မိန်းကလေးတိုင်း အလိုချင်ဆုံး အရာ
ထိုဘုရင်ကြီးဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့ အတွေးအခေါ်တွေကို သဘောကျလို့ အခွင့်အရေး တစ်ခု ပေးလိုက်ပါတယ် ….. အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲတဲ့ မေးခွန်းတစ်ခုပါ..
ဘုရင်ငယ်လေး အတွက် အချိန်တစ်နှစ် ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ် လို့ ပြောလိုက်ပါတယ်…. မေးခွန်းက လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံး အရာကဘာလဲ ????? ပါတဲ့ ..
အဲဒီ မေးခွန်းကတော့ ဘုရင်လေးနဲ့ ပညာရှိ အမတ်တွေကို ခက်ခဲရှုတ်ထွေးစေ တော့တာ ပါဘဲ…. တချိုက
မဖြစ်နိုင်တဲ့ မေးခွန်းလို့ ထင်ကြတယ်… ဒါပေမယ့် အချိန်တစ်နှစ် ရဖို့အတွက် အဖြေရှာဖို့ လက်ခံလိုက်ရတာပေါ့…..
.
.
ဒါနဲ့ သူ့တိုင်းပြည်မှာ ရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ ပြည်သူပြည်သားတွေနဲ့ ပြည့်တန်ဆာ အမျိုးသမီးတွေပါ မကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့တယ်… ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး….
နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာ ရှိတဲ့ စုန်းမအိုကြီး တစ်ယောက် သာလျှင် ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ လျှေက်တင်ကြတယ်…. စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့ အဖိုးအခကို တောင်းဆိုလိုက်ပါတယ်…
အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေး နီးလာပါပြီ… စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို အရင်လိုက်လျှောမှ အဖြေပေးနိုင်မယ် လို့ ဆိုပါတယ်… တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အားအကိုးရဆုံး သူငယ်ချင်းလည်းဖြစ်၊ နိုင်ငံရဲ့ သူရဲကောင်း စစ်ဦးစီးလည်း ဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေး ဖို့ပါဘဲ…
ဘုရင်လေးလည်း အလွန်တုန်လှုပ် ချောက်ချားနေတာပေါ့…. စုန်းမကြီး ပုံစံက ခါးကုန်ကုန်၊ ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်… သွားကလဲ ရှေသွား တစ်ချောင်းထဲ ရှိတယ်… အနံ့အသက်ကလည်း ဆိုရွားလှတယ်.. စကား အပြောအဆို ကလဲ ကြမ်းတမ်း ညစ်ညမ်းလှတယ်…
ထို ဆိုရွားလှတဲ့ စုန်းမကြီးနဲ့ နုးညံ့သိမ်မွေ့ စိတ်သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ ယူဖို့ တိုက်တွန်းဖို့ရာမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာပေါ့… ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင် ဒီကိစ္စဟာ သူ့အတွက် အရေးမကြီးကြောင်း ပြောဆိုပြီး အဆိုကို လက်ခံပါ့မယ် လို့ ဘုရင်လေးကို လျှောက်တင်လိုက်ပါတယ်…
ဒီလိုနဲ့ မင်္ဂလာပွဲ အစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက် အဖြေကို စုန်းမကြီးကပေး လိုက်ပါတော့တယ်..
"" လောကကြီးမှာ ရှိတဲ့ အမျိုးသမီးတိုင်း အမှန်တကယ် အလိုချင်ဆုံး အရာက သူတို့ရဲ့ ဘဝကို သူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင် တာပါပဲ ””
ဘုရင်ကြီးလည်း ပေးထားတဲ့ ဂတိအတိုင်း သူ့ သူငယ်ချင်း အမတ်နဲ့ ပေးစားလိုက်တယ်.. မင်္ဂလာဆောင်ပြီးညမှာ စုန်းမအိုကြီးက မေးတယ်.. နေ့ အချိန် မိန်းမချောလေး အဖြစ်နဲ့ နေပြီး ညအချိန် စုန်းမအို ပုံစံနဲ့ ဖန်ဆင်းပြီး နေရမလား... ဒါမှမဟုတ် နေ့ ကို စုန်းမလိုနေပြီး ညကို မိန်းမချောလေးလို နေရမလား မေးတယ်.. အာ့နဲ့  သူမကြိုက်သလို နေပါလို့ ပြောလိုက်တော့ မိန်းမချောလေး အဖြစ်နဲ့  တသက်လုံး နေသွားပါတော့တယ်..
ဘာကြောင့်လို့ လဲဆိုတော့ ဘဝကို စိတ်ကြိုက် စီမံရလို့ ပါတဲ့ ...
credit မူရင်း
Post a Comment