ယောက်ကျားကောင်း ဆိုတာ
ဒီစာလေးကို ရေးဖို့အတွက် အချိန်တွေ အများကြီး ပေးရပါတယ် ။ ဖတ်ကြည့်လိုက်ဦးနော် ။
လောကကြီးမှာ ယောက်ကျားတွေ ရှားပါတယ် ။ ဒါပေမဲ့ ယောက်သွားတွေ ကတော့ အရမ်း ပေါတယ် ။ ကိုယ် နှုတ် စိတ် မတည်ငြိမ်ပဲ ခြေများတဲ့ ယောက်သွား ၊ မိန်းမ တယောက်နဲ့ ဖက် ပြိုင်ပြီး မာန ထားတဲ့ ယောက်သွား ၊ အမေ အမတွေ နှမတွေ ရှိပါရက်နဲ့ ကိုယ်ချင်းမစာ အပျော်အပါးနဲ့ မိန်းခလေး တွေကို အပျော်သဘောနဲ့ ရည်းစားထား ချူစား တဲ့ ယောက်သွား ။
အပျော်အပါး ၊ အသောက်အစား နဲ့ လောင်းကစားတွေကို ဘ၀ ပျက်အောင် ခုံမင် ပျော်ပါးတတ်တဲ့ ယောက်သွားတွေ ..... ပြောရရင် အများကြီးပေါ့ ။
ကောင်းမြတ်တဲ့ စိတ်ဓာတ် နဲ့ ယောက်ကျားကောင်း စိတ်မွေးထားတဲ့ ယောက်ကျားကောင်း ယောက်ကျား မြတ်တွေ ယောက်ကျားစိတ် အပြည့်ရှိတဲ့ ယောက်ကျားကောင်းတွေ လည်း ရှိပါတယ် ။ ဒါပေမဲ့ ရှားပါတယ် ။
ယောက်ကျားကောင်း ဆိုတာ ကိုယ်က ချစ်လို့ ယူထားတဲ့ မိန်းမကို ဖြစ်စေ ၊ ကိုယ်ချစ်လို့ ရွေးချယ်ထားတဲ့ ချစ်သူကို ဖြစ်စေ ၊ ချစ်သူလို တမျိုး ကိုယ်ရဲ့ နှမလေး တသွယ် အမေလို တမျိုး အမကြီး တယောက်လို့ ကိုယ်ရဲ့ သာသမီးလေး သဖွယ် ကရုဏာ အပြည့်နဲ့ စောင့်ရှောက် တာဝန်ယူတတ် ရပါတယ် ။
ယောက်ကျားကောင်း တယောက် ဆိုတာ အားနွဲ့တဲ့ မိန်းမသား တယောက် အပေါ် ဘယ်တော့မှ အနိုင်မယူဘူး ၊ အနိုင် မကျင့်ဘူး ။ အဲဒီလိုမျိုး လုပ်ရပ်တွေကို လုပ်ရမှာ ရှက်တတ်ကြ ပါတယ်။
ယောက်ကျားကောင်း တယောက်ဆိုတာ ကိုယ် တာဝန် မယူနိုင်တဲ့ မိန်းမ တယောက်ကို လက်ဖျားနဲ့တောင် မထိတတ်ကြ ပါဘူး ။ မိန်းမ တယောက်နဲ့လည်း ယှဉ်ပြိုင်ပြီး ရန်မဖြစ်ဘူး ၊ မာန မပြိုင်တတ် ကြပါဘူး ။ မိန်းမ ဆိုတာ ယောက်ကျားတွေနဲ့ နှိုင်းယှဉ်လာရင် သဘာဝကိုက ရှူံးပြီးသာ ဆိုတာ သိနေလို့ပေါ့ ။
ယောက်ကျားကောင်း ဆိုတာ ခေါင်းဆောင်စိတ် ရှိရတယ် ။ အရာရာကို ဦးဆောင်နိုင်ကြတယ် ။ ပဲ့ပြင်ဆုံးမ ပေးတတ်ရတယ် ။ သီးခံစိတ် အပြည့်ရှိရတယ် ။ အရာရာကို ချင့်ချိန် ဝေဖန်ပေး နိုင်တယ် ။
ယောက်ကျားကောင်း ဆိုတာ တွေ့ကြုံလာတဲ့ လောကဓံကို ကြံကြံခံပြီး ဘ၀တခု အိမ်ထောင် တခု ခိုင်မာအောင် ကြိုးစား ပြီးတည်ဆောက် နိုင်ရတယ် ။
ချစ်သူ တယောက်ရဲ့ လက်ကို ခိုင်ခိုင်တွဲပီး အေးအတူ ပူအမျှ ဘ၀ကို လျှောက်လှမ်း ရဲတာ မေတ္တာ နဲ့ သစ္စာ တရားကို မှတ်ကျောက် တင်ခံရဲတာ ကတိ သစ္စာ တည်ကြည်အောင် ထိမ်းနိုင်တာ ။ အဲ့ဒါ မှတကယ့် ယောက်ကျားကောင်း လို့ ခေါ်တာ ။
Yin Twin Su
Post a Comment