မျှော်လင့်မနေနဲ့ ...
ကိုယ့်မေတ္တာကို လက်နှီးစုတ်လို သဘောထားပြီး ၊ တခြားသူ မေတ္တာကိုမှ လက်ကိုင်ပုဝါလို သဘောထားသူကို မျှော်လင့် မနေပါနဲ့ ။
မာနဆိုတဲ့ အရာကို တစွန်းတစမှ မကျန်အောင် ချစ်ပြနေတာကို သစ္စာ မစောင့်သိပဲ ကိုယ့်ထက် သာမယ်ထင်လို့ ရင်ခွင် ပြောင်းသွားသူကို မျှော်လင့် မနေပါနဲ့ ။
ကိုယ်က ကောင်းစေချင်လို့ အမုန်းခံပြီး လမ်းမှန် တည့်မတ်ပေး ခဲ့တာကို ၊ သာပေါင်း ညာစားနေတဲ့သူ ကိုမှ အထင်ကြီးတတ်သူကို ကိုယ့်စေတနာနဲ့ တန်လာမယ်လို့ ဘယ်တော့မှ မျှော်လင့်မနေပါနဲ့ ။
ကိုယ့်တန်ဖိုးကို အပွန်းအပဲ့ ခံပြီး သူ့တန်ဖိုး မြင့်မားလာအောင် အတတ်နိုင်ဆုံး မေတ္တာထားခဲ့တာတောင်မှ တန်ဖိုး မသိ ကျေးဇူးကန်းနေတဲ့သူ ကို မျှော်လင့် မနေပါနဲ့ ။
လူ့ဘဝဆိုတာ များသော အားဖြင့် ကိုယ့်စိတ်ဓာတ်နဲ့ တန်ရာ တန်ရာပဲ ရတတ်ပါတယ် ။
တချို့သော အရာတွေက ကိုယ်က သေလောက်အောင်ပဲ ဘယ်လိုပဲ ပေးဆပ် ထားထား ကိုယ့်လက်ထဲ ရောက်ဖို့ ဆိုတာ အသေအချာ မပြောနိုင်ပါဘူး ။
တခါတလေ ကိုယ်က မြင့်မားနေပြီး ကိုယ်လိုချင်တဲ့ အရာက နိမ့်ကျလွန်းနေ ရင်လည်း ကိုယ့်လက်ထဲကို လောကကြီးက မပေးတတ်ပြန်ဘူး။
ထိုက်တန်ခြင်း ဆိုတာ တခါတခါကျတော့ အနိမ့် အမြင့် ၊ အချိန် အခါ ၊ နေရာ ဒေသ နဲ့ စိတ်ဓာတ်အဆင့်အတန်းတွေပေါ် မူတည်နေ တတ်ပြီး မလိုချင်တော့မှ ရလာတာမျိုးလည်း ရှိနေတတ် ပါတယ်။
ဒါ့ကြောင့် ဘယ်အရာမှ မသေချာတဲ့ လူ့လောကကြီးမှာ ဘာကိုမှ မျှော်လင့် မထားတာက အကောင်းဆုံး ဘဝ နေထိုင်နည်း တခုပါလို့ အကြံပြုပါရစေနော်
Credit
Post a Comment