အသက်မကွာတဲ့ ချစ်သူတွေက နှလုံးသားချင်း ပိုနီးစပ်ကြတယ်..
စုံတွဲတွေထဲမှာ အသက် သိပ်မကွာကြတဲ့ ချစ်သူစုံတွဲတွေ ဆိုတာ သူငယ်ချင်းကနေ ရည်းစား ဖြစ်သွားကြတဲ့ ရွယ်တူချစ်သူ စုံတွဲတွေပါ။ ချစ်သူ ရည်းစားတိုင်းဟာ တစ်ယောက်နဲ့ တစ်ယောက် နီးနေဖို့ထက် နှလုံးသားချင်း နီးနေဖို့က ပိုပီး အရေးကြီးပါတယ်။
ရွယ်တူ ချစ်သူစုံတွဲလေးတွေက နှလုံးသားချင်း ပိုရင်းနှီးကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ …
1) စိတ်တူကိုယ်တူရှိကြတယ်
စုံတွဲတွေထဲမှာ အရွယ်တူ ချစ်သူ စုံတွဲလေးတွေက စိတ်တူကိုယ်တူ အမြဲ ရှိကြတယ်။ အမြဲ စိတ်တူကိုယ်တူရှိကြတော့ တစ်ယောက်ရဲ့ အကြိုက်နဲ့ တစ်ယောက်လည်း တူတတ်ကြတယ်။ ဘယ်သွားမယ်၊ ဘာလုပ်ကြမယ် ဆိုတာကအစ စိတ်တူကိုယ်တူ ဖြစ်နေတတ်ကြတယ်။
အရွယ်တူ ဖြစ်ကြတော့ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ကို ပိုပီး သိကြတယ်။ ဒီအချက်တွေကြောင့်လည်း နှလုံးသားချင်း ပိုနီးကြတာပါ။
2) သူငယ်ချင်းလို၊ ချစ်သူလို ချစ်နိုင်တယ်
အသက်မကွာကြတဲ့ ရွယ်တူ ချစ်သူစုံတွဲတွေက သူငယ်ချင်းလိုမျိုး တရင်းတနှီးပြောလို့ ရသလို ချစ်သူလိုလည်း အရမ်း ချစ်ကြပါတယ်။ အသက်ချင်းက ရွယ်တူဖြစ်နေကြတော့ သူငယ်ချင်းလိုမျိုးလည်း သံယောဇဉ်ရှိကြတယ်။ ချစ်သူလိုမျိုးလည်း တစ်ယောက်နဲ့တစ်ယောက် ပိုဂရုစိုက်ကြတယ်။ အဲ့လိုတွေကြောင့် နှလုံးသားချင်းပိုရင်းနှီးတတ်ကြတာပါ။
3) မတည့်အတူနေ
အမြဲတမ်း ရန်တကျက်ကျက် ဖြစ်နေတတ်ကြတာ ရွယ်တူ ချစ်သူ စုံတွဲလေးတွေပါ။ တစ်ယောက်နဲ့ တစ်ယောက် အမြဲ တကျက်ကျက် ရန်ဖြစ်နေတတ်ကြတယ်။ စိတ်ဆိုးကြပြီ ဆိုရင်လည်း တစ်နာရီတောင် ပြည့်အောင် စိတ်မဆိုး တတ်ကြဘူး။
တစ်ယောက်နဲ့ တစ်ယောက် မခေါ်မပြောရင်လည်း မနေနိုင်တတ်ကြပါဘူး။ အဲ့လိုတွေ ရန်ခဏခဏ ဖြစ်ကြလို့ အချစ်တွေ တိုးတိုး လာကြတာပါ။ အဲ့ဒါကြောင့် ရွယ်တူစုံတွဲလေးတွေက ရင်ဘတ်ချင်း ပိုပီး နီးကြတယ်။
4) ရင်ဖွင့်ဖော် တိုင်ပင်ဖော်
တစ်ဦးနဲ့ တစ်ဦး အသက်ချင်း သိပ်မကွာကြတော့ ရင်ဖွင့်ဖော် တိုင်ပင်ဖော် ဖြစ်ကြတယ်။ တစ်ခုခုဆို ကိုယ့်ထက် အသက်ကြီးလို့၊ ငယ်လို့ ဆိုပြီး ရင်ဖွင့်ချင်တာတောင် ရင်ဖွင့်မရဲတာတွေ ရှိတတ်ကြပါတယ်။
အသက်ချင်း သိပ်မကွာတဲ့ ချစ်သူ စုံတွဲလေးတွေကတော့ ရွယ်တူဖြစ်နေတဲ့အတွက် တစ်ခုခုဆို ရင်ဖွင့်ဖော် တိုင်ပင်ဖော် ရှိကြတယ်။ အဲ့ဒီလို တစ်ယောက်နဲ့ တစ်ယောက် ရင်ဖွင့်ဖော် ဖြစ်နေကြလို့လည်း ရင်ဘတ်ချင်း ပိုနီးစပ်ကြတာပါ။
Hannwe Soe (Shwe mom)
Post a Comment