Header Ads

မိန်းကလေးတိုင်း သဘောကျတဲ့ ခင်ပွန်းကောင်းဆိုတာ..


မနက်ခင်း အိပ်ယာထတဲ့အခါ “ မင်း နေကောင်းလား၊ ကျန်းမာရေး ဂရုစိုက်နော် ” ဆိုပီး စိုးရိမ်စကား ပြောပေးတတ်သူ။

မနက်စာ စားတဲ့အခါ “ ကော်ဖီ ၁- ခွက် ကို ၂- ယောက် တူတူ သောက်ကြရအောင်ကွာ ” ဆိုပီး မျှဝေခံစားတတ်သူ။

မနက်စာ ပြင်ဆင် (သို့မဟုတ်) စားသောက်ပြီးသောအခါ ပန်းကန်ခွက်ယောက် တွေကို ကူသယ်/ ကူသိမ်း ပေးတတ်သူ။

ထမင်း စားတဲ့အခါ “လက်ရာကတော့ ရှယ်ပဲ… ယောကျာ်း အကြိုက်သိတဲ့ မိန်းမ.. ငယ်ငယ်တုန်းက
စားခဲ့တဲ့ မေမေ့လက် ရာ အတိုင်းဘဲ” ဟု ချီးမွမ်းမြှောက်ပင့် ပြောဆိုတတ်သူ။

အလုပ် သွားခါနီးတိုင်း အိမ်နောက်ဖေးမှာ အလုပ်ရှုပ်နေတတ်တဲ့ ချစ်ဇနီးကို မတွေ့ တွေ့ အောင် ရှာပြီး
“ ချစ်ရေ.. ကို အလုပ် သွားပြီကွာ” လို့  အရေးတယူ နှုတ်ဆက်တတ်သူ (လူလစ်ရင် အနမ်းဖြင့် နှုတ်ဆက် တတ်သူ)

နေ့လယ်ဘက် ထမင်းစားချိန် အားလပ်ချိန်မှာ ဖုန်း (သို့ မဟုတ်) ဖုန်းမတ်ဆေ့ခ်ျဖြင့် “ မိန်းမရေ..
ဘာတွေ လုပ်နေတုန်းကွာ ဒီမှာ ညောင်းနေလို့ ဇက်ကြောလေး လာဆွဲပေးပါဦး ” လို့ အရွှန်းဖောက်တတ်သူ။

အလုပ် ဆင်းတဲ့အချိန် အိမ်အပြန်လမ်းမှာ မိသားစုအတွက် စားစရာလေး ဘာလေးဖြစ်ဖြစ် ၀ယ်လာတတ်သူ။

ညစာစားပြီး “ ချစ် နားပါကွာ… ကိုယ် ပန်းကန်တွေ ဆေးလိုက် မယ်လေ” (တကယ် မဆေးဖြစ်ပေမယ့် ဆေးတော့မယ်ဟန် လုပ်ပြ လိုက်ပါဦး)

မိမိ ကလေးတွေ အိမ်စာလုပ်ပြီး/ မပြီး စာကူ စစ်ပေးတတ်သူ။ အလုပ်မှာ ဘယ်လောက် ပင်ပန်းပင်ပန်း ကလေးတေကို ညအိပ်ရာဝင် ပုံပြင် ပြောပြတတ်သူ။

မိမိရဲ့ အလုပ်နဲ့ ပတ်သက်ပြီး ဇနီးဖြစ်သူကို ကောင်း၏/ ဆိုး၏/ ပျော်၏ /စိတ်ညစ်၏… ရင်ဖွင့် ပြောပြတတ်သူ။

ဇနီးသည်ကို စိတ်ဝင်စားမှု ရှိသူ/ နွေးနွေးထွေးထွေး ပွေ့ ဖက်တတ်သူ (လင့်ဝတ္တရား ကျေပွန်သူ) ဆွေမျိုးများ နဲ့  အပေါင်းသင်း မိတ်ဆွေတွေရှေ့ မှာ ဇနီးသည်ကို ဖေးဖေးမမ ဂရုစိုက်ပြတတ်သူ။

သားသမီးတွေ ရှေ့ မှာ “ မင်းတို့ မေမေက ကျေးဇူးရှိတယ်နော် မေမေ့စကား နားထောင် မေမေ့ကို စိတ်ညစ်အောင် မလုပ် ရဘူး” လို့  မကြာခဏ ပြောပေးတတ်သူ။

ဇနီးသည် အလုပ်ရှုပ် နေတဲ့အခါ ကလေးတွေကို အဖော်ပြု ပေးတတ်သူ။ အလုပ်ပိတ်ရက် တွေမှာ အခါအားလျော်စွာ မိသားစုကို သီးသန့် အချိန်ပေးပြီး အပြင်ထွက် လည်ပတ်ပေးတတ်သူ။

နှစ်ဦးထဲ ရှိနေချိန်မှာ မိမိ ဇနီးကို မကြာခဏ ဆိုသလို “ မင်း ကတော့ ဒို့ မိသားစုအတွက် မရှိမဖြစ်ဘဲကွာ၊ မင်းရှိလို့ သာပေါ့၊ မင်းလည်း တော်တော် ပင်ပန်း နေပြီနော် ” စတဲ့ စကားလေး တခွန်းဖြင့် ကျေးဇူးတင်စကား ပြောပေးဖို့ နှုတ်မနှေးကြပါနဲ့ လို့  သုတေသီများက အကြံပြုထားပါတယ်။

ဒီလို ဂရုစိုက်တဲ့ စကားလေးတွေကြောင့် ဇနီးသည် အတွက် သာမက၊ ခင်ပွန်းဖြစ်သူ အတွက်ပါ အိမ်ထောင်ရေးသုခ ဖြစ်စေမှာပါတဲ့။

ပျော်ရွှင်တဲ့ မိသားစုဘ၀ကို ပိုင်ဆိုင်ကြပါစေလို့ ..

crd to someone

No comments

Powered by Blogger.