မကျွေးချင်ရင် မပြပါနဲ့...
အရမ်းကောင်းလွန်းလို့ မျှဝေပါသည်။
=======
အထက်တန်းကျောင်း တစ်ကျောင်းတွင် ဖြစ်သည်… ကျောင်းသူ တစ်ဦးနှင့် ကျောင်းသားတစ်ဦး စကား ပြောနေသည်ကို ဆရာမ ဘေးမှခြောင်းပြီး နားထောင်နေသည်။
" ကျော်ကျော်ရေ ဒီမှာ ကြည့်ပါ့အုံး ငါ့အိမ်က ပေးလိုက်တာ။ ပန်းသီးတစ်လုံး။ အရမ်းစားလို့ ကောင်းမှာပဲဟဲ့ ။"
" ငါ့ကိုလဲ တခြမ်း ကျွေးပါ့လား မြင့်မြင့်ရယ် ငါလဲ စားချင်လို့ပါ "
" အောင်မှာ ဘာလို့ကျွေးရမှာလဲ ဒီပန်းသီးက အရမ်းစားလို့ ကောင်းတာဟဲ့ နင့်ကို ကျွေးရင် ငါနည်းနည်းပဲ စားရမှာပေါ့ဟဲ့ "
" မြင့်မြင့်ရာ နင် တော်တော် အကျင့်ပုပ်တာပဲ မကျွေးချင်ပဲ ငါ့ကို ဘာလို့ ပြတာလဲ ။ အခု ငါက မြင်တော့ အရမ်း စားချင်တာပေါ့ နင် ငါ့ကို ကျွေးဟာ"
" သေလိုက်ပါလား မကျွေးပါဘူး"
ကျော်ကျော်သည် သူများနှင့် မတူပါ ။ လိုချင်တာ မရမက ယူတက်သည် ။မြင့်မြင့်က ပန်းသီးကို ပြပြီး မကျွေးသဖြင့် လုယူဖို့ စဉ်းစားလိုက်သည် ။
" မကျွေးရင် လုတယ်ဟာ"
ကျော်ကျော် ပန်းသီးလုပြီး ပြေးသွားသည်။ မြင့်မြင့် ငိုပြီ။ သူ့ အပြစ်နှင့်သူ ခံရလေပြီ ။ ကြွားချင် ပြချင်တော့ ခံရတာပေါ့ ။ ဆရာမ ဆီ သွားတိုင်သည် ။
ဆရာမ ဖြစ်ကြောင်းကုန်စင် အကုန် သိပြီးသား။ ကျော်ကျော် ကို ထိုင်ထ အခါ ၅၀ လုပ်ပြီး အပြစ်ပေးလိုက်သည်။
ထို့နောက် အတန်းထဲမှ ကျောင်းသား ကျောင်းသူများကို ဆုံးမစကား ပြောကြားလေသည်။
" ကလေးတို့ ရေ ။ အခု မြင့်မြင့်နဲ့ ကျော်ကျော်တို့ ပြောတာတွေကို ဆရာမ အကုန်ကြားတယ်… မြင့်မြင့်က ပန်းသီးကို ကျော်ကျော် မြင်အောင် ပြတယ် ။ စားချင်လာအောင် အရသာရှိကြောင်း ပြောတယ်…"
" အရမ်း စားချင်လာတော့ သူမကျွေးဘူး… အဲဒီတော့ ကျော်ကျော်က စိတ်မထိန်းနိုင်ပဲ လုစားလိုက်တယ်… တကယ်ဆိုရင် မြင့်မြင့်မှာလဲ အပြစ်မကင်းပါဘူး ။ သူ့ အပြစ်နဲ့သူ ခံရတာ ဒီလိုပဲ သမီးတို့လဲ မှတ်သားထားပါ"
" အခုခေတ်မှာ မိန်းခလေး တွေဟာ ယောင်္ကျားလေးတွေ မြင်အောင် ရင်သားတွေဖော် ပေါင်တွေပြတဲ့ အဝတ်အစားတွေ ဝတ်ကျတယ် ။ ခုန ပန်းသီး လိုပေါ့ ။ မကျွေးချင်ပဲ သူတစ်ပါး မြင်အောင် ပြတာဟာ အန္တရာယ် ကို ဖိတ်ခေါ်သလိုပဲ "
" မိန်းကလေးတွေက ဒီလို အတွင်းသားတွေ ပြတော့ စိတ်ရိုင်းရှိတဲ့ ယောင်္ကျားသားတွေက ဖြစ်ချင်ရာ ဖြစ်ဆိုပြီး လုစားတက်တယ် ။ သမီးတို့လည်း နောင်တချိန် အရွယ်ရောက်လာရင် လုံလုံ ခြုံခြုံ ဝတ်ကြပါလို့ ဆရာမ မှာချင်တယ် "
"ဟုတ်ကဲ့ပါ ဆရာမ ။" သမီးတို့ လုံလုံ ခြုံခြုံ ဝတ်ပါ့မယ် ။ "
မြန်မာမလေး တို့ရေ ပုံပြင်လေး ကတော့ ဒါပါပဲကွယ်"
***
မကျွေးချင်ရင် မပြပါနဲ့ လုစားခံ ရတတ်တယ်နော် *** နားလည် သဘောပေါက်ပါစေ ၊။
မယ်လ်မဒီ

Post a Comment