Header Ads

၅၄ နှစ်ရှိ သန်းကြွယ်သူဌေးကြီးရဲ့ ဇနီးသစ်ဖြစ်ခွင့်ရရန် အမျိုးသမီးပေါင်း ၂၀၀၀ လာလျှောက်


၅၄ နှစ်အရွယ် ရှိနေပီဖြစ်တဲ့ ရုရှားနိုင်ငံသား သန်းကြွယ်သူဌေးကြီး ဇနီးအသစ် အတွက် ရှာပုံတော် ဖွင့်နေသည်။ ဒါပေမယ့် ထိုဇနီးသစ်ကို ၎င်းက ကိုယ်တိုင်ရွေးချယ်မှာ မဟုတ်ဘဲ ၄င်းရဲ့ သမီးနှစ်ဦးနှင့်သား တို့ကိုသာ ရွေးချယ်ခိုင်းထားသည်။



ရေနံပိုင်ရှင် သူဌေးကြီးသည် ၎င်းရဲ့လုပ်ငန်းကို အကြီးဆုံးသားဆီသို့ အလုံးစုံ လွှဲထားပြီးပြီ ဖြစ်သည်။ ၄င်းမှာ အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်းရှိ သားသမီး စုစုပေါင်း ငါးဦးရှိသည်။ ၎င်းသည် အိမ်ထောင် ငါးကြိမ်ပြုခဲ့ပီး အိမ်ထောင်ပြုတိုင်း အိမ်ထောင်ရေးမှာ အဆင်မပြေခဲ့ပေ။



ထို့ကြောင့် ၎င်းက ယခု တစ်ကြိမ်တွင် လျှောက်လွှာ ခေါ်လိုက်ပြီး လာရောက် လျှောက်ထားသူများအနက် အသင့်တော်ဆုံး မိန်းကလေးကို ၎င်း၏ သမီးနှစ်ဦးနှင့် သားတစ်ဦးက ရွေးချယ်ပေးမည် ဖြစ်သည်။ ထိုသို့ ရွေးချယ်ပုံကို တီဗီတွင် ထုတ်လွှင့်နေသည်။


သမီးနှစ်ဦးက လာရောက် ယှဉ်ပြိုင်သည့် မိန်းကလေးများကို ခေါင်းအစ၊ ခြေအဆုံးကြည့်ပြီး ထင်မြင်ချက်ကို ၎င်းတို့စိတ်ထဲမှာ ရှိသည့်အတိုင်း အားမနာစတမ်း ပြောကာ ပြိုင်ပွဲဝင် အချို့ကို ထုတ်ပစ်ပါသည်။ လာရောက် လျှောက်ထားသူများထဲတွင် ပွဲစီစဉ်သူ၊ စုံထောက်၊ ဘော်လီဘောမယ် အစရှိသဖြင့် အမျိုးမျိုး ပါဝင်ပါသည်။


ဖခင်ကောင်းဖို့အတွက် ငယ်ငယ်ချောချော ဇနီးသစ်ကို သမီးများက ရွေးပေးနေပြီး ရွေးချယ်နေဆဲ ဖြစ်ပါသည်။ သားသမီးများ ရွေးပေးသည့် အမျိုးသမီးကို သန်းကြွယ်သူဌေးကြီးက လက်ထပ်ခွင့် တောင်းမည်ဖြစ်ပြီး ထိုအမျိုးသမီးမှာ သူဌေးကြီးရဲ့ စံအိမ်တွင် အတူ လာရောက်နေထိုင်ခွင့် ရမည်ဖြစ်သည်။

love

No comments

Powered by Blogger.