Header Ads

သူကိုယ့်ကို တကယ် မချစ်မှန်း သိရက်နဲ့ ဘာလို့ တွယ်ကပ်နေမိတာလဲ


သူ ကိုယ့်ကို တကယ် မချစ်ဘူး ဆိုတာကို သိသိရက်နဲ့ ခပ်ဆိုးဆိုး ကောင်လေး ၊ ကောင်မလေး ကိုမှ ကိုယ်က ရူးရူး မူးမူး စွဲစွဲ လန်းလန်း ချစ်နေ မိတာ ဘာကြောင့်များလဲ လို့ တွေးဖူးကြမယ် ထင်ပါတယ် ။ တခါ တလေမှာ သူဆိုးနေတာကို သိရက်နဲ့ ကိုယ့်ဘက်က အချစ်တွေကို ပေးနိုင်သလောက် ပေးနေမိတာကြောင့် ကိုယ် ကိုယ်တိုင်လည်း နားမလည်နိုင် တဲ့ အခါတွေလည်း ရှိမှာပါ ။

ဘာလို့များ ကိုယ့်ကို တကယ် မချစ်တဲ့သူ ကိုမှ ချစ်နေမိရတာလဲ ဆိုတာကတော့ .....

1) အထီးကျန်မှာ ကြောက်လို့

တချို့က အထီးကျန်မှာကို သေမလောက်အောင် ကြောက်ကြသူတွေ ရှိပါသေးတယ်။ အချစ်စစ် မဟုတ်ရင်တောင် ကိုယ်က ချစ်နေရရင်ပဲ အဖော်ရတယ်၊ အထီးမကျန်ဘူး လို့ တွေးပြီး မချစ်မှန်း သိရက်နဲ့ ဆက်တွဲနေမိ တတ်ကြပါတယ်။ ရည်းစား မရှိရင် အထီးကျန်တယ် ဆိုတဲ့ အတွေးတွေကို မေ့ပစ်လိုက်ပါတော့။

ကိုယ့်ကို တကယ် မချစ်တဲ့သူဆီမှာ တွယ်ကပ်ပြီး နေမယ်အစား သူငယ်ချင်း၊ မိသားစုတွေနဲ့ ပျော်ရွှင်မှုတွေကိုသာဖန်တီးလိုက်ပါ။ ကိုယ့်ကို တကယ် မချစ်တဲ့သူနဲ့ အတူရှိနေတာက တစ်ယောက်ထဲ ရှိနေတာထက်ကို ပိုလို့ အထီးကျန် ဆန်လွန်းလှပါတယ်။

2) ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိလို့

မှန်ထဲမှာ ကိုယ့်ရုပ်ရည်ကို သေချာ ကြည့်လိုက်ပါ ။ ငါက သူများတွေလောက် မလှဘူး ၊ ဘာမှ မက်လောက် စရာ မရှိဘူး ၊ အောင်မြင်မှုတွေ ပိုင်ဆိုင်မှုတွေလည်း မရှိဘူး စတာတွေကို တွေးတောပြီး ကိုယ့်ကိုယ်ကို သံသယတွေ များနေတာလား ။ ယုံကြည်မှု မရှိသူ တွေက ကိုယ့်ချစ်သူက ကိုယ့်အပေါ် မချစ်တာကို မိမိကိုယ်ကိုသာ အပြစ်တင် အားငယ်နေတတ် ကြပါတယ် ။

သူမချစ်တာကို မမြင်ဘဲ ကိုယ့်ကိုယ်ကိုသာ အပြစ်တွေရှာတတ်တာက အချစ်ရောဂါ လို့လည်း ပြောလို့ရသလို ယုံကြည်မှု လျော့နည်းသူတွေရဲ့ စိတ်ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကို ယုံကြည်မှု အပြည့်ထားပြီး ကိုယ့်ကို တကယ်ချစ်နိုင်တဲ့ သူကိုသာ ရွေးချယ်လိုက်ပါ။

3) သူ့ကို ပြောင်းလဲပစ်နိုင်တယ် လို့ ယုံကြည်နေမိလို့

ဘယ်လောက်ပဲ ဆိုးသွမ်းတဲ့သူ ဖြစ်နေပါစေ၊ ငါ့ချစ်သူ ဖြစ်ရင် ငါပြောင်းလဲပစ် နိုင်တယ် ဆိုတဲ့ အတ္တကြောင့် တွယ်ကပ် နေမိတာမျိုးလည်း ရှိပါတယ်။ ကိုယ့်ကို တကယ်ချစ်ရင် သူလည်း ပြောင်းလဲလာမှာပါလေ ဆိုတဲ့စိတ်နဲ့ ချစ်နေမိတဲ့ သူတွေကလည်း ကိုယ့်ကို တကယ် မချစ်တဲ့ သူရဲ့ အချစ်ကို ရရှိဖို့ ခေါင်းမာမာနဲ့ စောင့်ဆိုင်းကြပါတယ်။

ကိုယ့်ကို တကယ် ချစ်ရင် ခဏလေး အတွင်းမှာတောင် သူ့ကိုယ်သူ ပြောင်းလဲမှာပါ။ ဒါ့ကြောင့် ကိုယ့်ကို တကယ် မချစ်ဘူးလို့ သင် သံသယဝင် လိုက်တာနဲ့ ငါသူ့ကို ပြောင်းလဲပစ်နိုင်မှာပါ ဆိုတဲ့ စိတ်ကို ဖျောက်ပစ်လိုက်ပါတော့။

4) အသဲကွဲဇာတ်လိုက် ဖြစ်ချင်လို့

ခေတ်စကားနဲ့ ပြောရမယ် ဆိုရင် ပေါ်ပင်လုပ်တယ် လို့ပဲ ပြောရမယ် ထင်ပါတယ်။ သူငယ်ချင်းတွေ၊ အပေါင်းအသင်းနဲ့ လူအများရှေ့မှာ အချစ်ကြီးသူ၊ အသဲကွဲသူအဖြစ် ဖီးလ်ပြရတာကို ဝါသနာပါတဲ့ သူတွေကလည်း ကိုယ့်ကို မချစ်မှန်းသိရက် အနိုင်ကျင့်ခံ၊ အသဲကွဲခံ နေတာက ရှိပါသေးတယ်။ ဒီလိုတွေ လုပ်မနေဘဲ ကိုယ့်ကို တကယ် ချစ်တဲ့သူကိုသာ နေရာပေးလိုက်ပါ။ အချိန်ကုန်ခံ မနေပါနဲ့။

စံပယ် Shwe Inn Lay

No comments

Powered by Blogger.