Header Ads

ချစ်သူကို အနိုင်ယူချင်သောအခါ..


" ကိုကိုရေ ... ကိုကို "

" ဘာလဲပြော "

" ကိုကိုကလည်း သဲကို အရင်လို မချစ်တော့သလို ပဲနော် "

" ဟာ  .... အဲ့အပို အလုပ်တွေ မေးမနေပါနဲ့ ပြော ဘာပြောစရာ ရှိလို့လဲ "

" သဲ ဗိုက်ဆာလို့ သဲတို့ မုန့်သွားစားရအောင်လေ "

" ဟ ကိုယ့်ဘာသာ သွားစားပါလား ဝမ်းချင်းဆက်တာ မှတ်လို့ "

" ကိုကိုကလည်း အဖော် မရှိလို့ပါ အဖော်တော့ လိုက်ခဲ့ပေးနော်''

" မင်းကဘာလဲ?? မင်းစားတာကို ငါက ထိုင်ကြည့်နေရမှာလား''

" ဟင် ကိုကို သဲက အဲ့လိုပြောတာ မဟုတ်ဘူးလေ''

" ဘယ်လိုမှလည်း မပြောနဲ့ သွား မင်းဘာသာမင်း ငါမလိုက်နိုင်ဘူး''

" အင်းပါ ကိုကိုရာ သဲ မစားတော့ပါဘူး ''

" အဲ့တာတော့ မင်းသဘောပဲ "

ဘာရယ်မဟုတ် ကျနော် သူ့ကိုအဲ့လို အနိုင်ယူနေရရင်ကို ပျော်နေတော့တာ.. သူငယ်ချင်းတွေ ကြားထဲမှာလဲ ကျနော်က စော်ကို နိုင်တဲ့ကောင် ဆိုပီး ကြိတ်ပျော်နေမိတာ..

" ကလင် ကလင် ကလင် ''

" ဟဲလို ''

" ဟဲလို ကိုကိုလား.. ဒီမှာ သဲ ဆိုင်ကယ်ဘီး ပေါက်နေလို့ လူတွေ အရမ်းပြတ်တော့ သဲကြောက်တယ်.. သဲကို လာခေါ်ပါနော် "

" ဟ မင်းဘာသာ Night out ထွက်ပီး ဘီးပေါက်တာ ခံလေ.. ငါမလာနိုင်ဘူး "

" ကိုကို အဲ့လို မလုပ်ပါနဲ့နော်.. သဲကို ဆိုင်ကယ်ဘီးဖာဆိုင်ထိ ရှာပီး လိုက်ပို့ပေးပါနော်.. Night out ထွက်တာ မဟုတ်ပါဘူး.. သဲ အဒေါ်ဆီ အမေက ခိုင်းလို့ ခဏသွားတာပါ "

" အေး မင်ဘာသာ ဘာလုပ်ဖို့သွားသွား ငါမလာနိုင်ဘူး ဒါပဲ ''

" ခွပ် "
( ဖုန်းချသံ )

" ကိုကို ... ဟဲလို ဟဲလို ... "

စိတ်ပူနေမိသည်
ဒါပေမဲ့ ကျနော့ အတ္တထက် သူမကို မပိုနိုင်ခဲ့ဘူး ဘာပဲဖြစ်ဖြစ် ကျနော်ပျော်မိသည် ။

နောက်တနေ့ မနက်တွင် လိုင်းဖွင့်သည် ။
နေ့စဉ် မနက်ခင်းတိုင်း ပို့နေကျ သူမဆီက mornee ဆိုပြီး စာ ပုံမှန်ရောက်လာပါပီ
ကျနော်လည်း ထုံစံအတိုင်းပြန်မပို့ပါ

" မောနီး ကိုကို
ကိုကို နိုးပြီလား
ကိုကို စားပြီးပြီလား
Hi ကိုကို Active 1 min ago
ဟင် ကိုကို ဆင်းသွားပီ "

ဒီလိုပဲ နေ့စဉ်ရက်ဆက် ဆိုသလို ကျနော် သူမအပေါ် ပိုပိုပြီး အနိုင်ယူလာသည်။

တနေ့တွင်

" ဟေ့ရောင်သားကြီး ''

" ဟာငထွန်း မင်းကို မတွေ့တာ ကြာပီ ''

" အေး ငါ မြန်မာပြည် ပြန်ရောက်တာ တလပဲ ရှိသေးတာ.. အဲ့တာ မနက်ဖန် မနက် ငွေဆောင် သွားအောင်လို့ မင်းကို လာခေါ်တာ ''

" ဟေ ဟုတ်လား ငါမလိုက်တော့ ပါဘူးကွာ ''

" ဟာ သားရီး အဲ့လို မလုပ်နဲ့ လိုက်ခဲ့.. အလန်းဇယားလေး တစ်ပွေ မင်းအတွက် ပါမှာ ''

" ဟာ ဟုတ်လား ကြိုက်ပီကွာ ''

" အေးဆိုကွာ ''

အမှန်တိုင်း ပြောရရင် ကျနော့် ကောင်မလေးကို သစ္စာ မဖောက်ရက်ပါ ။ စကားအရ ပြောလိုက်ခြင်း ဖြစ်သည်။ အဲ့လိုနဲ့ ငွေဆောင် လိုက်သွားခဲ့သည်။ ကျနော့် ကောင်မလေးကို လုံးဝ မပြောခဲ့ပါ။ ငွေဆောင်သွားရင်းနဲ့ ငထွန်းပြောတဲ့ အလန်းဇယားလေးနဲ့ ချစ်သူတွေ ဖြစ်ခဲ့သည်။

ကျနော် တကယ်ချစ်သည် မဟုတ် အပျော် တွဲရုံသာ ဖြစ်သည် ။ သူမ နာမည်မှာ ရိုစီ ဖြစ်သည် ။ သူမ ရဲ့ ခလေးဆန်မှု ယုယကြင်နာမှုမှာ ကျနော် သာယာခဲ့သည် ။ ကျနော် ကောင်မလေး ဖုန်းဆက်တာလည်း ကျနော် လုံးဝ မကိုင်ခဲ့ပေ ။

ဒီလိုနဲ့ ကျနော်တို့မြို့ကို ပြန်ရောက်လာခဲ့ပီ

" ကလင် ကလင် ကလင် ''

"  အေး ဘာလဲ ပြော ''

" ကိုကို ဘာလို့ သဲ ဖုန်းဆက်တာ မကိုင်တာလဲဟင် ''

" ဟ ဒီမာ ငါ့သူငယ်ချင်း ငွေဆောင် ပို့ခိုင်းလို့ မအားလို့ မကိုင်တာလေ''

" ဟင် ကိုကို့ သူငယ်ချင်းက ယောက်ျားလေးလား ''

" အေးလေ ဘာလဲ မင်းက ငါ့မယုံတာလား ''

" ဟင် မဟုတ်ပါဘူး ကိုကိုရာ ''

" ဒါဆိုလည်း မမေးနဲ့ကွာ ''

" ဟုတ် ကိုကို သဲ မမေးတော့ဘူးနော်.. သဲတို့ မနက်ဖြန် ရုပ်ရှင် သွားကျိရအောင်နော် ''

" ငါ မလိုက်နိုင်သေးဘူး မအားဘူး မင်းဘာ့သာသွား ''

အမှန်တော့ မနက်ဖြန် ရိုစီကို shopping ပို့ဖို့ ပြောထားမိသည်။

" အင်းပါ ကိုကို ''

ဒီလိုနဲ့
" ရိုစီနဲ့ ကျနော် shopping ထွက်သည် ။ ရိုစီကလည်း ကျနော့်လက်ကို ချိတ်လို့ center တစ်ခုလုံး ပတ် ဈေးဝယ်ထွက်ခဲ့သည် ။ အရမ်းပျော်နေကြသည်။ တတိယထပ် အရောက်တွင်...... တီ (ဓာတ်လှေကားဖွင့်သံ) 

"ဟင် ကို''

"ဟင် ရတီ''

ကျနော့်ကောင်မလေးပဲ တစ်ယောက်တည်း ဈေးလာဝယ်တာ သေပြီပေါ့ ပြသာနာ တက်ပီလေ ရတီ ရိုစီကို ကျိပီး သဘောပေါက်သွားပုံ ရသည် ။ မျက်ရည်ဝဲသွားတဲ့ ရတီ မျက်နှာ ချက်ချင်း ဆိုသလို ပြုံးလာသည်။ ရတီ ကျနော့်ကို ကျိပိး စကားစပြောသည်။

"အော် သူငယ်ချင်းသူရ မတွေ့တာကြာပီ နင်နေကောင်းလား ''

ကျနော် နားမလည်နိုင် ရတီ ကလေးတစ်ယောက်လို ငိုပြီး ရန်တွေ့မယ် ထင်ခဲ့တာ... ရတီ ဟန်ဆောင်ကောင်းသည်။

" ဟင်.. အေး.. အေး.. ငါ ငါနေကောင်းပါတယ် ရတီ ''

" ဒါနဲ့ ဒါ နင်ကောင်မလေးလား '' မိတ်ဆက်ပေးဦးလေ''

"အော်.. အေး.. အေး.. ဒါ.. ဒါကလေ.. ရို.. ရိုစီတဲ့''

"တွေတာ ဝမ်းသာပါတယ် ညီမလေး''

မမ ပြန်တော့မယ်နော် ''

" ဟုတ်မမ bbနော်''

ကျနော် သိသည် ရတီ မျက်ရည်တွေ ဆက်တိုက် ကျနေသည်ကို..  ဒါပေမဲ့ သူမ ကျနော် အဆင်ပြေဖို့ ဟန်ဆောင်ပေးလိုက်သည်။

ကျနော် အဲ့နေကစပီး ရိုစီကို ဖျက်လိုက်ပီး ရတီကို သွားတောင်းပန်မည် လုပ်ပေမဲ့ ရတီကျနော့်ကို အရင်လို ဖုန်းမဆက်တော့ပါ။ ပို့နေကျ မောနင်း ဆိုတဲ့ message ရောက်မလာတော့ပါ။

နောက်ဆုံး သူမအိမ် လိုက်သွားတော့ ကြားလိုက်ရသည်မှာ.... အဲ့နေက ငိုပြီးအပြန် ကားတိုက့်ခံရလို့ ရတီဆုံးပီတဲ့.... :'(

Aung Zin Htwe

No comments

Powered by Blogger.