မိန်းမမာယာ သဲကိုးဖျာ ယောင်္ကျားဖျင်ခေါင်း သဲကိုးသောင်း
မိန်းမမာယာ သဲကိုးဖြာ ယောင်္ကျားဖျင်ခေါင်း သဲကိုးသောင်း ဆိုပြီး ဒီမနက် စာလေးတစ်ကြောင်း ဖတ်လိုက်ရတော့ ဥာဏ်ကောင်းခဲ့တဲ့ သူငယ်ချင်းတွေကို သွား သတိရတယ်။
အိမ်ထောင် ကျသွားတဲ့ ကျောင်းနေဘက် သူငယ်ချင်း တစ်ယောက် လက်ရှိ သူ့မိန်းမ၊ အဲ့တုန်းကတော့ သူ့ကောင်မလေး ပေါ့ဗျာ။ ညဘက်တွေ အပြင်ထွက်ရင် အချိန် အကန့်အသန့်နဲ့ ထွက်ရတယ်။ ဘယ်အချိန်၊ ဘယ်အချိန် အိမ်ပြန်အရောက် ဆိုတာမျိုးပေါ့ဗျာ။
သိတဲ့အတိုင်း ယောင်္ကျားလေး သူငယ်ချင်း ဆုံပြီ ဆိုရင် စကားတွေက ပြောလို့ မပြီးတော့ဘူး။ အချိန်ကလည်း ကုန်တာ မြန်သကိုး။ ဒီလိုနဲ့ သတ်မှတ်ချိန် ရောက်တော့ သူ့ခမြာ အိမ်ကို အပြေးပြန်ရတယ်။ နာရီဝက်လောက်ဆို ပြန်ပေါ်လာရော။
ဘာသွားလုပ်လည်း ဆိုတော့ အိမ်ပြန်ရောက်ကြောင်း ကောင်မလေးကို ဖုန်းပြောတယ်။ သူ့ကောင်မလေးယုံအောင် အိမ်သာရေ ဆွဲဆွဲချပြရတယ်။ အဲ့လိုလုပ်ပြမှ ဟိုဘက်ကယုံပြီး စိတ်ချလက်ချ အိပ်တယ်။ တစ်ညလုံး သူငယ်ချင်းတွေနဲ့ သူ့အတွက်အချိန်ရသွားတာပေါ့။
ဒီလိုပဲ ခင်ရတဲ့ အကိုကြီးတစ်ယောက် လက်ရှိ သူ့မိန်းမနဲ့ အိမ်ထောင်မပြုခင် အပြင်ထွက်ရင် အိမ်ပြန်ရောက်ကြောင်း အိမ်မှာ တပ်ထားတဲ့ ဝရံတာက ခေါင်းလောင်းကို တီးတီး ပြရတယ်။ ကြာလာတော့ သူလည်း နပ်လာတယ် ထင်ပါ့။
နောက်နေ့ အပြင်သွားတော့ တခါတည်း ခေါင်းလောင်းပါဖြုတ်ပြီး ကားထဲ ထည့်ထားလိုက်ရော။ စားသောက်နေရင်း ကားပေါ် အပြေးတက် စက်လေးနိုးပြ ပေါ့ဗျာ။ သဘောကတော့ ပြန်နေပြီပေါ့။ ၁၅ မိနစ်လောက်
ကားထဲမှာ ထိုင်ပြီးကြာတော့ အိမ်ရောက်ပြီပေါ့။
ဝရံတာက တခါတည်း ဖြုတ်လာတဲ့ ခေါင်းလောင်းလေး တီးပြ ယုံပြီလား အိပ်တော့မယ်။ အခုကျတော့ ဒါလေးတွေက အမှတ်တရတွေပေါ့ဗျာ။ အဲ့လိုချပြရင် တချို့မိန်းမတွေက တွေးမယ်။ ယောင်္ကျားတွေ မကောင်းဘူး လိမ်တယ် ဘာညာပေါ့။
ကျွန်တော်ကတော့ ဒါကို လိမ်တယ်လို့တော့ မမြင်ဘူးဗျ။ ကိုယ်ချစ်တဲ့ ကောင်မလေးတွေရဲ့ သူတို့စိတ်ထဲမှာ ရှိတဲ့ အလိုမကျမှုကို အလိုကျအောင် ဖန်တီးဖြည့်ဆည်း ပေးလိုက်တာလို့ မြင်တယ်။ တကယ်တမ်းလည်း ကျွန်တော်တို့ဆုံနေတဲ့ အချိန်မှာ ဘီယာဝိုင်းမှာ စကားပြောဆိုတာက လွဲလို့ ဘာမှ မရှိဘူးဗျ။
အဲ့လိုလုပ်ခဲ့တဲ့ ကျွန်တော့် သူငယ်ချင်းတွေ အကုန်လုံး သူတို့ချစ်တဲ့ အဲ့ကောင်မလေးနဲ့ပဲ သစ္စာရှိရှိ အိမ်ထောင်ကျပြီး ခုကလေးတွေတောင် ရကုန်ပြီ။ ဒါတောင် ရှိသေးတယ် ကားပေါ်ရောက်ပြီ ပြန်ပြီ ဆိုပြီး ပြောလို့ ဘာသံမှလည်း မကြားဘူး ဟိုဘက်က ရစ်တော့မှ ပန်ကာရှေ့ သွားပြီး လေသံကြားရအောင် ဖန်တီးတဲ့ အကွက်တွေရှိသေး :3
credit khun nay tun
Post a Comment