Header Ads

ကျိန်​စာ


ကျွန်​မဘဝထဲ လှည့်​ကွက် ​မာယာ​တွေနဲ့ ငဲ့ကွက်​မညှာ ဝင်​လာရဲသူသို့

မိန်းမတစ်​​ယောက်​ရဲ့ အချစ်​ ဆိုတာ
တစ်​ရာဖိုး သုံးပုဒ်​တန်​ အ​ပေါစား ဝတ္တုစာအုပ်​ မဟုတ်​ဘူး
စာမျက်​နှာတိုင်းမှာ သစ္စာ ဆိုတဲ့ စာလုံး
မြတ်​နိုးမှု မျက်​လုံး​တွေနဲ့ ရှူမြင်​ ခံစားပြီး
မေတ္တာလက်​နဲ့ စာရွက်​အပြည့်​ ရေးသီကုံး ထားတာ

ဖေးမှီ အုံးဖို့ တစ်​သက်​တာ အတွက်​ ရည်​ရွယ်​ထားတဲ့ လက်​​မောင်းတစ်​ဖက်​ဟာ
မာယာများစွာထဲ အုံးစက်​ခံ ဈာပန သင်္ချိုင်းကုန်း ဖြစ်​မှန်း မသိစွာ
တွယ်​မက်​မိတဲ့ ငါ့အရှက်​တရား အတွက်
ဘာနဲ့ ​လျော်​​ကြေး​ ပေး​ဆပ်​ချင်​ ပါသလဲ

နှောင်​တွယ်​မိတဲ့ အချစ်​​တွေ အားလုံး
တပ်​မက်​မှု နဲ့ အထပ်​ထပ် ​ညစ်​​ပတ်​​နေတဲ့
နင့်​လက်​​တွေနဲ့ပဲ တွန်းခွာချ လိုက်​ပါပြီ

ငြင်းအား ဘယ်​သူ ရှိပါသလဲ
မြွေ​ပွေး တစ်​​ကောင်​ဟာ အ​ကောင်​ ဘယ်​​လောက် ​ငယ်​ငယ်
အဆိပ်​ပြင်းတယ် ​ဆိုတာ ကို​ပေါ့

ခါးပိုက်​​ထောင်​ ထဲက​နေ ဆိုးဆိုး ဝါးဝါး အစွမ်းပြမှ သိလိုက်​ရ​တော့
ဆေးမမှီ လိုက်​​တော့ဘူး

သေအံ့မူးမူး အချိန်​​လေးမှာ
နင်​ရဲ့မာယာ အဆိပ်​​တွေ ပြန်​အန်​ထုတ် လိုက်​​ပေမယ့်
ပြန့်​နှံ့လာတဲ့ အဆိပ်​တန်​ခိုးနဲ့
ငါဟာ မူးမိုက်​ပြာ​ဝေ ခဲ့ပြီ
ကြာရှည်​ အဆိပ်​တက်​လို့ ခံစားရမယ့် ​ဝေဒနာအစား
အိပ်​စက်​ခြင်း​တွေ ထာဝရ တည်​မြဲပါ​စေ
နာကျည်းချက်​​တွေနဲ့ အသက်​ဆက် ​ရမယ့်​ အစား
ဒီဘဝ ဒီခန္ဓာ ချုပ်​ငြိမ်းရပါ​စေ

အသ​ရေ ညိုးလို့ တန်​ဖိုးမဲ့ခဲ့ ရတဲ့ ငါ့အချစ် ​ငါ့အဖြစ် ​အတွက်
ရှင်​သန်​ခြင်း​တွေ ကင်း​ပျောက်​​စေ​ဖို့
မီးဟုန်းဟုန်း​ တောက်​​နေတဲ့ သတ်​ကွင်း ပြင်​ထဲ
ခုန်​ဆင်းကာ​ သေပွဲဝင်​လိုက် ​ပါ့မယ်

နတ်​ဆိုးတစ်​​ကောင်​ကိုမှ မြတ်​နိုးမှု အ​ရောင်​​တွေနဲ့
သက်​ဆုံးတိုင်​ ချစ်​မိသွားသူရဲ့ ကျဆုံးခန်းဟာ မခန်းနား​ပေမယ့်
တန်​ဖိုးမထားပဲ သစ္စာစကားကို လက်​တစ်​လုံးခြား
လှည့်​ပတ်​ကာ ​ပြောထွက်​သူရဲ့ အပါး ရှင်​သန်ကာ နေရခြင်းထက်
ပြာတစ်​စ မကျန်​ ခဝါချလို့
ငါ့ ဈာပန အထ​မြောက်​ပါ​စေ ​တော့

ဖြစ်​​လေရာဘဝ ငါ့အချစ်​ကို တန်​ဖိုးမထား ရက်​စက်​သူအား
အမုန်းတရား များစွာနဲ့ ကျိန်​ဆိုခဲ့မယ်

နင့် တစ်​သက်​တာ ဘယ်​ရင်​ခွင်​မှာမှ 
မှေးစက်​ကာ မ​ပျော်​ရပါ​စေနဲ့

ဘယ်အနမ်းနဲ့မှ
ရှင်​သန်​ခြင်း အထ မ​မြောက်​ပါ​စေနဲ့

ဘယ်​ အပြုံးနဲ့မှ
နှလုံးကြည်​​မွေ့ ​အေးချမ်းခြင်း နမိတ်​ မထင်​ပါ​စေနဲ့

တစ်​စက္ကန့်​ မကြာ အိပ်​စက် ​မ​ပျော်​သာပဲ
လိပ်​ပြာမလှ အိပ်​ရာက နိုးထရပါ​စေ ..... ။

May Kha

No comments

Powered by Blogger.