Header Ads

အ​ဝေးသင်​ ဆိုတာ...


အဝေးသင် ဆိုတာနဲ့ လူတွေက ရှုံ့မဲ့သွားကြတယ်.. သိထားဖို့က.... အဝေးသင် တက်တဲ့လူတိုင်း အမှတ် ၂၄၀ ကျော်လေးနဲ့ အောင်တာ မဟုတ်ဘူး... စီးပွားရေး ခက်ခဲ မွဲတေနေလွန်းလို့ မဟုတ်ဘူး.. ကျောင်းတစ်ဖက်နဲ့ စီးပွား ရှာရတယ်

သူများတွေ မိဘ ပိုက်ဆံ ထိုင်ဖြုန်းနေချိန် ကိုယ်တွေက ကိုယ့်ဝင်ငွေနဲ့ ကိုယ် နှပ်နေရုံပဲ.. အချိန်တန် မင်္ဂလာဆောင် ဖိတ်စာမှာ B.A; B.Sc;  ပါပဲ (Day လို့ မထည့်ကြ ပါဘူး).. အလုပ် ခေါ်လည်း Day နဲ့ U.D.E ခွဲခေါ်တဲ့ခေတ် ကုန်သွားခဲ့ပြီ.....

တစ်ခု သိထားဖို့က... တက္ကသိုလ် ပါမောက္ခ တစ်ယောက်ဟာ သူ့ရဲ့ ပတ်ဝန်းကျင်မှာ.... ဂုဏ် ပကာသန တွေ ဘယ်လောက်ရှိရှိ ပင်လယ်ပြင်မှာ လှေနဲ့ခရီးသွားရင် လှေထိုးသမားထက် သူ့ကို ဘယ်သူမှ အားမကိုးဘူး..

ဆေးဆရာဝန် တစ်ယောက်ဟာ ဘယ်လောက်ပဲ ပညာတတ်ပါစေ... အတူတူ ခရီးသွားရင်း ကားပျက်ခဲ့ရင် ၀ပ်ရှော့ သမားထက် သူ့ကို ဘယ်သူ တမ်းတ လို့လဲ? လူတိုင်းက ကိုယ့်ပညာနဲ့ ကိုယ်ပါ....

ခင်ဗျားတို့တွေလေ...... 10 လ လောက် အလုပ်လုပ်ပြီး 2. လ လောက်ကျောင်းတက်ရတဲ့ အရသာ
ခံစားဖူးလို့လား?..... 2. လ လေးပဲ ကျောင်းတက်ပြီး ခဲရာခဲဆစ် tutor ဖြစ်အောင် လုပ်ရတာ လွယ်တယ် ထင်လား?

ရှင်းရှင်းပြောရရင်...... အဲ့ဒါ.... Mr.brain. တွေ... ဗျ
-
-
ဗျာ... ဟုတ်ကဲ့.. အဝေးသင်မို့ မခင်ချင်ဘူး ဟုတ်လား? ကျေးဇူးပါ... ၀မ်းမနည်းဘူး

Crd.Sitt😢

No comments

Powered by Blogger.