတယ်။ ပညာရေးကံကတော့ ဒီကာလမှာ ကောင်းနေပြီး လုပ်ငန်းခွင်အတွင်း ရာထူးတိုး စာမေးပွဲ ဖြေထားသူတွေ ကံ့ကော်ပန်း တစ်ပွင့်လောက် အမြဲ ဆောင်ထားသင့်ပါတယ်။

အိမ်ထောင်ရှင်များ ဒီရက်ပိုင်းမှာ သတင်းကောင်းတွေနဲ့ စီးပွားရေး၊ လူမှုရေးမှာ ထင်သလောက် ခရီးလမ်း ပေါက်နေပေမယ့် ချစ်သူတွေကတော့ ဘာလုပ်လုပ် အဆင်မပြေ ဖြစ်တတ်ပါတယ်။

ငွေကြေး အကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ နေအိမ်ရှိ ဘုရားအား ယခု ရက်သတ္တပတ် တစ်ခုလုံး ကံ့ကော်ပန်းဖြင့် ပူဇော်ကာ လိုရာ ဆုတောင်းပါ။

ပြည်ပ ထွက်ခွာလိုသူများ ။ ။ ရပ်ကွက်ထဲရှိ ခွေးလေခွေးလွင့်များ အိပ်တတ်သည့် နေရာတွင် အခင်း တစ်ခုခု ချထားပေးပါ။

အလုပ်ရရှိရန် အခက်အခဲ ဖြစ်နေသူများ ။ ။ နေအိမ်ရှိ ဘုရားတွင် ကံ့ကော်ညွှန့်နှင့် အောင်သပြေညွှန့်ကို ၉ ညွှန့်စီ ပန်းအိုးတစ်ခုဖြင့် ကပ်လှူကာ လျှောက်ထားသည့် အလုပ်ကို အာရုံပြု ဆုတောင်းပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ နံနက်မိုးလင်းနှင့် ညအိပ်ရာဝင်တိုင်း အိမ်ထောင်ဘက်/ ချစ်သူကို စိတ်ညွှတ်ကာ မေတ္တာသုတ် ရွတ်ဆိုပေးပါ။

လူမှုရေး အတိုက်အခံ များသူများ ။ ။ နေ့စဉ် နေအိမ်မှ မထွက်မီ မိမိ ခန္ဓာကိုယ်ကို အဝန်းဝိုင်းအာရုံပြု၍ စည်းတားကာ အရဟံဂုဏ်တော် ၉ ခေါက် ရွတ်ဆိုပြီးမှ ထွက်ပါ။

ကျန်းမာရေး မကောင်းသူများ ။ ။ ဘုရားတွင် ရွှေသင်္ကန်း (သို့မဟုတ်) ထုံးသင်္ကန်း ကပ်လှူပေးပါ။

ထီ ကံကောင်းလိုသူများ ။ ။ သွားရင်းလာရင်း တွေ့သည့် ထီဆိုင်တွင် ၁/ ၂ ဂဏန်းများ ပါသည့် ထီလက်မှတ်ကို ထိုးပါ။

OpinionLeadersMedia

No comments

Powered by Blogger.