Header Ads

အရုပ်မလေးလို လှလွန်းလို့ နာမည်ကြီးနေတဲ့ ဘောလီဘောမယ်လေး


လတ်တလော လူမှုကွန်ယက်တွေ ပေါ်မှာ လူအများ စိတ်ဝင်စား ခံနေရတဲ့ အားကစားမယ်လေး ကတော့ Alisa Manyonok ဆိုသူလေးပဲ ဖြစ်ပါတယ်။ သူမဟာ ရုရှားနိုင်ငံရဲ့ Primorye ဆိုတဲ့ ဘောလီဘောအသင်းမှာ ကစားနေတဲ့ ဘောလီဘော အားကစားမယ်လေး တစ်ဦးလည်း ဖြစ်ပါတယ်။



အသက် ၂၁ နှစ်ရှိနေပြီ ဖြစ်တဲ့ သူမဟာ ၂၀၁၃ ခုနှစ်တုန်းက ကျင်းပတဲ့ ရုရှားအလှမယ် ပွဲမှာလည်း Miss ဆုကို ရရှိခဲ့ပါသေးတယ်။ ယခု အခါမှာတော့ သူမဟာ အားကစားသမား ဘဝအပြင် ကြော်ငြာတွေအတွက် ဓာတ်ပုံ ရိုက်ကူးနေတဲ့ မော်လ်ဒယ်အလုပ် ကိုလည်း လုပ်ကိုင်လို့နေပါတယ်။



စွဲမက်ဖွယ်ရာ အလှလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမရဲ့ အလှကတော့ ပုရိသတွေကို ကြွေဆင်းသွားအောင် ညို့ယူဖမ်းစား နိုင်သူလေးလည်း ဖြစ်ပါတယ်။ ယခု အခါမှာတော့ သူမဟာ လူမှုကွန်ယက်ပေါ်မှာ ပရိသတ် အခိုင်အမာ ရရှိထားပြီး သူမကို ချစ်ခွင့်ပန် ထားသူတွေကလည်း ဒုနဲ့ဒေး ရှိတယ် လို့လည်း သိရှိရပါတယ်။




Source : Daily Star

No comments

Powered by Blogger.