Header Ads

တို့နှစ်ယောက် လက်ထပ်ပြီးတဲ့ အခါမှာ


နင့်ရဲ့ မိဘ အိမ်မှာရာ ၊ ငါ့ရဲ့ မိဘ အိမ်မှာရော ငါ မနေနိုင်ဘူး ။ ပြသနာ ဒါမှမဟုတ် ကိစ္စ တခုခု ဖြစ်လာတိုင်းမှာ ဘယ်သူ့ မျက်နှာ ကြည့်နေရလို့ ဆိုတဲ့ အရှိန်အဝါ အောက်မှာ နင်ရော ငါရော မွန်းကျပ်မှာ စိုးလို့ပါ ။ တို့ ကိုယ်ပိုင်အိမ်လေးနဲ့ မနေနိုင်သေး ရင်တောင် အိမ်လေးတလုံး ငှါးပြီး သီးသန့်နေကြ မယ်လေ ။

မနက် ဆိုရင် နင်စားဖို့ အတွက် မနက်စာကို ငါပြင်ဆင်ပေးနေတဲ့ အချိန်မှာ နင်က တံမြက်စည်းလေး လှည်းနေပေါ့ ။

ငါရော နင်ရော နှစ်ယောက်စလုံးက အလုပ် လုပ်နေရတဲ့ အတွက် အိမ်ကို ဘယ်သူပဲ အရင်ဆုံး ပြန်ရောက်ရောက် နောက်ကျမှ ရောက်တဲ့သူကို ရေအေးအေးလေး တခွက်နဲ့ ကြိုပီး နဖူးလေးပေါ်ကို နမ်းလို့ အမောဖြေကြ မယ်လေ ။

ငါက ညစာကို ချက်ပြုတ် ပြင်ဆင်ပီးတဲ့ အချိန်မှာ နင်ကတော့ ထမင်းဝိုင်းကို ကူပြင်ပေးပီး ငါက စားသောက်ပီး ပန်းကန်တွေ ဆေးနေတဲ့ အချိန်မှာ နင်က ထမင်းဝိုင်းလေး သိမ်းပေးထားပေါ့ ။

ငါရော နင်ရော အလုပ်ပိတ်တဲ့ နေ့တွေမှာ ငါက အဝတ်လျှော်မယ်လေ နင်က ၀ိုင်းညှစ်ပြီး လှန်းပေးပေါ့ ။

နင် အလုပ်ကိစ္စေ တွနဲ့ အပြင်သွားလို့ အချိန်ကြာတဲ့ အခါ ငါ စိတ် မပူရအောင် တကူးတက ဖုန်း ခေါ်စရာ မလိုပေမဲ့ မက်ဆေ့လေး ပို့ထားပေးရင် ရပါပီ ။ ငါလည်း အဲ့လိုပဲ လုပ်ပါ့မယ် ။

ဘယ်အချိန်ပဲ ငါ နင့်ကို ဖုန်းဆက်ဆက် နင်အတတ်နိုင်ဆုံး ကိုင်ပေးပါ ။ မကိုင်နိုင်ပဲ အရမ်း အရေးကြီးနေရင် I'll call you later လေးတော့ ပြန်ပို့ပေးပါ ။

နင်အလုပ်ပြီးတဲ့အချိန် အိမ်ပြန်လာလို့ ပင်ပန်းလာတဲ့ အခါ အိမ်မှာ အမြင်မတော်တာ တွေ့ခဲ့ရင် ဒေါသနဲ့ ငါ့ကို မအော်ပါနဲ့ ငါလဲ အလုပ်မှာ ပင်ပန်းလာတာ ပဲလေ ။

ရင်ထဲက ခံစားချက် တခုခုပဲ ဖြစ်ဖြစ် ၊ အလုပ် ကိစ္စပဲ ဖြစ်ဖြစ် အဆင်မပြေ သဘော မတွေ့တာတွေကို မျိုသိပ် မထားပါနဲ့ ။ ငါ့ကို အကုန်ပြောပြပါ ။ ၆ ခု မှာ ၃ ခုလောက်တော့ ငါကြိုးစား ဖြေရှင်းပေးနိုင် ပါတယ် ။

နင့်ရဲ့ စိတ်ခံစားမှု အခြေအနေကို ငါသိအောင် လုပ်နေသလို နင်လဲ ငါဘာဖြစ်နေလဲဆိုတာ သိအောင် ကြိုးစားပါ ။

ငါ့ကြောင့် နင် မျက်နှာပျက်ရမဲ့ ကိစ္စ မရှိအောင် ငါနေထိုင်မှာမို့ နင့်ကြောင့်လည်း ငါ မျက်နှာ မငယ်ရအောင် နင်လည်း နေပေးပါ ။

နှစ်ဦးသား လက်ထပ်ပီ ဆိုထဲက မောင်တထမ်း မယ်တရွက် ဆိုပြီး ရင်ဆိုင်ကြမယ်လို့ ဆုံးဖြတ်ထားတာ ပဲလေ ။ ငါက ချက်ပြုတ် လျှော်ဖွတ်နေတဲ့ အချိန်မှာ နင်က ဂိမ်းလေးဆော့လိုက် အပြင်လေးသွားလိုက် နေမယ်ဆို နင်လက်ထပ် ယူထားတဲ့ နင့်ရဲ့ ဇနီး ငါက အိမ်ဖော်မှ မဟုတ်တာ ။

နင်က အလုပ်တွေ လုပ် ပင်ပန်းနေတဲ့ အချိန်မှာ ငါက တီဗွီကြည့် သူများ အိမ်မှာ အတင်းတုတ်ပီး လျှောက်လည်နေမယ်ဆို  ငါယူထားတဲ့ ငါ့ခင်ပွန်း နင်က အလုပ်သမားမှ မဟုတ်တာ ။ အလုပ် တခုကို သူ့အလုပ် ကိုယ့်အလုပ် မတွက်ကပ်ဘဲ နှယောက် ခွဲလုပ်တော့ မြန်မြန်ပြီးတဲ့အခါ စောစော အနားယူလို့ ရတဲ့အပြင် နှစ်ယောက် ရန်ဖြစ်စရာလဲ မရှိတော့ စိတ်လည်း ချမ်းသာတာပေါ့ ။

ငါ့ရဲ့ ခင်ပွန်းသည် ဖြစ်တဲ့ နင်က ငါ့ကို မျက်နှာ အညို မခံပဲ ဖူးဖူးမှုတ် ချစ်ပီး ဂရုစိုက် အလိုလိုက် တန်ဖိုးထားမယ် ဆိုရင် နင့်ရဲ့ ဇနီးဖြစ်တဲ့ ငါက နင့်ကို အလေးထားပီး အရိပ်တကြည့်ကြည့်နဲ့ တသက်လုံး မြတ်နိုး အားကိုးမှာပါ ။

Credit

No comments

Powered by Blogger.