ဒီလိုလူမျိုးကို လက်မထပ်ပါနဲ့
ချစ်သူ ရည်းစား ဘဝမှာတောင် ကိုယ့်အပေါ်မှာ စိတ်ချမ်းသာမှု မပေးနိုင်တဲ့ သူတယောက်ကို အိမ်ထောင်ကျတဲ့ အခါ စိတ်ချမ်းသာရ မှာပဲ ဆိုတဲ့ မျော်လင့်ချက် လေးနဲ့ လက်မထပ်လိုက် ပါနဲ့။
ချစ်သူရည်းစား ဘဝလေး မှာတောင် ကိုယ့်အပေါ်မှာ အလေး မထား ဂရုမစိုက် နိုင်တဲ့ လူတယောက်ကို လက်ထပ်လိုက်တဲ့ အခါမှာ ကိုယ့်ကို အလေးထားလာ မှာပဲ ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ လက်မထပ်လိုက်ပါနဲ့။
ချစ်သူ ရည်းစား ဘဝမှာတောင် ကိုယ့်အပေါ် အလို မလိုက် ၊ ဂရုမစိုက် တတ်တဲ့ လူတယောက်ကို လက်ထပ်ပြီး တနေ့ ကျရင် ကိုယ့်ကို ဂရုစိုက်လာမှာပဲ ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ လက်မထပ်လိုက်ပါနဲ့။
အတ္တကြီးပြီး တကိုယ်ကောင်း ဆန်တဲ့ လူတယောက်ကို
ငါနဲ့ ယူပြီးတဲ့ အခါ ပြင်လာမှာပဲ ဆိုပြီး မျှော်လင့်ချက်နဲ့ လက်မထပ်လိုက်ပါနဲ့။
ချစ်သူ ဘဝမှာတောင် သစ္စာ မရှိ၊ ဖောက်ပြန် တတ်ပြီး ခဏ ခဏ ခြံခုန်တတ်တဲ့ လူတယောက်ကို တနေ့ကျရင် သစ္စာ ရှိလာမှာပဲ ဆိုပြီး မျှော်လင့်ချက်လေးနဲ့ လက်မထပ်မိ ပါစေနဲ့။
ချစ်သူ ရည်းစား ဘဝလေး မှာတောင်မှ ကိုယ့်မျက်ရည်ကို ဥပေက္ခပြုတတ်တဲ့သူ တယောက်ကို တနေ့ ကိုယ့်မျက်ရည်ကို ဂရုပြုလာနိုး မျှော်လင့်ချက်လေးနဲ့ လက်မထပ်မိ ပါစေနဲ့။
ချစ်သူ ဘဝ ကိုယ့်အရှေ့မှာ ဒူးထောက်ကာ ပန်းစည်းနဲ့ လက်စွပ်ကို ပေးပြီး ပူဖောင်းတွေ ဒုတိယ ကမ္ဘာစစ်တုန်း ကလို တစ်ဖောင်းဖောင်း ပစ်နေလို့လည်း ရိုမာန်တစ် ဆန်တယ် ထင်ပြီး အားကျကာ လက်မထပ်မိ ပါစေနဲ့။
ကျောထောက်နောက်ခံ Background တောင့်တဲ့ နောက်ကွယ်က ချမ်းသာ ကြွယ်ဝမှုကို လိုချင်တဲ့ ရမ္မက်နဲ့ ဘယ်သော အခါမှ လက်မထပ်မိ ပါစေနဲ့ ။
တောသားရဟန်း
Post a Comment