Header Ads

သမီးရည်းစား စုံတွဲများရဲ့ ဆမြင်ကပ်ဖွယ် လက္ခဏာ ရပ်များ


1) တရာဖိုး သုံးပုဒ် တန် များ အောက် တွင် ကိုကိုရေ သဲရေ စသဖြင့် mention များ ခေါ်ကြခြင်း ။

2) သူများ ရည်းစားများ ခြံခုန် စနိုက်ကြော် ဇာတ်လမ်းများ မြင်လျှင် မိမိနှင့် ဆိုင်ဆိုင် မဆိုင်ဆိုင် mention ခေါ်၍ ကြိမ်းမောင်း မာန်ဖီ ပြတတ်ခြင်း ။

3) ချစ်သူ အတွက် ဟု ရည်ညွှန်းသည့် စာများကို နှစ်ယောက်တည်း ဖတ်ရန် မတင်ဘဲ public နဲ့ တင်ပြီး like ခြူတတ်ခြင်း။

4) မက်ဆင်ဂျာ ရှိနေလျက်နဲ့ comment များတွင် မပြီးနိုင် မစီးနိုင် ပလူး ကြခြင်း ။

5) ခရီးသွား Review များ စားသောက်ဆိုင် Page များကို share ရာတွင် ရိုးရိုး တန်းတန်း မ share ပဲ ကိုကိုရေ လိုက်ပို့ ... ချစ်ရေ သွားရအောင် ... စသဖြင့် တကယ်လည်း မသွားပဲ အရသာခံ ပြောကြခြင်း ။

6) ကောင်မလေး လက်ကို အနောက်က ကောင်လေး လက်က ကိုင်ထားသည့် စတိုင် ဓာတ်ပုံကို အထူးနှစ်ခြိုက် ခုံမင်စွာ ရိုက်ကြခြင်း ။

7) Anniversary များ ရောက်လျှင် နှစ်ယောက်သား ကြိုတင် ညှိနှိုင်းပြီး Surprise များ လုပ်ပြ တတ်ခြင်း ။

8) ချစ်သူများနေ့ ရောက်လျှင် အကျီဆင်တူ ဝတ်ပြီး မျက်စိနောက်အောင် ပုံတွေ တင်ကြခြင်း ။

9) စိတ်အခန့် မသင့်တိုင်း ပြတ်ပြီ ပြတ်ပြီ ဟု ဟစ်ကြွေး ပြီး အဆင်ပြေသွားရင် မျက်နှာပြောင်ဖြင့် စုံတွဲပုံများတင်ပြီး စိတ်မကောက်နဲ့ တော့နော် တို့ ဘယ်တော့မှ မခွဲတော့ဘူးနော် စသဖြင့် အရှက်မရှိ တင်တတ်ခြင်း ။

10) စုံတွဲ မှန်လျှင် ပုဂံမှာ ဓာတ်ပုံ ရိုက်ပြီး FB ပေါ် တင်မှ ခေတ်မှီသည် ဟု အထင် ရှိကြခြင်း ။

11) ချစ်သူ လက်ဆောင် ပေးသည့် ပစ္စည်းများကို ကိုယ့်ဘာသာ သိမ်းမထားပဲ FB ပေါ်တင်ကာ တခြားသူများ အားကျစေရန် ကြွားဝါ တတ်ခြင်း ။

12) ထိုသို့ ကြွားဝါသည့် ပို့စ်များ အောက်တွင် တခြား စုံတွဲများ ကလည်း မစားရ ဝ ခမန်း မိမိ ချစ်သူများကို mention ခေါ် ပြတတ်ခြင်း ။

13) Account နာမည် များကို မှတ်ပုံတင် ထဲက အတိုင်း မရေးဘဲ ဘယ်သူ့ မယား ဘယ်သူ့ Hubby ဘယ်သူ့ ပူတူးလေး စသဖြင့် ဂေါက်တောက်တောက် များ ရေးကြခြင်း ။

14) လူတကာ မျက်စိနှောက်အောင် ပလီစိ ချောက်ချက်တွေ လုပ်ပြပြီး ပြတ်သွားတဲ့ အခါမှ " Single is the best " ဟု ကြွေးကြော် တတ်ကြခြင်း ။

ဒါဘဲ ..... မနာလို လို့ ရေးတယ် မှတ် ။

Credit

No comments

Powered by Blogger.