ယောင်္ကျားလေးတစ်ယောက်ကို စွဲလန်းစေတဲ့ အချက် (၅) ချက်
ယောကျာ်းလေး တစ်ယောက်က မိန်းကလေး တစ်ယောက်ကို စွဲလန်းစေသော အကြောင်းအရာများ..
၁) အလေးထားမှု
ကိုယ်တစ်ခုခု အဆင်မပြေ ဖြစ်တဲ့အခါ အသေးမွှား ကိစ္စလေးကအစ တိုင်ပင်ပါ ဆွေးနွေးပါ အကြံဉာဏ်ယူပါ.. အဲ့လိုဆိုလျှင် သူ့ကို အရေးပါသူ တစ်ယောက်အဖြစ် သတ်မှတ်ခံရလို့ သူ ဝမ်းသာနေလိမ့်မည်..
၂) ဂရုစိုက်မှု
သူ ဘာလုပ်နေလဲ ဘယ်လိုနေလဲ ဘာဖြစ်နေလဲ အားလုံးကို ဒေါက်ထောက် ကြည့်နေပါ.. မကြိုက်တာရှိလည်း ပြောပါ.. အဆင်မပြေတာ ရှိလည်း အကြံဉာဏ်ပြုပါ... အဲ့လိုဆိုလျှင် သူ့အတွက် စိတ်ပူပေးလို့ သူ ပီတိ ဖြစ်နေလိမ့်မည်..
၃) တန်ဖိုးထားမှု
ကိုယ့်ချစ်သူ ယောကျာ်းလေးကို ရတနာ ပစ္စည်းတစ်ခုလို သဘောထားပီး ဆုံးရှုံးရမှာကို ကြောက်ပေးပါ.. သဝန်တိုတာတွေ လုပ်ပါ.... အဲ့လိုဆိုလျှင် သူ့ကို မက်မောစွာ လိုချင်နေတာကို သိလို့ ဂုဏ်ယူနေ ပါလိမ့်မည်..
၎) အမျှော်မြင်ရှိမှု
နောင်တစ်ချိန် လက်ထပ်ပြီးလို့ အိမ်ထောင်တစ်ခု တည်ထောင်တဲ့ခါ ဘာတွေ လုပ်ရင် ကောင်းမယ် ဘယ်လို လုပ်သင့်တယ် ဘာတွေ လုပ်ရမယ် ဆိုတဲ့ စိတ်ကူး ရည်ရွယ်ချက် ရှိပါ... အဲ့လိုဆို ရှိပီးသားငွေ ဆိုလျှင် အထွက်မခံပဲ စုပေးမည့် အိမ်ထောင်ရှင်မလေး ဆိုပီး သူ ကျေနပ်နေလိမ့်မည်..
၅) စိတ်ကို သာယာစေမှု
လူတိုင်းဟာ ပုထုဇဉ်တွေ ဖြစ်ခြင်းကြောင့် ကာမနဲ့ အလှတရားကို မက်မောတတ်ကြလို့ Sex ပိုင်းကိုလဲ အသင့်သင့် လိုက်လျောပေးပါ.. အမြင်မှာမရိုး မငြီးငွေ့ရအောင် အမြဲ လှနေအောင် အလှပကိုလည်း ဂရုစိုက်ပေးပါ.... အဲ့လိုဆိုလျှင် သူ့အတွက် ပေးဆပ်လို့ ကျေနပ်နေ ပါလိမ့်မည်..
မိမိက ဒါတွေ အားလုံး လုပ်ဆောင်နိုင်ပီလား.. လုပ်ဆောင်နိုင်ပီ ဆိုရင်တော့ ပါးရိုက် နှင်ထုတ်တောင် အဲ့ဒီယောကျာ်းလေး တစ်ယောက်ဟာ လွယ်လွယ် ထွက်သွားနိုင်မှာ မဟုတ်ပဲ မိမိအနားတွင် တွယ်ကပ်နေပေလိမ့်မည်~😉
------------------
credit# Han Zaw Tun

Post a Comment