Header Ads

A သွေးအကြောင်း တစေ့တစောင်း


Aသွေးအကြောင်း လေ့လာမိသလောက်ပေါ့ မှားရင်လည်း သည်းခံပေးကြပါ။ ။

Aသွေးတွေက ဥာဏ်ကောင်းကြတယ်။ တခြားလူတွေ နှစ်နာရီ ကျက်ရမယ့်စာကို Aသွေးလေးတွေ ကျက်မယ်ဆို နာရီဝက် ဆိုတာ အလွန်ဆုံးပဲ ပြီးတော့ ဖြတ်ထိုးဥာဏ် ကောင်းကြတယ်

Aသွေးလေးတွေ သချာင်္ မညံ့ကြဘူး ဆိုတာ ပြောနေစရာကို မလိုဘူး။

Aသွေးလေးတွေက စိတ်ကြီးကြတယ်။ ဗူးဆိုဖရုံမသီးနဲ့ သီးတဲ့ဖရုံသီး ဓါးနဲ့ခုတ်ပစ်မယ်ဆိုတဲ့ လူစားတွေ
ကတိတည်ကြတယ်။ သူကတိပေးထားတဲ့ ကိစ္စဆို မဖြစ်ဖြစ်အောင် လုပ်ပေးတတ်ကြတယ်။

ကိုယ်လိုချင်တာကို ရအောင်နည်းလမ်းကို ရှာကြံ စဉ်းစား တတ်ကြတယ်။ ကြိုတင်စီမံမှု ကောင်းတဲ့ သွေးအမျိုးအစား ဖြစ်တယ်။ ကိစ္စတခုကို မလုပ်ခင်မှာ ကြိုတင် အကွက်ချ စီမံတတ်ကြတယ်။ ဒီနည်းနဲ့မရရင် တခြားနည်း စဉ်းစားမယ် ဆိုတဲ့ သွေးမျိုးဖြစ်တယ်။

ပျော်ပျော်နေတတ်တယ်။ မခင်သေးခင်မှာဆို Aသွေး ဆိုတာ ဂျစ်ကန်ကန်၊ မှုန်ကုတ်ကုတ်နဲ့ စကားနည်းတဲ့သူ။ ခင်သွားရင်တော့ လေအိုးကတောင် အဖေခေါ်ရမယ့် သွေးအမျိုးအစားပါ။

သူငယ်ချင်းတွေ ကြားထဲမှာ အနစ်နာခံတာလည်း Aသွေးပဲ။ ဒါပေမယ့် သူနစ်နာတဲ့အကြောင်း ဘယ်တော့မှတခွန်း မပြောဘူး။

သူငယ်ချင်းတွေ ရန်ဖြစ်ရင်လည်း ကြားက ဖြန်ဖြေရေး သမားတွေဟာ Aသွေးတွေပါပဲ။ ဒါပေမယ့် သူတို့ကြောင့် ပြန်အဆင်ပြေ သွားကြတာကို ဘယ်တော့မှ Aသွေးလေးတွေဟာ ထုတ်မပြောကြဘူး။ အရာရာကို နားလည်ပေး တတ်ကြတယ်။

Aသွေးတွေ စိတ်ထိခိုက်နေတဲ့ အချိန်ဆို ဘယ်သူ့ကိုမှ စကားမပြောပဲ ချောင်တချောင်ထဲမှာ တိတ်ဆိတ်နေတတ်တယ်။ Aသွေးတွေ စိတ်ထဲမှာ လူတွေက သူတို့ကို သူတို့ခင်သလောက် မခင်ကြဘူးလို့ အမြဲတွေးတတ်ကြတယ်။

ဒါပေမယ့် Aသွေးလေးတွေဟာ အချစ်ရေးမှာ ကံကောင်းတာ နည်းတယ်။ Aသွေးလေးတွေရဲ့ ကြိုတင် စီမံတတ်တဲ့ အကျင့်တွေ ဖြတ်ထိုးဥာဏ် ကောင်းတာတွေဟာ ချစ်တဲ့သူနဲ့တွေ့ရော အားလုံး ပြောင်းပြန် ဖြစ်ကုန်ကြတယ်။

နာကျင်တဲ့ နှလုံးသားကို ဆုပ်ကိုင်ပြီး ကျိတ်ငိုကြွေးနေတဲ့ ပုံရိပ်ဟာ Aသွေးလေးတွေကို ကိုယ်စားပြုပါတယ်။ သူတို့ဟာ သူတို့ချစ်တဲ့သူကို ဘယ်လောက် ချစ်တယ် ဘယ်လောက် မြတ်နိုးတယ် ဆိုတာ ဖွဲ့နွဲ့မပြောတတ်ကြဘူး။

နင့်ကိုပဲ ငါလက်ထပ်မယ် ဆိုတဲ့ စကားကို Aသွေး တယောက်ဆီက သင်ကြားရတယ် ဆိုရင် သူဟာသင့်ကို ပြောမတတ်အောင် ချစ်တယ် ဆိုတာ သင်သိသင့်တယ်။

သူတို့ဟာ အရမ်း သဝန်တိုတတ်တယ် သူတို့ တိတ်ဆိတ်နေရင် သတိထားပါ။ ဒါ မီးတောင် မပေါက်ခင် တိတ်ဆိတ်ခြင်းမျိုးပါ။

တိုက်ဆိုင်တယ်ဆိုရင်Like and share

No comments

Powered by Blogger.