Header Ads

အချစ်နဲ့ပတ်သတ်ပီး ထူးခြားတဲ့အချက် (၇) ခု


၁) အချစ်ကို စတင် ခံစားမိချိန်မှာ ကြည်နူးဖွယ်ရာ ကြောက်ရွံ့မှုကို လူတိုင်း ခံစားရပါတယ်တဲ့။ ဥပမာ အသံတွေ တုန်နေတာ၊ ဒူးတွေ တုန်နေတာ၊ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တာ၊ ဘာပြောလို့ ပြောရမှန်းမသိတာ၊ နှလုံးခုန်နှုန်း တွေ မြန်နေတာ -ပေါ့။ ဒါက ဦးနှောက်ထဲကို ၀င်လာတဲ့ အချစ်ကြောင့် ခန္ဓာဗေဒက ချက်ချင်း တုန့်ပြန်တဲ့ ချစ်ဖွယ်ရာ ကြောက်ရွံ့မှုပေါ့။

၂) ချစ်သူတွေ တော်တော် များများဟာ နမ်းပြီ ဆိုရင် ညာဘက်ခြမ်းကိုသာ ခေါင်းတွေ တိမ်းစောင်းပြီး နမ်းလေ့ ရှိပါတယ်တဲ့။ 65% သော ချစ်သူ စုံတွဲတွေဟာ ညာဘက်ကိုသာ ခေါင်းတိမ်းစောင်းပြီး နမ်းလေ့ ရှိပါတယ်တဲ့။

၃) သမိုင်းမှာ အစောဆုံး အချစ် သီချင်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ မှာ ဖွဲ့စပ်ခဲ့တာ ဖြစ်ပြီး Tigris မြစ်နဲ့ Euphrates မြစ်ဝှမ်းမှာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ရေးသူ အမည်လည်း မသိရှိရပါဘူး။

၎) တကယ် အချစ်စစ်ဖြစ်ဖို့ ခန္ဓာကိုယ်၊ စိတ်၊ အာရုံကြော စနစ်တွေကို မသိစိတ်က လှုံ့ဆော်ရတာ အချိန်အားဖြင့် တစ်နှစ်လောက် ကြာပါတယ်တဲ့။ အဲဒီ အချက်က ဘယ်အထိ အသုံးဝင်သလဲ ဆိုရင် ငယ်ချစ်ဟောင်း နှစ်ပေါင်းတစ်ရာ မမေ့သာ ဆိုတဲ့အထိ ဖြစ်ပါတယ် တဲ့။

၅) ရေရှည် တည်မြဲတဲ့ ချစ်သူစုံတွဲ ငါးတွဲမှာ တစ်တွဲဟာ ကလေး ဘ၀ကတည်းက အတူတူ ကြီးပြင်းခဲ့ကြတဲ့ ချစ်သူတွေ ဖြစ်ပါတယ်တဲ့။ တစ်နည်းပြောရရင် ရေရှည်တည်မြဲတဲ့ ချစ်သူစုံတွဲတွေ ထဲမှာ ကလေးဘ၀ ကတည်းက အတူတူ ကြီးပြင်းခဲ့ကြတဲ့ ချစ်သူ 20% ပါဝင်ပါတယ်။

၆) Philadelphia International Airport (လေဆိပ်)ဟာ survery အရ နံပတ် (၁) ချစ်သူနဲ့ ဆက်သွယ်မှုလုပ်ဖို့ အကောင်းဆုံး နေရာလို့ ဆိုပါတယ်။

၇) မနက်ခင်းပိုင်းမှာ ခင်ပွန်းရဲ့ အနမ်းကို ခံရတဲ့ ဇနီးသည်တွေဟာ အနမ်းမခံရတဲ့ ဇနီးသည်ထက် ပျှမ်းမျှ (၅)နှစ် အသက်ပိုရှည် ပါတယ်တဲ့။

နတ်စည်တော်

No comments

Powered by Blogger.