မိန်းခလေးတွေ သူ့ချစ်သူကို အရမ်း ချစ်တဲ့ အခါ ဒါတွေ လုပ်တတ်တယ်
ကိုယ့်ချစ်သူကို အရမ်း ချစ်သွားတဲ့ မိန်းခလေး တယောက်က သူ့သူငယ်ချင်းတွေ ဘယ်လိုပဲ နားချချ နားမ၀င်နိုင် တော့ ပါဘူး ။
ချစ်သူကို အရမ်း ချစ်သွားတဲ့ မိန်းကလေး တယောက်ဟာ ကိုယ့်ချစ်သူကို သူများတွေ မကောင်းဘူးလို့ ပြောလည်း မသိချင်ယောင် ဆောင်နိုင်သွားတယ် ။
ကိုယ့်ချစ်သူကို အရမ်း ချစ်သွားတဲ့ မိန်းကလေး တယောက်က ကိုယ်နဲ့ လက်တွဲမဲ့သူ မပြည့်စုံတာ သိလည်း အတူတူ ရင်ဆိုင်မယ်လို့ ဆုံးဖြတ်ချက် ချနိုင် သွားတယ် ။
ချစ်သူကို အရမ်း ချစ်သွားတဲ့ မိန်းကလေး တယောက်က ကိုယ့်ချစ်သူက ဘယ်လောက်ပဲ ကိုယ့်ကို အနိုင်ယူယူ ပြုံးပြုံးလေးနဲ့ သည်းခံ ခွင့်လွှတ်နိုင် သွားတယ် ။
ချစ်သူကို အရမ်း ချစ်သွားတဲ့  မိန်းကလေး တယောက်က ကိုယ်အတွက် ဆိုတာ မေ့ပြီးတော့ သူ့အတွက် ဆိုတာ ကိုပဲ ဖြည်းဆည်းပေး ချင်တော့တာ ။
ပိုပီး ဆိုးတာက ချစ်သူကို အရမ်း ချစ်သွားတဲ့ မိန်းကလေး တယောက်က သူ့ကို အရမ်း လွမ်းလိုက်တာ ဆိုတဲ့ စကားလေး တခွန်းကြောင့်ပဲ မျက်ရည်တွေ ခဏလေး အတွင်းမှာ ကျနိုင်တတ် သွားတာ ။
ကိုယ့်ရဲ့ ချစ်သူကို အရမ်း ချစ်တတ်တဲ့ မိန်းကလေး တယောက် ဆိုတာ ရှိတော့ ရှိပါတယ် ။ ဒါပေမဲ့ ရှားပါတယ် ။
အဲ ... အဲ့လို မိန်းခလေးမျိုးကို ပိုင်ဆိုင် ထားပြီ ဆိုရင်တော့ ဆင်းရဲရဲ ချမ်းသာသာ လက်မလွှတ်နဲ့ တော့ ဘ၀မှာ တခါပဲ ဖြစ်ခွင့်ရတဲ့ ကံအကောင်း ဆုံးသော အခွင့်အရေး ဆိုတာ လူတယောက် အတွက် တကြိမ်ပဲ ရှိချင် ရှိနေနိုင်တာမျိုး မဟုတ်လား
AungWana
Post a Comment