Header Ads

ကိုယ်ရဲ့ပုံကို Facebook ပေါ် မတင်ခင် ဒါလေး အရင် ဖတ်ကြည့်ပါဦး


" ဟဲ့ .. ပေါ်ဦး "

" ဘုရား "

" မိန်းကလေးတွေ Facebook ပေါ် ပုံတင်တာ
မောင်မင်း ဘယ်လို မြင်သတုန်း  "

" မှန်လှပါ အရှင်မင်းကြီး
ဖဲဝိုင်းထဲက ဆေးလိပ်တို လိုပါပဲ ဘုရား "

" ဟေ … လင်းစမ်းပါဦး ကွဲ့ "

" မှန်လှပါ အရှင်မင်းကြီး
ဖဲဝိုင်းမှာ ဆေးလိပ်မီး ညှိရင် ဟိုလူက တစ်ဖွာ
ဒီလူက တစ်ဖွာ နဲ့ လက်မလည်ပါဘူး ဘုရား …
ထို့နည်း၎င်း ဖေ့စဘုတ်ပေါ် ပုံတင်တဲ့ မိန်းကလေးတွေလဲ
ဟိုလူက အာဘွားးး ဒီလူက အာဘွားးး နဲ့ လက်မလည်ပါဘူး ဘုရား "

" ဟဲ့ ပေါ်ဦး
အဲ့ဒါဆို ယောက်ျားလေးတွေ ပုံတင်တာ ကျတော့ရော ဟဲ့ .. "

" မှန်လှပါဘုရား
အနာ တစိုစိုနဲ့ လမ်းဘေး ခွေးဝဲစား ကို လူတွေ တွေ့နေရသလို ပါပဲ ဘုရား "

" ဟေ !!! .. ဘယ်လို ?
ငါကိုယ်တော်မြတ်ကို ရှင်းပြစမ်းပါဦး ... ပေါ်ဦး "

" ဟိုလူက ' ထွီ ' ... ဒီလူက ' ထွီ '
တထွီထွီနဲ့ပါ ... ဘုရား "

" ဟေ  ... သူ့ကြည့်ပဲလား ကွဲ့ "

" သူငယ်ချင်းတွေ ဆိုတော့လည်း
မကောင်းတတ်လို့  Like ပေးပီးမှ  ' ထွီ ' တာပါ ဘုရား "

" ဟေ "

Aung Win , Phoe mel

No comments

Powered by Blogger.