Header Ads

ဆရာမတစ်ယောက်ရဲ့ ချစ်သူခင်ပွန်း လိုက်နာရန်


👉 ဆရာမ တစ်ယောက်ရဲ့ ယောင်္ကျား ခင်ပွန်း ချစ်သူများ လိုက်နာရန်

📖 သင့် ဇနီးက ဒီလမ်းမ​ကောင်းဘူး ဒါမ​ကောင်းဘူးဆို မလုပ်​ဘဲ ​နေလိုက်​ပါ..... ​ဘေးရန်​ဆီးကာ ဆိုတဲ့ ဆရာ့ ဝတ္တရားအတိုင်း သင့်​ကို​ဘေးဖြစ်​မှာ စိုးရိမ်​လို့ တားတယ်​လို့ သ​ဘော​ပေါက်​ပြီး လိုက်​နာပါ။

📖 သင့် ဇနီးက ဒါကို ဒီလို​လေးလုပ်​ ဒီကိစ္စကို​တော့ ဘယ်​လိုလုပ်​ရင် ​​ကောင်းမယ်​ဆို သူ​ပြောသလို နာခံလိုက်​ပါ။ အတွန့်​မတက်​ပါနဲ့....... သင့်​ရာအပ်​ပို့ ဆိုတဲ့ ကျင့်​ဝတ်​အတိုင်း ​ကောင်းတဲ့လမ်း​ သင့်​​တော်​မယ့်အရာကို လမ်းညွှန်​​ပေး​နေတာပဲ လို့ အကြွင်းမဲ့ ယုံကြည်​ပြီး လိုက်​နာပါ။

📖 အ​ကြောင်းအရာ တစ်​ခုကို ထပ်​ခါထပ်​ခါ ​ပြော​နေရင်​လည်း နားညီးလာပြီ ငါသိပါတယ်​ လို့ မ​ပြောမိပါ​စေနဲ့........ စာသင်​ရင်း ​ထပ်​ခါထပ်​ခါ ရှင်းတဲ့​ပြောတဲ့ အကျင့်​ပါ​နေတာပဲ လို့ နားလည်​​ပေးလိုက်​ပါ။

📖 သင့် ဇနီး ဘာချက်​​ကျွေး​ကျွေး ​ဂျီးမများဘဲ စားပါ...... က​လေး​တွေကို ဗဟုသုတ ​ပေး​​ပေးနေတဲ့ ​ကြီးထွားဖွံဖြိုး​စေ​သော အစာအုပ်​စု ​ရောဂါ ကာကွယ်​​စေ​သော အစာအုပ်​စု အင်​အားဖြစ်​​စေ​သော အစာအုပ်​စု စတာ​တွေကို သင့်​အတွက်​ ညီညွတ်မျှတအောင် ချက်ကျွေးနေတာပါ။

📖 ခဏခဏ သိပ်​ ဆရာလုပ်​တာပဲလို့ မ​ပြောပါနဲ့။ ဆရာမမှန်း သိရက်​နဲ့ သင်​ယူထားတာပါ။ ဆရာမကဆရာလုပ်​တတ်​မှန်းသိသိနဲ့ယူထားပြီး ယူပြီးမှမ​ကျေမနပ်​နဲ့ခဏခဏအပြစ်​မတင်​ပါနဲ့။

📖 လုံးဝ လုံးဝ မ​အော်​မိပါ​စေနဲ့။ ဆရာမ ဆိုတာ က​လေး​တွေကို ကိုယ်​နှုတ်​ အမူအရာ ယဉ်​​ကျေး​အောင်​​ ပြောဆို ဆုံးမ​နေသူ​တွေမို့ ​အော်​ဟစ်​​ပြောဆိုတာကို လုံးဝ မနှစ်​မြို့သူ​တွေပါ။ အော်​ချင်း​အော် ​သူကပဲ​ အော်​ချင်​တဲ့ ဆရာမ ဝသီ​ကြောင့်​လည်း ပါတာ​ပေါ့။ ဒါ့​ကြောင့် အော်​ဖို့မ​ပြောနဲ့ ​ပြော​နေကြ​ လေသံကို​တောင်​ tone colour မ change မိပါ​စေနဲ့။ 😍😍😍

Credit

No comments

Powered by Blogger.