ဘုရင်ကို ယူလိုက်မှ ဧကရာဇ်ဘုရင်မ ဖြစ်မှာ မဟုတ်ဘူး...
ဧကရာဇ် ဘုရင်ကို ယူလိုက်မှ ဧကရာဇ်ဘုရင်မ ဖြစ်မှာ မဟုတ်ပါဘူး…
ဘယ်သူ့ ပုခုံးကိုမှ အမှီအခိုမပြုပဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြနိုင်ရင် ကိုယ်တိုင်က ဧကရာဇ်ဘုရင်မ ဖြစ်ပါတယ်။
ချမ်းသာတဲ့ ယောက်ျားကို ဖမ်းချိတ်မှ သူဌေးသမီး ဖြစ်မှာ မဟုတ်ပါဘူး…
ဘယ်စိန်နားကပ် အရောင်မှ မပါပဲ ပါးပြောင်ပြနိုင် ကိုယ်ပိုင် အရည်အချင်းနဲ့ ဘဝကို လျှောက်ပြနိုင်ရင် ကိုယ်တိုင်က သူဌေးသမီး ဖြစ်ပါတယ်။
သိပ်တော်တဲ့ လက်တွဲဖေါ်ကို ရွေးချယ်မှ ပျော်ရွှင်စရာတွေ ရမှာ မဟုတ်ပါဘူး…
တစ်ယောက်တည်းနဲ့ လူရိုသေ ရှင်ရိုသေ နေရဲ အပူအပင်ကင်းကင်းနဲ့ Stress တွေကိုကျော်ဖြတ်ရဲရင် နေ့ရက်တိုင်းက ပျော်ရွှင်စရာတွေချည်း ရနေပါလိမ့်မယ်။
ငွေဖြည့်ကဒ် တစ်ခုလို တစ်ခါသုံး အခြစ်ခံရပြီး လွှင့်ပစ်ခံရတဲ့ဘဝ မရောက်စေနဲ့…
ဘဝထဲကို YBS စီးသလို တက်လိုက်ဆင်းလိုက် လာလုပ်နေတာမျိုး လက်သင့်မခံပါနဲ့…
ပရုတ်လုံးလို လုံးပါးပါး ပျောက်ကွယ်သွားမယ့် နူးညံ့တဲ့ မိန်းခလေး အဖြစ်မခံပါနဲ့… ကျောက်ဆောင်လို ကြံ့ကြံ့ခိုင်နေပြနိုင်တဲ့ မာကျောတဲ့ မိန်းခလေးပဲ ဖြစ်နေပါစေ။
မျက်ရည် ထစ်ကနဲဆို ကျတတ်တဲ့ နုံအအ မိန်းခလေး မဖြစ်စေနဲ့… ဆတ်ဆတ်ထိမခံ ပြတ်သားတတ်တဲ့ ရက်စက်တဲ့ မိန်းခလေးပဲ ဖြစ်နေပါစေ။
ရေခဲတုံးလို အရည်ပျော် ပျက်စီးသွားမယ့် ပျော့ညံ့ညံ့ မိန်းခလေး မလုပ်နဲ့… Fancy ကလစ်လို သူများခေါင်းထက် တက်နေမယ့် ခပ်သွက်သွက် မိန်းခလေးပဲလုပ်ပါလေ။ ။
#s_m (Soe Moe Naing)

Post a Comment