Header Ads

ကိုယ့်အပေါ် တကယ်ချစ်တဲ့ ချစ်သူ ဆိုတာ..


ဝေးနေတုန်း ခဏမှာ ချစ်သူဆီက နေမကောင်းဘူး ဆိုတဲ့ သတင်းကြားတာနဲ့ သေမလောက် စိုးရိမ် စိတ်ပူပြီး သူ့အစား ကိုယ်သာ ဖြစ်ရင် သိပ်ကောင်းမှာပဲ လို့ တွေးတော တတ်သူ ...

အနေ ဝေးနေပေမဲ့လည်း သွေးအေး မသွားတဲ့ အပြင် အချိန်တိုင်း လွမ်းဆွတ်နေမှုကြောင့် ချစ်သူအကြောင်း စိတ်ထဲမှာ အမြဲ ရှိနေတတ်တဲ့သူ ...

ကိုယ်လုပ်ချင်တာနဲ့ သူ မကြိုက်တာ ကြုံတွေ့လာတဲ့ အခါ သူ မကြိုက်တာကို ရှောင်ပေးလိုက်ရင် သူ အရမ်းပျော်သွားမှာပဲ ဆိုတဲ့ စိတ်နဲ့ အမြဲ အလျှော့ပေး တတ်သူ ...

သူနဲ့ တွေ့ရင် ဘာလုပ်မယ် ဆိုပြီး ကြိုတင်တွေးတော အစီအစဉ် ချလိုက်ရုံနဲ့ စိတ်ကူးထဲမှာတင် အပျော်ကြီး ပျော်နေမိသူ ...

ဝေးနေရချိန်မှာ သူ့နေရာမှာ အစားထိုးမဲ့သူ မရှာပဲ သူ့အပေါ်မှာ သစ္စာစောင့်ထိန်းပြီး နီးစပ်မဲ့ တနေ့ကို အလွမ်းတွေနဲ့သာ ဖြေသိမ့် စောင့်မျှော်တတ်သူ ...

ဘယ်သူတွေနဲ့ ဘယ်နေရာပဲ လျှောက်လည်လည် အခုချိန်မှာ သူနဲ့သာ အတူတူဆို သိပ်ပျော်ဖို့ ကောင်းမှာပဲ လို့ အမြဲ သတိတရနဲ့ တွေးတော ပေးတတ်သူ ...

အနားမှာ ကိုယ့်ချစ်သူ မဟုတ်တဲ့ တခြားသူတွေ ဘယ်လောက်ပဲ ဝိုင်းနေပါစေ.. ကိုယ်ချစ်သူ အပေါ်မှာပဲ စိတ်ဝင်စားတဲ့သူ ...

မက့်ဆေ့ခ်ျများ ၊ အီးမေးလ်များထက် ကိုယ့်လက်ရေးနဲ့ ကိုယ်တိုင်ရေး ပို့ထားတဲ့ စာလေး များကို ပို တန်ဖိုးထား နှစ်သက်သူ ...

တခြားသူတွေ ဘယ်လိုပင် လာ ဆွဲဆောင်နေ ပါစေ.. သူတို့ အပေါ် နဲနဲလေးတောင် စိတ်မယိုင်တဲ့သူ ...

ဘုရား ရှိခိုးတိုင်း သူ အစစ အရာရာ အဆင်ပြေဖို့ အတွက် အမြဲ တတွတ်တွတ် ဆုတောင်းပေးတတ်သူ ...

ကိုယ့်ချစ်သူ မကောင်းကြောင်း ပြောပြီး သွေးခွဲတာကို နည်းနည်းလေးမှ နားမယောင် တတ်တဲ့သူ ...

ချစ်သူ ကွယ်ရာမှာ အခွင့်အရေးတွေ မည်မျှ ပေးနေပါစေ လုံးဝ မယူတတ်တဲ့ သူ ...

ကိုယ်စိတ်ကစားမိရင် ကိုယ့်ချစ်သူ စိတ်ဒဏ်ရာ ရမှာကို သေမလောက် ကြောက်ပြီး ရှောင်ကြဉ် တတ်တဲ့သူ ...

ချစ်သူ သက်တမ်း တလျှောက်မှာ တတိယလူ ပေါ်မလာအောင် ထိန်းသိမ်းနိုင်တဲ့သူ ....

Kurneair Ziom (Kz)

No comments

Powered by Blogger.