Header Ads

ချစ်ခြင်းရဲ့ တစ်ဖက်မှာ..


★ ★ ★ ★ ★ ★ ★

✅ ကိုယ့်ကို တစ်ကယ် ချစ်တဲ့သူက ကိုယ့်ရဲ့ အားနည်းချက် အားသာချက်တွေကို အားပေးနှစ်သိပ် ချီးကျုးလေ့ရှိတယ်..

❎ ကိုယ့်ကို တစ်ကယ် မချစ်တဲ့သူက ကိုယ့်ရဲ့ အားနည်းချက်တွေကို စိတ်ဝင်စားမှာ မဟုတ်ခဲ့သလို အားသားချက်တွေကိုလည်း နှစ်သက်ခဲ့မှာ မဟုတ်ခဲ့ပါဘူး..

✅ ကိုယ့်ကို တစ်ကယ် ချစ်တဲ့သူဟာ နီးခြင်းဝေးခြင်း တွေရဲ့ ကာလတစ်ခုမှာ သစ္စာ တစ်ခုကို အချေပြုလို့ နီးစပ်အောင်ပဲ သူကြိုးစားခဲ့တယ်..

❎ ကိုယ့်ကို တစ်ကယ် မချစ်ခဲ့သူက နီးနေလို့လည်း မသိသလို နေတတ်ခဲ့ပြီး ဝေးကွာနေတဲ့အခါ မဆိုင်သလိုသာ ပစ်ပယ်ထား တတ်ခဲ့တယ်..

✅ ကိုယ့်ကို တစ်ကယ် ချစ်တဲ့သူက အရာရာကို နားလည်ပေးပြီး ပင်ပမ်းနွမ်းနေတဲ့ အခါတိုင်း စိတ်အားငယ်ကာ မျှဝေခံစား ပေးခဲ့ကြတယ်..

❎ ကိုယ့်ကို တစ်ကယ် မချစ်တဲ့သူကတော့ တမ်းတမက်မောမှုဖြင့် ရှာဖွေခဲ့လျှင်တောင် ပြေးရှောင်လို့ ပုန်းကွယ်ခဲ့ရင်း ခြားနားခြင်းရဲ့ တစ်ဖက် ဥပေက္ခာထက်မှာ လျှောက်လှမ်းလို့ စွန့်ခွာသွားလိမ့်မယ်...

AungWana

No comments

Powered by Blogger.