Header Ads

နောက်ကျောအဆီတွေ တပတ်အတွင်းကျစေမယ့် လေ့ကျင့်ခန်း (၃) ခု


သင့်ရဲ့ နောက်ကျောမှာ အဆီတွေ ထူနေရင် ဘာပဲဝတ်ဝတ် အဆင်မပြေသလို၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း လျော့ကျစေပါတယ်။ အဲ့ဒီတော့ သင့်နောက်ကျောက အဆီတွေကို တစ်ပတ်အတွင်း ကျသွားစေမယ့် ကိရိယာလွတ် အိမ်နေရင်း လေ့ကျင့်ခန်းလေး တွေကို ဖော်ပြပေး လိုက်ပါတယ်။


ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ပေးဖို့ မမေ့ပါနဲ့နော်။

လေ့ကျင့်ခန်း နံပါတ် (1)

သင့်လက်ကို ရင်ဘတ်မှာ ကြက်ခြေခတ် ပုံစံထားပြီး ခြေထောက်ကို အနည်းငယ် ဟထားပါ။ ကိုယ်ကို မတ်နေအောင် ထားပြီး အဲ့ဒီ့ ပုံစံအတိုင်း အရှေ့ကို ကုန်းလိုက် ပြန်ထလိုက် ပြုလုပ်ပေးပါ။ ပိုပြီး ထိရောက်စေချင်ရင်တော့ လက်ကို ခေါင်းအနောက်မှာ ကပ်ထားကာ ပြုလုပ်ပေးပါ။ ၁၅ ခေါက်ခန့် ပြုလုပ်ပေးပါ။


လေ့ကျင့်ခန်း နံပါတ် (2)

ကြမ်းပြင်မှာ မှောက်လိုက်ပြီး ခြေချောင်းလေးတွေနဲ့ ကြမ်းပြင်ကို ထိပြီး ခြေထောက် နှစ်ချောင်းကို ဟထားပါ။ ပြီးရင်တော့ အဲ့ပုံစံ အတိုင်း ကျောနဲ့လက်ကို မြှောက်ကာ လက်ကို ဘေးဘက်မှ အနောက်ဖက်သို့ ဖြည်းညှင်းစွာ ဆန့်တန်းပါ။ ပြီးရင် နဂို အနေအထားအတိုင်း ပြန်နေပါ။ ၅ ခေါက်လောက် ပြုလုပ်ပေးပါ။


လေ့ကျင့်ခန်း နံပါတ် (3)

ကြမ်းပြင်သို့ လေးဖက်ကုန်းပြီး ဘယ်ခြေညာလက်၊ ညာခြေဘယ်လက် အလှည့်ကျ ဖြည်းညှင်းစွာ မြှောက်လိုက် ချလိုက် ပြုလုပ်ပေးပါ။ တစ်ဖက်ကို ၁၀ ခါခန့် ပြုလုပ်ပေးပါ။

အောက်တွင် ရုပ်သံကြည့်ရှုနိုင်သည်...



Em Em

No comments

Powered by Blogger.