Header Ads

ဆရာဘိုလေး တစ်ပတ်အတွင်း ချိန်ဆရန် သင်၏ကံကြမ္မာ (ဇူလိုင်လ ၂၀ မှ ၂၇)


တနင်္ဂနွေ သားသမီးများအတွက်

ဒီရက်အတွင်း ဆုံးရှုံးခဲ့ ၊ အနစ်နာခံခဲ့တုန်းက အလူးအလှိမ့် ခံခဲ့ရသလို ဒီအချိန်မှာ ဘယ်သူမှ လိုက်မမီအောင် အပြတ်အသတ်ကောင်းမည် ။ စိတ်ပူရမယ့် ကိစ္စတွေလည်း သူ့အလိုလို ပြေငြိမ်းပြီး စိတ်ရဲ့ ငြိမ်ချမ်းမှုတွေ ရရှိမည် ။

ပတ်ဝန်းကျင်က မိမိကို ဝေဖန်လာသည်ကို ဥပေက္ခာပြုလျက် ဘဝခရီးကို ဖြည်းဖြည်း မှန်မှန် လျှောက်လှမ်းနေမည် ။ ကျန်းမာရေး ကောင်းမွန်စေရန် ရေချိုး ၊ ခေါင်းလျှော် ဆင်ခြင်ပါ ။ ငယ်ရွယ်သူများ အချစ်ရေးမှာ စိတ်နှစ်ခွ ဖြစ်တတ်သည် ။

လွတ်လပ်စွာ နေလိုစိတ် များမည် ။ အိမ်ထောင်ရှင်များ ကျိန်းသေဆိုပြီး မျှော်လင့်ထားတာတွေ ဖြစ်မလာဘဲ လွှဲချော်သွားတတ်တယ် ။ ဧည့်သည်ဟာ မကြာခဏ ဆိုသလို အလည်လာ ၊ စိတ်ညစ်စရာတွေပါ အဖော်ခေါ်လာလိမ့်မည် ။

ယတြာ ။ ။ မွေးနေ့တူ သူငယ်ချင်း သုံးဦးကို ပဝါလက်ဆောင်ပေးပါ ။

တနလာၤ သားသမီးမ်ား

ဒီရက်အတွင်းမှာ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်သဘော တင်းတင်းမာမာကွဲ တတ်ပါတယ်။ အဲဒီလို စိတ်အနှောက်အယှက် ဖြစ်စရာတွေ ကြားထဲကပဲ အဖိုးတန် ပစ္စည်းတွေ ဝင်လာမယ်။ ခက်ခဲကြန့်ကြာနေတဲ့ ငွေကိစ္စ၊ ပစ္စည်းကိစ္စတွေ အဆင်ပြေသွားပါလိမ့်မယ်။

စိတ်နှစ်ခွဖြစ်စရာတွေ၊ ဆုံးဖြတ်ရခက်တာတွေ ကြုံလာတတ် ပါတယ် ။ ဟိုဟာလုပ်ရ ကောင်းနိုးနိုး၊ ဒီဟာ လုပ်ရကောင်း နိုးနိုးနဲ့ အချိန်ကုန် သွားတတ်ပါတယ် ။ အောက်လက် ငယ်သားတွေ အတွက်လည်း စိတ်ရှုပ်ရတတ်ပါတယ်။ ယာဉ်၊ စက်ပစ္စည်းကို အကြောင်းပြုပြီး စကားများ ဖြေရှင်းရတတ်တယ်။

မိတ်ဆွေ ဆရာသမား၊ ဘုန်းကြီး စသူတို့က အကူညီကောင်းတွေ ပေးလာမယ်။ နေရာထိုင်ခင်းကိစ္စ၊ အဆောက်အဦကိစ္စတွေလည်း အဆင်ပြေလိမ့်မယ်။ ပြဿနာဖြစ်နေသူ များနဲ့ ပြန်ပြီး အဆင်ပြေသွားမယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ တွေမှာ အခွင့်အလမ်းကောင်းတွေ ပေါ်လာမယ်။

လက်ရှိအလုပ်ကို တိုးချဲ့ရတာ၊ လုပ်ငန်းအသစ် စတင်ရတာတွေလည်း ကြုံရတတ်ပါတယ်။ ထီပေါက်သလို ငွေတွေဝင်လာတတ်ပါတယ်။ ထွက်နေတဲ့ ငွေတွေ၊ ပစ္စည်းတွေလည်း ပြန်ဝင်ကိန်းရှိ ပါတယ်။ ကျန်းမာရေး ညံ့နေသူတွေ သိသိသာသာ ကောင်းသွားမယ်။ ရပ်ဝေးက လူနာဧည့်သည် ရောက်လာတတ်ပါတယ်။ ဘာသာရေးလုပ်လေလေ ကံကောင်းလေလေ ဖြစ်ပါလိမ့်မယ်။

ကံအကျိုးပေး ဂဏန်း ၄/ဝ။
ကံ၏ အပံ့အပိုး ရရှိရန် ပညာရေးဆိုင်ရာ အလှူဒါနပြုလုပ်ပါလေ။

အင်္ဂါ သားသမီးများ

ဒီရက်အတွင်းမှာ အဖိုးတန်ပစ္စည်းတွေ ပျက်စီးတာ၊ ပျောက်ဆုံးတာ၊ ငြင်းရခုန်ရတာမျိုးတွေ ကြုံရတတ်ပါတယ်။ သူငယ်ချင်းမိတ်ဆွေ မောင်နှမများအတွက် ဆုံးဖြတ်ရခက်တဲ့ သို့လောသို့လောအခြေအနေတွေ ကြုံလာတတ်တယ်။ ဝမ်းသာစရာသတင်းတွေ၊ ဧည့်သည်တွေ ရောက်လာတတ်ပါတယ်။

အလုပ်နေရာ၊ အိမ်နေရာ အဆောက်အဦးကိစ္စတွေမှာလည်း ရည်မှန်းထားသလို ဖြစ်လာမယ်။ အောက်လက်ငယ် သားတွေ ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့တတ်ပါတယ်။ မိန်းမတစ်ယောက်ကြောင့် စိတ်အနှောက် အယှက်ကြီးစွာ ဖြစ်ရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း အခြေအတင် စကားများဖြေရှင်းရတတ်ပါတယ်။

ရန်လုပ် ဒုက္ခပေးမယ့် ဧည့်သည်မျိုး ရောက်လာတတ်တယ်။ ဒုက္ခရောက်နေတဲ့ ဧည့်သည်တွေလည်း ကိုယ့်ဆီကိုရောက်လာပြီး သောင်တင်တတ်ပါတယ်။ တစ်ရပ်တစ်ကျေးက ဆွေမျိုးမိတ်ဆွေ တစ်ဦးရဲ့ အသည်းအသန်ဖြစ်တဲ့ သတင်းလည်း ကြားရတတ်ပါတယ်။

ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာ ထူးထူးချွန်ချွန် အောင်မြင်မှုတွေကြုံမယ်။ ပညာရပ် ဆိုင်ရာပစ္စည်းတွေ၊ စာအုပ်စာတမ်းတွေ ဝင်လာတတ်ပါတယ်။ အလုပ်နှစ်မျိုး၊ ဝင်ငွေနှစ်ခုဖြစ်လာမယ်။ အရေးကြီးကိစ္စတွေ နှစ်မျိုးနှစ်ခု တစ်ပြိုင်တည်းမှာ ကြုံလာဖြေရှင်းရတတ်ပါတယ်။

ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး သေချာပေါက် ဝင်ရမှာတွေ လွဲသွား၊ ချော်သွားတတ် တယ်။ ငွေကြေး၊ စာရင်းဇယား အမှားအယွင်း၊ အရှုပ်အထွေးဖြစ်တတ်ပါတယ်။ နိုင်ငံခြား၊ လူမျိုး ခြားနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာတော့ စိတ်စနိုးစနောင့် ဖြစ်ရတတ်ပါတယ်။

ကံအကျိုးပေး ဂဏန်း ၃/၅။
ကံ၏ အပံ့အပိုး ရရှိရန် ဘုရား စနေထောင့်တွင် ထီးဖြူ ၁၂ လက် လှူပါလေ။

ဗုဒ္ဓဟူးသားသမီးများ

ဒီရက်အတွင်းမှာ ပြည်တွင်းပြည်ပ ခရီး၊ ဘုရားဖူးခရီးတွေ သွားရတတ်ပါတယ်။ ရပ်ဝေးက စာတွေ၊ ပစ္စည်းတွေ၊ အဆက်အသွယ်ကောင်းတွေလည်း ရောက်လာတတ်တယ်။ ထစ်ငေါ့ ကြန့်ကြာနေတဲ့ ပစ္စည်း အဝယ်အရောင်း၊ အငှားအရမ်း၊ အသွင်းအထုတ်ကိစ္စ အောင်မြင်မယ်။

သူငယ်ချင်း မိတ်ဆွေတွေ၊ မောင်နှမတွေနဲ့ အဆင်မပြေကြီးစွာ ဖြစ်ရတတ်ပါတယ်။ သူတို့တွေ ခြေထောက်မှာ ထိခိုက်မိတတ်တယ်။ နေရာကိစ္စ၊ အိမ်ကိစ္စ အစီအစဉ်တွေ လွဲချော်သွား တတ်ပါတယ်။ ဟိုမှာနေရတော့မလို၊ ဒီမှာနေရတော့မလို ယောင်တောင်တောင် ဖြစ်နေရတတ်ပါတယ်။

အမေ၊ အစ်မ၊ အဒေါ် စသူတွေနဲ့ စီစဉ်ထားတဲ့ အစီအစဉ်တွေ လွဲသွား၊ ပျက်သွားတတ်ပါတယ်။ ယာဉ်ကိစ္စ၊ စက်ကိစ္စတွေ အတွက်လည်း ပြောဆိုဖြေရှင်းရတတ်ပါတယ်။ အချစ်ရေးအိမ်ထောင်ရေးမှာ သတိကြီးစွာထားရမယ့် ရက်တွေပါပဲ။ သူ့လမ်းသူလျှောက်၊ ကိုယ့်လမ်းကိုယ်လျှောက် ဖြစ်ကုန်တတ်ပါတယ်။

ဘာရယ်မဟုတ်ဘဲ စိတ်မွန်းကျပ်နေမယ်။ စိတ်တိုလွယ်၊ ပြဿနာဖြစ်လွယ်တဲ့ အချိန်ပါပဲ။ မလုပ်ချင်တဲ့အလုပ်တွေလည်း လုပ်ရတတ်ပါတယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စနဲ့ပတ်သက်တဲ့ အခက်အခဲတွေကတော့ ပြေလည်သွားမယ်။ ပြဿနာဖြစ်နေတဲ့ ဆရာသမား၊ ကြီးကဲသူတွေနဲ့လည်း သင့်မြတ်ပြေလည်သွားပါလိမ့်မယ်။

ငွေကြေးရော၊ နာမည်ဂုဏ် သတင်းပါ တိုးတက်မယ့် အချိန်ပါပဲ။ ငွေဝင်သလောက် စာရင်းဇယား အရှုပ်အထွေးတွေ ကြုံရတတ်ပါတယ်။ သူခိုးခိုးခံရတာ၊ သော့ဒုက္ခပေးတာ၊ သေချာသိမ်းဆည်း ထားတဲ့ပစ္စည်း ပျောက်ဆုံးတာမျိုးတွေတော့ ကြုံရတတ်ပါတယ်။

ကံအကျိုးပေး ဂဏန်း ၇/၈။
ကံ၏ အပံ့အပိုး ရရှိရန် သောက်ရေ၊ သုံးရေ ကုသိုလ်ပြုလုပ်ပါလေ။

ကြာသပတေးသားသမီးများ

ဒီရက်အတွင်းမှာ ပြည်တွင်းပြည်ပ ခရီးဝေးတွေ အောင်မြင်မယ်။ ရပ်ဝေးနဲ့ဆက်နွယ်တဲ့အလုပ်တွေကို အားပြုပြီးသင့်တဲ့ အချိန်ပါပဲ။ အဖိုးတန်ပစ္စည်းတွေလည်း ဝင်လာမယ်။ စာချုပ် ချုပ်ပြီး အလုပ်လုပ်ရတတ်ပါတယ်။ မိတ်ဆွေ၊ မောင်နှမတို့ရဲ့ အချစ်ရေး၊ အိမ်ထောင်ရေးကိစ္စတွေမှာ ကြားညပ်ဖြေရှင်းရတတ်တယ်။

မိသားစုနဲ့လည်း စိတ်သဘောကြီးစွာ ကွဲရတတ်ပါတယ်။ အိုးအိမ်၊ အဆောက်အဦး၊ နေရာထိုင်ခင်းကိစ္စတွေ အဆင်မပြေတဲ့အပြင် ပြဿနာဖြေရှင်းရတတ်တယ်။ လောက်လက်ငယ်သားရဲ့ သတင်းကောင်းကြားရမယ်။ ဝမ်းသာစရာဧည့်သည် ရောက်လာတတ်တယ်။ မီး၊ လျှပ်စစ်၊ အပူ၊ သူခိုး ဒုက္ခပေးတတ်ပါတယ်။

အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဆုံးဖြတ်ရခက်တဲ့ အခြေအနေ၊ စိတ်နှစ်ခွဖြစ်စရာတွေ ကြုံလာရတတ်ပါတယ်။ အဖိုးတန်ပစ္စည်း အဝယ်အရောင်းကိစ္စတွေ ပျက်တော့မလိုလိုနဲ့ အောင်မြင်သွားပါလိမ့်မယ်။ စိတ်ရှုပ်စရာ၊ စိတ်လေစရာတွေတော့ တစ်ခုပြီးတစ်ခု ကြုံနေတတ်တယ်။ ဆုံးဖြတ်ချက်တွေ မှားတတ်တယ်။

ပညာရေးကိစ္စ၊ သင်တန်း ကိစ္စတွေမှာတော့ ထင်မှတ်ထားတာထက် ပိုပြီး အဆင်ပြေမယ်။ ဆရာဟောင်း၊ ပညာဟောင်း၊ သင်တန်းဟောင်းတွေနဲ့ ပြန်ပြီးပတ်သက်ရတတ်ပါတယ်။ မထင်မှတ်ဘဲ အလုပ်အဆက်အသွယ်သစ်၊ အခွင့်အရေးကောင်းတွေ ပေါ်လာတတ်တယ်။

အလုပ်ကိစ္စနဲ့ ခရီး သွားရတတ်တယ်။ ငွေရေးကြေးရေး အဆင်မပြေတဲ့အပြင် ပြဿနာတွေ ဖြစ်ရတတ်ပါတယ်။ လက်ရှိနေရာ၊ လက်ရှိအလုပ်က ထွက်သွားပြောင်းသွားဖို့ စိတ်ကူးတွေ ပေါ်လာတတ်ပါတယ်။

ကံအကျိုးပေး ဂဏန်း ၂/၈။
ကံ၏ အပံ့အပိုး ရရှိရန် မီးအလင်းရောင်နှင့် ပတ်သက်သော ကုသိုလ်ပြုလုပ်ပါလေ။

သောကြာသားသမီးများ

ဒီရက် အတွင်းမှာ ကောင်းသော ခရီးတွေ သွားရတတ်ပါတယ်။ အဖိုးတန် အဝတ်အထည်၊ အသုံး အဆောင်ပစ္စည်းတွေ ဝင်လာတတ်တယ်။ ရှိပြီးသား ပစ္စည်းတွေကတော့ ထွက်တတ်၊ ပျောက်တတ်ပါတယ်။ လူရင်းထဲက အမှုအခင်း ပြဿနာ ကြုံရတတ်ပါတယ်။

မိသားစု ကြီးကဲသူတွေနဲ့လည်း အတိုက်အခံ ဖြစ်ရတတ်ပါတယ်။ နေရာထိုင်ခင်းကိစ္စ၊ အဆောက်အဦး ကိစ္စတွေမှာ ညှိမရနှိုင်းမရ ဖြစ်တတ်တယ်။ မိခင်၊ အဒေါ်၊ အစ်မ စသူတွေနဲ့ စိတ်သဘောကြီးစွာ ကွဲရတတ်ပါတယ်။ အောက်လက်ငယ်သားတွေ အတွက်ကတော့ ဂုဏ်ယူဝံြွ့ကားစရာတွေ ကြုံလာမယ်။

အဖိုးတန် ယာဉ်၊ လျှပ်စစ်ပစ္စည်း၊ အလှဆင် ပစ္စည်းတွေလည်း ဝင်လာတတ်ပါတယ်။ မီး၊ လျှပ်စစ်အန္တရာယ် ကြုံရတတ်တယ်။ မတော်တဆ ထိမိခိုက်မိဖြစ်တတ်တယ်။ အိမ်က၊ ဒါမှမဟုတ် အလုပ်က ပြဿနာဖြစ်ပြီး ထွက်သွားမိတတ်ပါတယ်။

အချစ်ရေး၊ အိမ်ထောင်ရေးမှာ တော့ အဖုအထစ်တွေရှိနေရင် ပြေလည်သွားလိမ့်မယ်။ ပျော်ရွှင်ဖွယ် ခရီးတွေလည်း သွားရတတ်ပါ တယ်။ ရောဂါတစ်ခု ပျောက်မှန်းမသိ ပျောက်သွားလိမ့်မယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ မှာတော့ ရှေ့တိုးရအခက်၊ နောက်ဆုတ်ရအခက် ဖြစ်နေရတတ်ပါတယ်။ ရပ်ဝေးမှာ အလုပ်ရတတ် တယ်။

ရပ်ဝေး အဆက်အသွယ်ကောင်းတွေ ပေါ်လာတတ်ပါတယ်။ ထီပေါက်သလိုလည်း ငွေတွေ ဝေါကနဲ ဝင်လာတတ်ပါတယ်။ လက်၊ ရင်ဘတ်၊ အောင့်တာ၊ နာတာတွေ ဖြစ်တတ်ပါတယ်။ အလိမ်ခံ ရတတ်တာကိုလည်း သတိပြုရမယ့် အချိန်ကလေးပါပဲ။

ကံအကျိုးပေး ဂဏန်း ၁/၆။
ကံ၏ အပံ့အပိုး ရရှိရန် သီလရှင်များကို ဖျော်ရည်လှူပါလေ။

စနေသားသမီးများ

ဒီရက်အတွင်းမှာ ပြဿ နာတွေ တစ်ခုပြီးတစ်ခု တန်းစီ နေတတ်ပါတယ်။ မတော်တဆ ထိမိခိုက်မိအန္တရာယ်ကြုံတာ၊ မီး၊ လျှပ်စစ်၊ သူခိုး ဒုက္ခပေးတာမျိုးတွေ သတိထားပါ။ ရည်ရွယ်ချက်ကြီးတွေ ပျက်သုဉ်းပြီး ခြေကုန်လက်ပန်းကျ ဖြစ်သွားတတ်တဲ့ အချိန်မျိုးပါပဲ။

ပစ္စည်း အဝယ်အရောင်း၊ အငှားအရမ်း၊ အသွင်းအထုတ်ကိစ္စတွေမှာ ပြဿနာ ကြုံရတတ်တယ်။ တစ်ယောက်ယောက်က တမင်ညစ်ပြီး ချောက်ချ အကောက်ကြံတာမျိုး ကြုံလာတတ်ပါတယ်။ မိတ်ဆွေရင်းတွေနဲ့ ခွန်းကြီးခွန်းငယ် စကားများရတတ်ပါ တယ်။ အဆောက်အဦကိစ္စ၊ နေရာထိုင်ခင်းကိစ္စ အဆင်ပြေမယ်။

ရပ်ဝေးက သူတွေနဲ့ ပြန်လည်ဆုံဆည်းရတတ်ပါတယ်။ ဆွေမျိုးရဲ့ သတင်းကောင်းလည်း ကြားရတတ်ပါတယ်။ ပြဿနာအဟောင်း၊ ဒုက္ခအဟောင်းတွေ ပြန်ပေါ်လာတတ်ပါတယ်။ ပြီးသွားပြီထင်တဲ့ အဆင်မပြေမှုတွေ တစ်ကျော့ပြန်လာတတ်တယ်။

အချစ်ရေး၊ အိမ်ထောင်ရေး အထစ်အငေါ့ ပြေလည်သွားမယ်။ကျန်းမာရေးကိစ္စအတွက် ခရီးသွားရတာမျိုး၊ လူနာဧည့်သည်ကို ကူညီပြုစုရတာမျိုး ကြုံရတတ်ပါတယ်။ ပညာရေးအစီအစဉ်၊ သင်တန်းအစီအစဉ်တွေ လက်လျှော့ရမတတ် ဖြစ်သွားတတ်ပါတယ်။ ဆရာသမား၊ ကြီးကဲသူတို့ရဲ့ သောကရောက်ဖွယ်သတင်းကို ကြားရတတ်ပါတယ်။

အလုပ် ရည်ရွယ်ချက်တွေမှာ မိန်းမတစ်ယောက် ဝင်ရှုပ်လာလိမ့်မယ်။ မလုပ်ချင်တဲ့အလုပ်တွေ လုပ်နေရတတ်တယ်။ ငွေရေးကြေးရေးကလည်း မဝင်သလောက်ဖြစ်နေမယ်။ ရှိတဲ့ငွေကလေးကလည်း ကောင်းရာကောင်းကြောင်း မဟုတ်တဲ့ကိစ္စတွေမှာ သုံးပစ်လိုက်ရတတ်ပါတယ်။ လျှပ်စစ်ပစ္စည်းတွေ ဒုက္ခပေးတတ်တယ်။

ကံအကျိုးပေး ဂဏန်း ၉/၂။
ကံ၏ အပံ့အပိုး ရရှိရန် ဂုဏ်တော် ၉ ပါးကို အဓိဋ္ဌာန်ပုတီးစိပ်ပါလေ။

ဆရာဘိုလေး ဗေဒင်နှင့်လက္ခဏာ

No comments

Powered by Blogger.