လက်ထပ်ဖို့ ပိုက်ဆံစုနေတုန်း ဆိုတဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာ
အနုပညာ လောကမှာ ဝါသနာတူ စိတ်တူကိုယ်တူ တေးသံရှင် စုံတွဲတွေမှာ ကျော်ထွဋ္ဋ်ဆွေ နဲ့ နန်းသူဇာ တို့လည်း ပါပါတယ်။ ကျော်ထွဋ္ဋ်ဆွေက သူကိုယ်တိုင် တေးရေး ၊ တေးဆို ဖြစ်သလို ချစ်သူ နန်းသူဇာ အတွက်လည်း သီချင်း စပ်ပေးပါတယ်။
“ လာရာလမ်းလေး ” သီချင်းကို ကျော်ထွဋ္ဋ်ဆွေက ကိုယ်တိုင် မိန်းကလေး တစ်ယောက်ရဲ့ နေရာက ခံစားပြီး နန်းသူဇာ အတွက် တေးစပ် ပေးထားပါတယ်။
“အခုလက်ရှိမှာ အခွေထွက်ဖို့ အစီအစဉ် နှစ်ယောက်လုံးမှာ မရှိပါဘူး။ တစ်ပုဒ်ချင်းစီ အွန်လိုင်းမှာပဲ တင်ဖြစ်ပါတယ်။ နှစ်ယောက်က ဆန့်ကျင်ဘက် ဆိုတော့ အခွေပေါင်းထုတ်ဖို့ အဆင်မပြေပါဘူး” ဆိုပြီး Myanmar Celebrity နဲ့ အင်တာဗျူးမှာ ပြောပြသွားပါတယ်။
“ နန်းသူဇာအပေါ် အကိုကြီး တစ်ယောက်လို ၊ အဖေတစ်ယောက်လို ၊ ချစ်သူ တစ်ယောက်လို ချစ်ပါတယ်။ ကျွန်တော် သူ့အပေါ်မှာလည်း သစ္စာရှိပါတယ်။” လို့ ဆိုလာသူက ကျော်ထွဋ္ဋ်ဆွေပါ။ ချစ်သူ နန်းသူဇာကို ချစ်စနိုးနဲ့ အတုံးလို့ ခေါ်ပါတယ် တဲ့ ။ တကယ်တော့ တုံးလွန်းတဲ့ ချစ်သူမို့လို့ အတုံးလေး လို့ ခေါ်တာပါ ဆိုပြီး ရယ်ကျဲကျဲနဲ့ ပြောပါတယ်။
နန်းသူဇာက တော့ ကျော်ထွဋ္ဋ်ဆွေကို ကိုကျော်လို့ ခေါ်ပြီး တခါတလေ ကျပြန်တော့ “ကျော်ထွဋ္ဋ်ဆွေ”လို့ပဲ ရွယ်တူတွေလို ခေါ်ပါသတဲ့။ နှစ်ဦးသားက လက်ထပ်ဖို့ အတွက်ကတော့ အသက်ငယ် နေသေးသလို အဓိကကတော့ မင်္ဂလာဆောင်ဖို့ ပိုက်ဆံ စုနေရတုန်းပါ လို့ ဆိုလာပါတယ်။
စင်ပေါ်မှာ သီချင်းဆိုရတိုင်း နန်းသူဇာကို “ကျွန်တော့် ညီမလေး” ပါလို့ ချစ်စနိုး ပြောတတ်တဲ့ ကို ကျော်ထွဋ္ဋ်ဆွေ ရေ… ပိုက်ဆံတွေ အများကြီးစုပြီး နန်းသူဇာနဲ့ လက်ထပ်နိုင်ပါစေ။












Post a Comment