မိန်းခလေးတို့ဘဝ ဆင်ခြင်သတိပြုရန်
မိန်းမတို့ရဲ့ ဣနြေ္ဒ ရွှေပေးမရတဲ့ အဲ့ဒီစကား
အွန်လိုင်း တခေတ်မှာ ပျက်ရမလို ဖြစ်နေပြီ
Facebook ပေါ်တက် အရှက်မဲ့မဲ့ နှုတ်ထွက်က ကြမ်းချက်
ပရမ်းပတာ ရမ်းခါနေတဲ့ ဂယက်ထချက်
မပီကလာ ပီကလာ ဆဲနည်းမျိုးစုံနဲ့ ဆဲတတ်မှ ခေတ်မှီတယ် ထင်တဲ့ခေတ်
ယိုသူမရှက် မြင်သူရှက်တဲ့
ခုများတော့ အတိုအပြတ်တွေ ဝတ်
Facebook ပေါ်တက် လက်တည့် စမ်းကြပါ လို့
မြူဆွယ် ဖိတ်ခေါ်နေတဲ့ ခေတ်
မိန်းမသားတို့ ဘဝ ခန္ဓာက တဲ့
မြင်တာကတော့ Hotel တက်အိပ်မှ အချစ်စစ်လို့ ထင်နေတဲ့ခေတ်
ရှက်ကျော ပြတ်နေတဲ့ ရုပ်တွေနဲ့ ခန္ဓာပုံတာ လူကုန် မြင်အောင် ပြတဲ့ခေတ်
ငခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်တဲ့
အဟုတ် ထင်လို့ ကိုယ့်ရီးစားကို
ယောက်ကျား ယောက်ကျား နဲ့ အရှက်မဲ့စွာ ခေါ်နေကြတာများ ကြောက်စရာ
ရွ ထ နေတဲ့ မိန်းမတွေလို့ အပြော မခံချင်ရင် သတိထားလို့ ဆင်ခြင်ပါ
မြန်မာပြည်ဆိုတာ ယဉ်ကျေးတဲ့ နိုင်ငံအဖြစ် ကမ္ဘာက အသိအမှတ်ပြု ထားတာပါ
ဒါ့ကြောင့် ပျက်နေတာတွေ ရှက်တတ်ရင် ပြင်ကြပါ
ယောက်ကျား ဆိုတာ
မိန်းမတစ်ယောက်ရဲ့ တန်ဖိုးကို သိပ်တွက်ချက်တတ် တာပါ
သူတို့သာ မကောင်းတာ လုပ်ပြီး ပွေချင်ပွေ ရှုပ်ချင်ရှုပ်မယ်
တကယ့် တကယ် ဘဝရဲ့ လက်တွဲဖော်ကြ
သူတို့က အပျိုစင်မှ လိုချင်ကြတာပါ
အတည်ယူမယ့် မိန်းမ မတွေ့ခင်
လမ်းခရီးမှာ ကြုံတုန်း ခြေ ဝင်ဆေး ခံရတဲ့
မြောင်းထဲက ခြေဆေးရေ ဘဝတော့
ဘယ်တော့မှ အဖြစ်မခံချင်ကြပါနဲ့
မိန်းကလေး ဘဝဆိုတာ အရှက်နဲ့ လူလုပ်ကြသတဲ့
မသတီစရာ ရုပ်နဲ့ လိုင်းပေါ်တက်
အယုတ္တ အနတ္တ ဆဲပြနေတဲ့ မိန်းမသားဆို
ဘယ်အမျိုးကောင်း သားသမီးမှ အထင်မကြီးမှာ သေချာပါတယ်
သေချာ တာကတော့ အဲ့လို မိန်းကလေးမျိုးဟာ
အရှက်လဲ မရှိလို့ အကြောက်လဲ မရှိတော့တာပါ
ဒီလို မိန်းမသားတွေကို လူအများ အမြင်မှာ မိကောင်းဖခင် သားသမီးလို့
ဘယ်သူမျိုးကမှ မမြင်တော့ပါ
ကိုယ် စိုက်ပ်ျိုးတဲ့ အပင်ကို ကိုယ်တိုင်ပဲ ရိပ်သိမ်းရတာပါ
အဲ့ဒီအတွက် တချိန်ချိန်မှာ ကိုယ့်ဘဝရဲ့ အကြီးမားဆုံး နောင်တ တရားဆိုတာ ကြိုစောင့်နေတတ်တာမို့
မိန်းကလေးများ ဆင်ခြင် အသိနဲ့ ဣနြေ္ဒရှိဖို့ သိက္ခာကို စောင့်ထိန်းသင့် ပါတယ်လို့ .......
မေခ

Post a Comment