Nicki Minaj က Eminem နဲ့ ချစ်ကြိုက်နေကြောင်း ဝန်ခံ
Eminem + Nicki Minaj!!!
Nicki Minaj က Instagram မှာ သူမနဲ့ Eminem တို့ Date နေတယ်လို့ confirm ခဲ့ပါတယ် ... ယခင်တည်းက ကောလဟာလ တချို့ ရှိပြီး (Nicki Minaj ရဲ့ သီချင်း အသစ် Barbie Tingz ထဲမှာ I'm still fly, just bagged a white guy (okay) လို့ ဆိုထားတော့ Fan တွေက Nicki Minaj နဲ့ Eminem တို့ တွဲနေတယ်လို့ ထင်ပြီး ကောလဟာလတချို့ ရှိခဲ့ပါတယ် ...) ဒီနေ့မှာတော့ Nicki က Instagram မှာ Fan တစ်ယောက်က Eminem နဲ့ Date နေလားလို့ မေးခဲ့တာကို Yes လို့ ပြန်ဖြေခဲ့တာပါ ... Queen of Rap is dating King of Rap (or) Rap God!!! wow!!!
.
အခြား သတင်းအနေနဲ့ Nicki Minaj က အစက သူ့ရဲ့ 4th Studio Album Queen ကို June လ 15 ရက်နေ့မှာ ဖြန့်ချီမယ်လို့ ကြေညာထားပြီး မနေ့က Instagram Live က တဆင့် Album Release Date ကို နောက်ဆုတ်မယ့်သတင်းကို ပြောခဲ့ပါတယ် ... ကြေညာချက်အရတော့ 2nd Single ကို ဖြန့်ချီပြီးမှပဲ Album ကို ထုတ်တော့မှာ ဖြစ်လို့ August 10 ရက်နေ့မှ သူမရဲ့ Queen Album ကို ဖြန့်ချီမယ်လို့ ပြောင်းလဲကြေညာခဲ့ပါတယ် ... Album မထွက်ခင် သူမရဲ့ ပရိသတ်တွေထဲက လူတချို့ကို ဖိတ်ပြီး အကြိုနားထောင်ခိုင်းဖို့ အစီအစဉ်လည်း လုပ်ထားတယ်လို့ ဆိုပါတယ် ... Nicki Minaj ရဲ့ Queen Album က June 15 မှာ ဖြန့်ချီခဲ့ရင် Christina Aguilera ရဲ့ Liberation Album နဲ့ တစ်ရက်တည်း တူတူ ထွက်ရှိမှာဖြစ်ပါတယ် ... အခုတော့ မတိုက်တော့ပါဘူး ...
source

Post a Comment