Header Ads

အပျို တခုလပ် သတ်မှတ်ချက်တွေ အရေးမပါတော့ဘူးဆိုတဲ့ ပက်ထရစ်ရှာ


နိုင်ငံခြား မင်းသမီး ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသူ ပတ်ထရစ်ရှာကတော့ ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုတွေ ရရှိထားတဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။ သူမက တော်ဝင် မင်းသားလေး ဟယ်ရီနဲ့ မီဂန်တို့ရဲ့ မင်္ဂလာ ဓါတ်ပုံလေးကို ရှဲလုပ်ပြီး သူမရဲ့ အတွေးအချို့ကို ရေးတင်ထားပါတယ်။



သူမ ရေးတင်ထားတာက “ အခုတော့ (၂၁) ရာစုလေ… ဘုရင်တွေ ကျွန်တွေ ခေတ်ကုန်ခဲ့ပြီ သူတို့ကြိုက်ရင် ယူလို့ ရခဲ့ကြပြီ နိုင်ငံမတူလည်း ယူကြပြီ တခုလပ်တွေ၊ အပျိုတွေလည်း သိပ်ပြီး အရေးမပါတော့ လူကိုလူလို့ပဲ မြင်ကြတဲ့ခေတ် ” လို့ ရေးသားထားပြီး အခုခေတ်မှာ လူတွေ လွတ်လွတ်လပ်လပ်နဲ့ ချစ်နိုင်၊ လက်ထပ်နိုင်လာကြပြီ ဖြစ်ကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ်။



ပတ်ထရစ်ရှာ တင်ပေးထားတဲ့ စာသားလေးကတော့ ဖတ်တဲ့ လူတိုင်းကိုလည်း ပြောင်းလဲလာတဲ့ လောကကြီး အကြောင်းကို ခံစားမိစေပြီး ကြည်နူးမှုလေးလဲ ဖြစ်ပေါ်သွားစေမှာပါ။

Source - patricia

No comments

Powered by Blogger.