Header Ads

နှုတ်ခမ်းချင်း နမ်းခြင်းရဲ့ အကျိုးကျေးဇူးများ


ဟိုးအရင်​တုန်းကတော့ ပါးစပ်​ဟာ အစာ စားဖို့၊ အသက် ​ရှူဖို့၊ ​ရေ​သောက်​ဖို့ ရယ်​ စကား​ပြောဖို့ အတွက် ​ပဲလုပ်​ကြ​ တာပါ။

ရှေးရှေး တုန်းက အမေငှက်​​ ​တွေက သူတို့ရဲ့ က​လေး​တွေကို နှုတ်​သီးနဲ့ အစာ ​ကျွေးကြတယ် ​။

နောက်​ကျ​တော့ လူသား မိခင်​​တွေ ကလည်း ​သားငယ် ​သမီးငယ်လေး ​​တွေကို အစား အစာ ဝါးပြီး ​ကျွေးလာကြတယ် ​။

ဒီလိုမျိုး​ ကျွေးတာဟာ မိခင်​နို့ရည်မှာ အမြဲ မပါဝင်​နိုင်​တဲ့ Carbohydrates ၊ Zinc ၊ Protein ၊ Iron ၊ Anti -body ​စတဲ့ အာဟာရဓာတ်​​များကို ပါဝင်​​စေ သလို တံ​တွေး ကလည်း အစာ​ခြေတာကို ကူညီ ​ပေး​တော့  ဒီလိုမျိုး နှုတ်ခမ်းနဲ့ အစားအစာ ကျွေးခြင်းကို​ တဆင့်​ပြီး တဆင့်​ လက်​ဆင့်​ ကမ်းလာ ကြတာ​ပေါ့ ။

နှုတ်​ခမ်းချင်း နမ်းတာဟာ ချစ်သူနှစ်ဦးကြား ယုံကြည်​မှု​တွေ ရင်းနှီးမှု​တွေကို ကိုယ်​စားပြု တာပါ ။ ပြီး​တော့ တံ​တွေး ကလည်း ကိုယ်​က ဘယ်​လိုလူ ၊ ကိုယ့်​ရဲ့ ကျန်းမာ​ရေး အ​ခြေအ​နေက ဘယ်​လို ဆိုတာကို တဖက်​လူဆီ သယ်​သွား​ပေး ပါတယ် ​။ Calories ( ကယ်လိုရီ ) ​တွေ ​လောင်​ကျွမ်း ​စေပြီး စိတ်​ဖိစီးမှု ကိုလည်း ​လျှော့ကျ​စေ ပါတယ် ​။

တံ​တွေး အ​မြှေးပါး ​တွေက testosterone ​တွေကို တိုး​စေပြီး စိတ်ခံစားမှုကို ​ကောင်း​စေ လို့ အနမ်းဟာ ကိုယ့် ဖူးစားရှင်​ကို ​ရွေးချယ်​ဖို့ အရေးပါတဲ့ အခွင့်​​ကောင်း တခု​ပေါ့ ။

ရှေးက လူ​တွေက ဒီအချက်ကို အသုံးချပြီး လက်​တွဲ​ဖော် ​ရှာကြပါတယ် ​။

ခဏ ခဏ နမ်း​ကြပြီး ဆုံးဖြတ်​ချက်ေ​တွ ​ကောင်း​​ကောင်းလုပ် ​၊ လက်​တွဲ​ဖော် ကျင်ဖော် ​​ကောင်း​ကောင်း​​တွေ ​ရွေးနိုင်​ ခဲ့တယ်​လို့ ဆိုကြ ပါတယ်​။

ပြီး​တော့ အနမ်းကို သ​ဘောကျတဲ့ ကလေးများ ကိုလည်း ​မွေးထုတ် ​​ပေးခဲ့တယ်​​လေ ။

ဒီလို နဲ့ပဲ နှုတ်​ခမ်းချင်း နမ်းတာဟာ အမေရိက နဲ့ ဥရောပ တွေမှာ လူ့ယဉ်​​ကျေးမှုရဲ့ ဓ​လေ့ထုံးစံ တ​​ခု ဖြစ်လာခဲ့​တော့ တာ​ပါ ။

မြန်မာနိုင်ငံမှာ ကတော့ သမီး ရည်စား ချစ်သူတွေ မှာပဲ အဆင်ပြေပါ လိမ့်မယ် ။

သူစိမ်းကို သွားနမ်းရင်တော့ ပါးပိတ်ရိုက် ခံရပါလိမ့်မယ် ။

Linn

No comments

Powered by Blogger.