Header Ads

သူတောင်းစား၊ ပြည့်တန်ဆာ လုံးဝမရှိတဲ့ ကမ္ဘာ့စိတ်အချမ်းသာဆုံးနိုင်ငံ (knowledge)


သူတောင်းစားလည်း မရှိ ပြည့်တန်ဆာလည်း လုံးဝမရှိတဲ့ ကမ္ဘာ့ပေါ်မှာ စိတ်အချမ်းသာဆုံး နိုင်ငံ၊ မြတ်စွာဘုရားရဲ့ တရားတော်တွေနဲ့ အခြေခံ ဥပဒေ ရေးဆွဲထားတဲ့ နိုင်ငံ။ တောင်ပေါ် နိုင်ငံငယ်လေး တစ်ခု၊ လူဦးရေအားဖြင့် ၆ သိန်းကျော်သာ ရှိပြီး ဆေးလိပ် သောက်တဲ့သူ 1% ပဲ ရှိပါတယ်။


ဂျင်းဘောင်းဘီ ဘာ ဖက်ရှင် ညာ ဖက်ရှင်တွေလဲ တွေ့ရမှာ မဟုတ်သလို ရိုးရာ အမျိုးသား အမျိုးသမီး ဝတ်စုံကလွဲရင် ဘာမှ မဝတ်ကြလို့ပါ။ ၁၉၉၉ ခုနှစ်ရောက်မှ တယ်လီဗေးရှင်း ကြည့်ရတဲ့ နိုင်ငံတစ်ခုပါ။ စစ်သည်တော်လည်း ၁၆၀၀၀ ပဲရှိပါတယ်။ ဆင်းရဲတဲ့ နိုင်ငံငယ်လေးဖြစ်ပြီး မြို့တော်ဟာ ပဲခူးလောက်တောင် မစည်ပါဘူး။ အထပ်မြင့် အဆောက်အအုံတွေ မရှိပေမယ့် စုတ်ပြတ်နေတဲ့ တဲအိမ်တွေလည်း မရှိပါဘူး။ ပြည့်တန်ဆာ လုံးဝ မရှိသလို သူတောင်းစားလဲ မရှိပါဘူး။



ယောင်္ကျား ၃၀% လောက်ဟာ ဘုန်းကြီးတွေ ဖြစ်ပြီး ၁၀ နှစ်အတွင်း တစ်နိုင်ငံလုံးမှာ အမှုတစ်မှုပဲ ရှိခဲ့ပါတယ်။ အဲ့ဒီ အမှုကလည်း ဘုန်းကြီး ကျောင်းထဲကို ဖိနပ်စီးပြီး ဝင်မိလို့ပါ။ ဆင်းရဲပေမယ့် လူဦးရေရဲ့ ၉၇%ဟာ စာတတ်ကြပါတယ်။ နိုင်ငံခြားကို ထွက်ပြီး ပညာတော်သင် သူတွေရဲ့ 99% ဟာ နေရပ်ကို ပြန်လာကြပါတယ်။ နိုင်ငံသားတွေဟာ ပျော်ရွှင်မှု ရှိကြပြီး ချမ်းသာခြင်းကို ရုပ်ဝတ္တုတွေနဲ့ မတိုင်းတာပဲ စိတ်ချမ်းသာမှုနဲ့သာ တိုင်းတာကြပါတယ်။

စည်းမျည်းခံ ဘုရင် စနစ်ဖြစ်ပြီး ဘုရင်မှာ မိဖုရား တစ်ပါးသာ ရှိပါတယ်။ ပုံပြင် ဆန်ဆန် အချစ်ဇတ်လမ်း လေးလည်း ရှိပါတယ်။ အဲဒါကတော့.. တစ်နေ့ ၁၇ နှစ်အရွယ် အိမ်ရှေ့မင်းသားဟာ တိုင်းခန်း လှည့်လည်တဲ့အခါမှာ ၇နှစ် သမီးအရွယ် မိန်းကလေး တစ်ယောက်က သူ့ကို ခေါ်သွားဖို့ ပြောပါတယ်။ အဲဒီအခါ မင်းသားက - မင်းလဲ အရွယ်ရောက် အိမ်ထောင် မရှိတဲ့အခါ ငါလဲ အိမ်ထောင် မပြုရသေးရင် လာခေါ်မယ် ဆိုပီး ကတိပေး ခဲ့ပါတယ်။



နောင်တစ်ချိန် မင်းသားက ၃၁ နှစ် မိဖုရားက ၂၁ နှစ် အရွယ်မှာ ကတိအတိုင်း လက်ထပ်ခဲ့ပါတယ်။ မင်းသားက ၁၉ နှစ် အရွယ်မှာ ဘုရင်ဖြစ်လာခဲ့ပြီး အောက်စဖို့ တက္ကသိုလ်က ဘွဲ့ရခဲ့ပါတယ်။ အဲဒီနိုင်ငံဟာ ဗုဒ္ဓဘုရားရှင် ဟောကြားတဲ့ တရားတော်တွေထဲမှာ ပါလေ့ရှိတဲ့ တောင်တန်းကြီးပေါ်မှာ ရှိပါတယ်။ ဒီတောင်ပေါ်နိုင်ငံလေးရဲ့ နာမည်ကတော့ ဘူတန်ပဲ ဖြစ်ပါတယ်။

Credit : Original Uploader

No comments

Powered by Blogger.