Header Ads

ယောင်္ကျားယူပါ...


~~~~~~~~

အလုပ်မှာ မကျေနပ်သမျှ သူ့ကို ဆဲလို့ ရပါတယ်..

ပျော်ရွှင်လာတာရှိရင် သူ့အပေါ် အားရပါးရ ခုန်တက်လို့ ရပါတယ်..

နေမကောင်းခဲ့ရင် အသားကုန်ချွဲ ရေသာခိုလို့ ရပါတယ်..

ထမင်းစားပြီး ပန်းကန်ဆေးဖို့ ပျင်းရင် ခြိမ်းခြောက်ခိုင်း လို့ ရပါတယ်..

ဗိုက်ဆာတဲ့အခါ Mini mart မှာ အတူတူ အသင့်စားလို့ ရတာတွေ ထွက်ဝယ်လို့ ရပါတယ်..

လကုန်လို့ ကိုယ့်လခ မလောက်ရင် သူ့လခကို ရုပ်တည်နဲ့ ကိုယ့်ဟာလုပ်ပစ်လို့ ရပါတယ်..

ကိုရီးယားကား ကြည့်ရင်း မင်းသားကို အသဲယားရင် ဘေးကသူ့ကို ကိုက်လို့ ရပါတယ်..

Fb ပေါ်မှာ မကျေနပ်တဲ့သူ အကြောင်းကို စောဒဂမတက်ပဲ အတင်းပြောသမျှ နားထောင်ပေးပါသေးတယ်..

လကုန်ရင် ဟိုဟာဝယ်ပေးမယ် ဒီဟာဝယ်ပေးမယ် ပြောပြီး ဘာမှ မဝယ်ပေးလည်း ရပါသေးတယ်..

ဒူးရင်းသီး မကြိုက်တတ်ပေမဲ့လည်း နှာခေါင်းရှုံ့ပြီး ဝယ်လာပေးတတ်သူလည်း ဖြစ်ပါသေးတယ်..

ဒါကြောင့် ယောကျာ်း ယူဖြစ်အောင် ယူပါ။ မယူပါက အထက်ပါ ကိစ္စအဝဝများအား ကူကယ်ရာမဲ့စွာ တစ်ယောက်တည်း ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်..

Crd#ဖြူနှင်းဇင်

No comments

Powered by Blogger.