ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပါ..
^^^^^^^^^^
သူဋ္ဌေးသားတိုင်း သူဋ္ဌေး မဖြစ်နိုင်သလို...., သူဋ္ဌေးသား/သမီးကို ယူတိုင်း သူဋ္ဌေးဖြစ်မယ်လို့ မထင်လိုက်ပါနဲ့။
ဆင်းရဲသားတိုင်း အမြဲကျွန် မဖြစ်နိုင်သလို...., ဆင်းရဲတဲ့ သား/သမီးကို ယူတိုင်းလည်း တစ်သက်လုံး ဆင်းရဲမယ်လို့ မတွေးလိုက်ပါနဲ့။
မိဘက ချမ်းသာလို့ ကိုယ်ကိုယ်တိုင် အရည်အချင်း မရှိရင် သူဋ္ဌေးသား/ သမီးပဲ ဖြစ်လာမှာ.... သူဋ္ဌေးဖြစ်လာမှာ မဟုတ်ပါဘူး။
မိဘက ဆင်းရဲလို့ ကိုယ်ကိုယ်တိုင် အရည်အချင်း မရှိရင် ဆင်းရဲတွင်း နက်သည်ထက် နက်နေဦးမှာပါ။
ဆင်းရဲသည် ဖြစ်စေ ၊ ချမ်းသာသည် ဖြစ်စေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှ "သခင်" ဖြစ်လာမယ်။
လူ့ဘဝမှာ ချမ်းသာသည်ဖြစ်စေ ၊ ဆင်းရဲသည်ဖြစ်စေ ကိုယ့်အား ကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သော လူသားတိုင်းသည် "ကျား" ဖြစ်ဖြစ် "မ" ဖြစ်ဖြစ် ကိုယ့်ဘဝကို ကိုယ်ပိုင်သော ဘဝရဲ့သခင်တွေပါပဲ။
လေးစားစွာဖြင့်♥ ♥ ♥
ဇင်းနစ် မကွေး

Post a Comment