EX ကို ချစ်နေသေးတာလား..
သူ ရည်းစား အသစ် ရသွားတာကို ဘာလို့ သဝန် တိုနေမိ တာလဲ ? ဘာလို့ နောင်တ ရမိ သလို ဖြစ်နေ တာလဲ ? ငါ သူနဲ့ ပြန်တွဲချင် သေးလား… ဟင့်အင်း ဒါလဲ မဟုတ်သေး ပါဘူး..
ဒါဆို ငါ ဘာများဖြစ်နေတာလဲ ? ဘာဖြစ်ချင် နေတာလဲ ? အဲ့ဒီ အဖြေကို ဥပမာလေးနဲ့ ပြောပြ ပါမယ်…
ကျမမှာ အရမ်းကို လှတဲ့ ဖိနပ်လေး တစ်ရံ ရှိပါတယ်။ အရမ်းလည်း ဈေးကြီးတယ် လိုချင် လွန်းလို့ ပိုက်ဆံကို သေချာ စုပြီး ဝယ်ထား တာလေး ပေါ့။ ဒါပေမဲ့ ဖိနပ်လေးက နည်းနည်းလေး သေးနေတယ်..
အပြင် သွားခါနီးတိုင်း စီးဖို့ ကြိုးစား ပေမယ့် ဘယ်တော့မှ အဆင်မပြေ ပါဘူး။ သူများကို ပေးပစ် ဖို့လည်း အရမ်းကို နှမြော မိလို့ မစီးဖြစ် ပေမယ့် သိမ်းထား တာပါ..
တစ်နေ့တော့ စိတ်ကူး ပေါက်ပြီး သူငယ်ချင်း တစ်ယောက်ကို ပေးလိုက် တယ်။ နောက်တစ်ရက် တွေ့တော့ သူက အဲ့ဒီ ဖိနပ်လေးကို စီးလာတယ် လေ သူနဲ့ အရမ်းကို လိုက်ပြီး အရမ်းကို လှနေ ပါတယ်..
ဖိနပ်လေး ကြောင့် သူမ အလှက ပို ပေါ်လွင် သွားပါတယ်။ ငါလည်း အဲ့ဖိနပ် လေးကိုသာ ကြိုးစားပြီး ဝတ်ကြည့်ရင် အရမ်း လှမှာပဲ လို့ တွေးမိလာ ပါတယ်။ ဒါပေမဲ့ ဖိနပ်လေးကို ယူပြီး ထပ်စီးကြည့် တော့လည်း Size သေးနေတော့ ကျမ ခြေထောက် အရမ်း နာပြီး လမ်းတောင် မလျှောက်နိုင်လောက် အောင်ပါပဲ။ ဘယ်လိုမှ အဆင်မပြေ တာပါ..
ဒါမယ့် သူမနဲ့ ကတော့ သိပ်လှ ပါတယ်။ အဲ့ဒီလိုပါပဲ ရည်းစားဟောင်း ဆိုတာ ဟာလဲ အမှတ်တရတွေ အများကြီး ရှိဖူးတယ်။ အရာအားလုံး မြှုပ်နှံပြီး ချစ်ခဲ့ ဖူးကြတဲ့ သူတွေပါ..
အဲ့ဒါကြောင့်ပဲ တခြားသူ ဆီမှာ တွေ့တဲ့ အခါ တခြားသူဆီ ရောက်သွားတဲ့ အခါ ပိုက်ဆံ အများကြီး ပေးထားတဲ့ ပစ္စည်း သူများကို ပေးရမှာ နှမြောမိ သလို ခံစားချက် အများကြီး ပေးထားတဲ့ သူကို တခြားသူကို ပေးရမှာ နှမြော မိယုံ သက်သက်ပါ..
ငါ ခုနေ တစ်ခါလောက် ထပ်စီး ကြည့်ရင် ကောင်းမလား လို့ တွေးမိတိုင်း သင် စီးခဲ့ တုန်းက ဘယ်လောက်တောင် နာခဲ့လဲဆိုတာ ပြန် သတိရပါ..
အဲ့ဒီ ဖိနပ်ကို ချွတ်လိုက်တဲ့ အချိန်မှာ သင် ဘယ်လောက် စိတ်သက်သာရာ ရသွားတယ် ၊ နာကျင် တာတွေ ပျောက်သွားတယ် ဆိုတာ ပြန် သတိရကြည့် ပါ..
သူတို့အတွဲ ပျော်နေတဲ့ ပုံတွေ fb မှာ တွေ့တဲ့ အခါ သူငယ်ချင်းတွေက လာပြောပြတဲ့ အခါ တွေမှာလည်း " ငါကတော့ ငတုံးပဲ တကယ်ဆို ဒါ ငါ့ဟာပဲ သူများကို မပေးသင့်ဘူး ခုချိန် သူ့ရည်းစား အသစ်က ပျော်နေ သင့်တာ မဟုတ်ဘူး ငါ ပျော်နေရမှာ " လို့ တွေးမိတတ် ပါတယ်..
အဲ့ဒီ အတွေးက တကယ်တော့ မှားပါတယ်။ သူတို့ နှစ်ယောက် ပျော်နေ ပေမယ့် တကယ်တမ်း သူ ကျမ အနားမှာ ရှိရင်လည်း ကျမ ပျော်မှာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ အစထဲက မတော်တဲ့ဟာ မလို့ပါ …
ခုချိန်မှာ သူများနဲ့ လှတာ မြင်တိုင်း ကိုယ်နဲ့လည်း လှမယ် ၊ အဆင်ပြေမယ် လို့ မတွေးမိတော့ ပါဘူး ကိုယ်နဲ့ မတော်တဲ့ ဖိနပ်ကို သူများ စီးထားလို့ လှတာ မြင်ရင်လည်း ပြန်မလိုချင် တော့ပါဘူး..
နှမြောတာ သက်သက်နဲ့ အနာခံပြီး လဲမစီး သင့် တော့ပါဘူး တစ်နေ့နေ့ မှာတော့ ကိုယ်နဲ့ ကွက်တိ ဖြစ်မယ့် ဖိနပ် လှလှလေး တစ်ရံ တွေ့ဦးမယ် လို့ ယုံကြည် ပါတယ်…
💗💗💗
Credit Someone

Post a Comment