Header Ads

ချစ်သူနှစ်ဦးကြား သံယောဇဉ်ပျက်ပြားစေတဲ့ လုပ်ရပ်များ


=======

တစ်ခါတလေမှာ ပြဿနာ ကြီးကြီးမားမား မရှိရပါဘဲ အကြောင်းရင်းလေး တစ်ခုကြောင့်နဲ့တင် ပျက်ပြားသွားရတဲ့ အချစ်ရေးတွေ ရှိတတ်ပါတယ်။ ဒါဟာ အချိန်ကာလ တစ်ခုအထိ အချစ်ရေးကို လှိုက်စားနေတဲ့ ပိုးတွေကြောင့် ဖြစ်ပါတယ်။ ဒီလို အချစ်တစ်ခုကို ပျက်ပြားအောင် လုပ်နိုင်တဲ့ အပြုအမူတွေ ဆိုတာ တစ်ခုချင်းစီ ကြည့်ရင်သာ မသိသာပေမဲ့ အချိန်ကြာသွားပြီး လုပ်ရပ်တွေ များလာပြီ ဆိုရင် တကယ်ကို ကြောက်စရာ အန္တရာယ်တစ်ခု ဖြစ်လာနိုင်ပါတယ်။

ဒီတော့ အချိန်မီ ကြိုသိပြီး ရှောင်ရှားနိုင်စေဖို့ အချစ်ရေးကို ပျက်ပြားစေတဲ့ လုပ်ရပ်လေးတွေက ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်။

၁) အမှန်တရားကို သိဖို့ မကြိုးစားဘဲ ကိုယ်ထင်မိထင်ရာ စွပ်စွဲပြောဆိုခြင်း။

၂) သံသယစိတ် ဖြစ်လွန်းပြီး သဝန်တိုလွန်းခြင်း။

၃) ကိုယ့်ရဲ့ စိတ်မလုံခြုံမှုတွေ၊ မပြည့်စုံမှုတွေကို ချစ်သူအပေါ် ရမယ်ရှာခြင်း။

၎) ချစ်သူဆီကနေ မဖြစ်နိုင်တဲ့ အရာတွေ မျှော်လင့်ထားခြင်း။

၅) ချစ်သူကို အရမ်းချစ်ပြီး လက်လွှတ်ဆုံးရှုံး မခံနိုင်လွန်းခြင်း။

၆) ကိုယ်မဟုတ်တဲ့ တခြား တစ်ယောက်အဖြစ် ဟန်ဆောင်လိမ်ညာ ထားခြင်း။

၇) ရည်းစားဟောင်းနဲ့ အဆက်အသွယ် မပြတ်ခြင်း။

၈) အရင်တုန်းကထက် ပိုပြီး အနာဂတ်ကို တွေးပူလွန်းခြင်း။

၉) ချစ်သူတွေ ကြားမှာတောင် မယုံကြည်တာတွေ၊ မပွင့်လင်းတာတွေ ရှိနေခြင်း။

၁ဝ) ချစ်သူရဲ့ အားနည်းချက်ကို မကြာခဏ ထောက်ပြတတ်ခြင်း။

ဒီလို အပြုအမူလေးတွေက မသိမသာ လုပ်လိုက်မိတဲ့ အပြုအမူလေးတွေ ဆိုပေမဲ့ ချစ်သူရဲ့ ရင်ထဲမှာတော့ အပ်နဲ့ တစ်ခါထိုးလိုက် သလိုပါပဲ။ ဒီလိုနဲ့ ရင်ထဲမှာ ဇကာပေါက် ဖြစ်သွားတဲ့အခါ အချစ်တွေ မရှိတော့တာမျိုး ဖြစ်သွားတာပေါ့။

ဒီလို လုပ်ရပ်လေးတွေကို ရှောင်ပြီး ပိုမို လှပသာယာတဲ့ အချစ်ရေးကို တည်ဆောက်နိုင်ကြပါစေရှင်။

Credit - ဂန္ထဝင်

No comments

Powered by Blogger.